Monday, July 23, 2012

3 မြန်မာအစိုးရ အနေနဲ့ အချိန်မီ ကြိုတင်ပြင်ဆင်ပြီး ထိထိရောက်ရောက် ကာကွယ် တုန့်ပြန်ဖို လိုအပ်နေပြီ

Muslims burn a picture of Burma’s President Thein Sein as they protest in front of the Burmese embassy in Bangkok by 21 June 2012. (Reuters)

Thousands of Rohingya Muslims protest at Burmese embassy in Kuala Lumpur
မြန်မာအစိုးရဘက်က ပြည်ပခိုးဝင် ဘင်္ဂါလီ ရိုဟင်ဂျာ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ အားနည်းချက်တွေ ရှိတာကို သတိပြုမိပါတယ်။ အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ချင်ပုံ ရှိတယ်လို့ ထင်ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ ကောင်းကောင်းကြီး သတိထားစရာတွေ ရှိလို့ အတတ်နိုင်ဆုံး စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး အင်အားစုစည်းထားဖို့ လိုအပ်နေပြီလို့လည်း ထင်ပါတယ်။

အခြားတဖက်မှာဆိုရင် မူဆလင်၊ အစ္စလမ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်သွေးကြွတွေဟာ သူတို့ လုပ်ရပ် မှန်ကန်ကြောင်း သက်သေပြချင်နေတာကြောင့် ပြဿနာ လိုက်ရှာနေချိန် ဖြစ်ပါတယ်။ သူတို့လုပ်ရပ် မှားယွင်းနေတာကို မူဆလင်တွေ အပါအဝင် တကမ္ဘာလုံးက သိနေကြတယ်လို့ ဆိုနိုင်ပါတယ်။

အမေရိကန်၊ ဥရောပ၊ သြစတြေလျ၊ ဂျပန်၊ တောင်ကိုးရီးယား အစရှိတဲ့ နိုင်ငံတွေမှာ မူစလင် စစ်သွေးကြွ အကြမ်းဖက်သမားတွေ ခေါင်းမထောင်နိုင်ပါ။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း စတဲ့ နိုင်ငံတွေမှာလည်း အတော်အတန် ထိန်းကွပ်ထားနိုင်ပါတယ်။ ဒါကြောင့် အလွယ်ကူဆုံး ပစ်မှတ်လို့ ယူဆနိုင်တဲ့ မြန်မာဘက်ကို ဦးတည်လာနေတာလို့ တွေးဆမိပါတယ်။

ဘင်္ဂလီ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေအပေါ် မြန်မာနိုင်ငံသားတွေရဲ့ နိုးကြားစွာ တုန့်ပြန်မှုက အားရစရာကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အချုပ်အခြာကိုပါ ထိခိုက်လာနေတဲ့အတွက် ဒီလောက်နဲ့တင် မလုံလောက်ပါဘူး။

မြန်မာအစိုးရကိုယ်တိုင် နိုင်ငံတကာ အတိုင်းအတာအနေနဲ့ တက်တက်ကြွကြွ ပိုမို ပူးပေါင်းဆောင်ရွက်တာ၊ မြန်မာပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးကို စီမံလုပ်ဆောင်ပေးနိုင်ရင် ကောင်းမယ်လို့ ယူဆပါတယ်။ အချိန်မီ ကြိုတင်ပြင်ဆင်ပြီး ထိထိရောက်ရောက် ကာကွယ် တုန့်ပြန်ဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

လွင်အောင်စိုး

၂၃-၇-၂ဝ၁၂

3 comments:

  1. မြန်မာအစိုးရအဆက်ဆက်က ဘင်္ဂါလီများ ခိုးဝင်လာနေတာကို မသိကျိုးကျွန်ပြုနေခဲ့တဲ့ အကျိုးဆက်များဖြစ်ပါသည်။
    အစိုးရပိုင်မီဒီယာကလဲ သတင်းထုတ်ပြန်နိုင်မှု လွန်စွာအားနည်းပါသည်။
    ထိုင်းအစိုးရနှင့် နိုင်ငံ့ဥသျှောင်များမှာ မူဆလင်ပြဿနာကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်သည်ကို သတင်းများမှ လေ့လာတွေ့ရှိရပါသည်။
    မြန်မာအစိုးရအနေနှင့် မယောင်ရာတွေမှာ ဆီလူးမနေဘဲ ဘင်္ဂါလီမူဆလင်ကိစ္စကို အာရုံစိုက်ပြီး ပြည်သူတို့ အကူအညီနှင့် ဖြေရှင်းသင့်ပါသည်။

    ReplyDelete
  2. ထိပ်တိုက်ရင်ဆိုင်မူများကိုရှောင်ရှားပြီး media များအသုံးချပြီး။နိုင်ငံတကာမှအဖြစ်မှန်သမိုင်းသိရအောင်ပြည်သူသဘောထားထုတ်ဖေါ်ပွဲဖြင့်ကျယ်ပြန့်စွာတုံ့ပြန်သင့်ပါတယ်။ မြစ်ဆုံအရေးလိုဘဲသမတကြီး၊လူထု၊ပါတီများအားလုံးညီညွတ်မူဖြင့်နောက်တကြီမ်ထပ်ပြီးစည်းလုံးညီညွတ်ကြပါအုန်းစို့။

    ReplyDelete
  3. i think government concern in this problem

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.