Saturday, December 8, 2012

0 အမျိုးသားနေ့တွင် သံဃာတော်များ လက်ပံတောင်းပြဿနာအား တိကျသော အဖြေမပေးသဖြင့် လမ်းလျှောက်ဆန္ဒထုတ် ဖော်မည်

လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍တောင်းဆိုမှုများကို အကြိမ် ကြိမ် ပြုလုပ်ခဲ့သော်လည်း ထူးခြားမှု မရှိသဖြင့် ဒီဇင်ဘာ၈ ရက် အမျိုးသားနေ့တွင် အိမ်တော်ရာဘုးရားမှ စတင်ကာ သံဃာတော်များစီတန်းလှည့်လည် ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ခြင်းကို မပြုလုပ်ရန်အတွက် တားမြစ်ခြင်းများ ရှိသော်လည်း တိကျသော အကြောင်းပြန်ကြားခြင်း မပြု သဖြင့် ယခုကဲ့သို့ ထပ်မံပြုလုပ်ခြင်း ဖြစ်သည်ဟု ဆရာတော် ဦးသောဘိသထံမှ သိရသည်။

"ဆန္ဒဖော်ထုတ်တာတွေကို မလုပ်တော့ဖို့ ဒီနေ့ညခုနှစ်နာရီလောက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ပြီး ပြောတယ်။ သူတို့ အနေနဲ့ သံဃာမဟာနယကအဖွဲ့ကိုလည်း ပြောပြီးပြီ။ ဆေးဝါးကုသမှုတွေ ကိုလည်း အဆင်ပြေ အောင် လုပ်ပေးပြီးတဲ့အတွက် ဆက်မလုပ်ဖို့ ပြောပေမယ့် လက်မခံခဲ့ပါဘူး" ဟု ခေါ်ယူ တွေ့ဆုံခဲ့စဉ် ပါဝင်ခဲ့သော ဆရာတော် တစ်ပါးက မိန့်ကြားခဲ့သည်။

ထို့ကြောင့် ဒီဇင်ဘာ၈ရက်နေ နေ့လည် ၁နာရီတွင်အိမ်တော်ရာဘုရားမှ စတင်ကာ ၂၆ဘီလမ်းအတိုင်းအရှေ့သို့တက်ကာ ၈၄လမ်းမှ အနောက်သို့ပြန်ဆင်း၍ သကျသီဟဘုရားဘက်သို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။

မျိုးသန့်(မြန်မာ့ခေတ်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.