Monday, December 31, 2012

0 “ရှေ့ မှာ၂၀၁၃၊ထပ်ပြုံးလိုက်စို့ လားအမေ...” -
ရေးသူ-ကိုမျိုး(မြန်မာစာ)

ပြုံးရင်လှပါတယ်အမေ....။
အမေလည်းပြုံး၊သားလည်းပြုံးလို့ 
အပြုံးကိုယ်စီနဲ့ (သားတို့ )
ကြိုခဲ့တဲ့နှစ်(၂၀၁၂)
ဘာတွေပဲဖြစ်ဖြစ်
(အပြုံးနဲ့ ကြိုနိုင်ခဲ့သလို )
အပြုံးနဲ့ ပဲလက်ပြ
နှုတ်ဆက်ချန်ထားလိုက်နိုင်မှ
ရှေ့ မှာ၂၀၁၃
သားတို့ ထပ်ပြုံးနိုင်မှာမဟုတ်လားအမေ...။
(ဘာတွေပဲဖြစ်ဖြစ် )
ပြုံးရင်လှပါတယ်အမေ....။

- ကိုမျိုး(မြန်မာစာ)

[၂၀၁၂ကိုနှစ်သစ်ကြိုအပြုံးကဗျာနဲ့ 
နှစ်သစ်ကြိုအမေ့ကိုဂုဏ်ပြုခဲ့သလို
၂၀၁၃ကိုလည်းနှစ်သစ်ကြိုကဗျာနဲ့ 
အမေ့ကိုဂုဏ်ပြုလိုက်ရပါကြောင်း]

- graphic design: ko myoe

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.