Tuesday, January 1, 2013

0 ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ရန်ကုန်မြို့ မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ







ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့ မဟာမန္ဒုလပန်းခြံရှေ့မှာ သည်နေ့ပြုလုပ်ပါတယ်။ "စစ်ဘေးသင့် ပြည်သူများ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိစေရေး"စာသားများဖြင့် ဆန္ဒဖော်ထုတ် ဆုတောင်းခြင်း ၊သံဃာတော်များက သြဝါဒစကား မိန့်ကြားကာ မေတ္တာသုတ် ရွတ်ဖတ်ခြင်း ၊
နှစ်သစ်ကူးငြိမ်းချမ်းရေး ဆုတောင်းလွှာ ဖတ်ကြားပြီးငြိမ်းချမ်းရေး သီချင်းနှင့် ကဗျာများ သီဆို ရွတ်ဖတ်ခြင်း
၊ ဖယောင်းတိုင်များဖြင့် စီတန်း လှည့်လည်ကာ ငြိမ်းချမ်းရေး အမှတ်တံဆိပ်ကို ဖယောင်းတိုင်များဖြင့် ပုံဖော်ခြင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တာဝန်ခံများကလည်း ငြိမ်းချမ်းရေး ဆုတောင်း စကားများ ပြောကြားပြီး လူစုခွဲမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ အစီအစဉ် အရသိရသည်။

ဓါတ်ပုံ-မော်ဒန်ဂျာနယ် —
The voice weekly

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.