Saturday, December 11, 2010

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပသော (၆၂)နှစ်မြောက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့(သတင်းဓာတ်ပုံများ)


ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရွှေဂုံတိုင်မြို့နယ်ရှိ NLD ရုံးတွင် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား မိသားစုများ တွေ့ဆုံခဲ့သည်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ဆုံးရှုံးနေရတဲ့ လူ့အခွင့်အရေးတွေ ပိုမိုသိမြင်လာအောင်နဲ့ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားထောင်ပြီး အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွားရမလဲ ဆိုတဲ့နည်းလမ်းတွေ ရှာဖို့ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို ကူညီနိုင်ဖို့အတွက် NLD ဘက်က အကူညီပေးရေးလုပ်ငန်းတွေ စတင်အကောင်အထည် ဖော်နေပြီလို့ ပြောပါတယ်။ မနေ့ကကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို NLD ခေါင်းဆောင်တွေ၊ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံအကျဉ်သား မိသားစုဝင် ၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစုများ အပါအဝင် လူမှုရေး လုပ်ငန်းများ၌ ထောက်ပံ့ ကူညီရန် ရန်ပုံငွေ ရှာဖွေသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လက်ရာ ကွန်ပျူတာ ပန်းချီကားများကို ပို့စ်ကတ်အဖြစ် ထုတ်ဝေ၍ တခု ကျပ် ၁၀၀၀ ဖြင့် စတင် ရောင်းချနေပြီဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ- Reuters ဒီမိုဝေယံ (ပြည်တွင်း)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.