Saturday, December 8, 2012

1 ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနဆိုင်ရာငွေကြေးများ အလွဲသုံး စားပြုနေကြောင်း အသိပေးဖော်ပြချက်

နိုင်ငံတော် သမ္မတကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များမှ လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေကြပြီဖြစ်သဖြင့် သန့်ရှင်းသောအစိုးရအဖြစ်ရပ် တည်မည်ဟု ကြွေးကြော်ကာ လုပ်ငန်းများကို အကောင်အထည်ဖော်၍ ဆောင်ရွက်လျှက်ရှိရာ ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုကို အဓီကထားစစ်ဆေးဖော်ထုတ်အရေးယူလျှက်ရှိသည်ကို မီဒိယာများမှတဆင့် ကြားသိ ရပါသည်။

အောက်ခြေ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူကင်းရှင်းရေးအတွက် ၀န်ထမ်းများအား ခံဝန်လက်မှတ်ရေးထိုးစေ ပြီး အထက်လူကြီး၏ တပည့်များမှာတော့ မည်သူကိုမှဂရုမစိုက်ဘဲ လူကြီးအတွက်ဆိုကာ ပြောင်ပြောင်တင်း တင်းပင် လာဘ်ယူမှုများ၊ အလွဲသုံးစားမှုများ ပြုလုပ်နေကြပါသည်။

အမည်နှင့်တကွအတိအကျဆိုရလျှင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၏ တပည့်များဖြစ်သော ပဲခူးမြို့နယ်စည် ပင်သာယာရေးအဖွဲ့ ဒုတိယညွန်ကြားရေးမှူး ဦးမိုးကျော်နှင့် ဈေးများကြီးကြပ်ရေးမှူး ဒုဦးစီး ခိုင်လျန်ထန် ဆိုသူ တို့မှာ ပဲခူးမြို့ရှိ တရားမ၀င်ကျူးကျော်ဈေးများဖြစ်သော အင်းဝင်ဈေး၊ ဘူတာဈေး၊ ပြင်စီဈေးနှင့် မှော်ကန်ဈေး များမှ ဈေးသူဈေးသားများမှ တရာမ၀င်ငွေများကောက်ခံပြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၏ ကျောက်တန်း ကျေးရွာရှိခြံနှင့် ဘုလယ်အင်းကျေးရွာရှိ ခြံများတွင် သုံးစွဲလျှက်ရှိပါသည်။ ထို့အပြင် ဦးသိန်းညွန့်၏ ခြံများတွင် မြီု့နယ်စည်ပင်မှ ၀န်ထမ်းများနှင့် ပြင်ပအလုပ်သမားများကို ငှားရမ်းပြီး ခြံလုပ်ငန်းများကို လုပ်ကိုင်စေပါသည်။ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ
လစာရိက္ခာများ ထောက်ပံ့ပေးနေရပါသည်။ ဈေး ဒုဦးစီးမှ ပဲခူးမြို့မဈေး ကြီးတွင် တပ်ဆင်ထားသော တယ်လီဖုံးများမှ အခွန်အခများကိုကောက်ခံပြီး ငွေသိန်း(၁၀၀)ကျော်အား အိမ် ဆောက်ခြင်း၊ ခြံဝယ်ခြင်းဖြင့် အလွဲသုံးစားများ ပြုလုပ်ထားပါသည်။ ယခုကဲ့သို့ လုပ်ကိုင်နေကြခြင်းမှာ ပြည်သူ များထံမှ တရားမ၀င်ငွေများ ကောက်ခံပြီး အလွဲသုံးစားလုပ်နေကြခြင်း မဟုတ်ပါလော…။ လူကြီးများကိုယ်တိုင် လာဘ်ပေးလာဘ်ယူမလုပ်ရ ကြွေးကြော်နေကြသော်လည်း လူကြီးတပည့်များ လာဘ်ယူပြီါ် လူကြီးကိုယ်ပိုင် လုပ်ငန်းများတွင် သုံးနေကြသည်မှာ တရားဝင်ပါသလော…။ ၀န်ကြီး ဦးသိန်းညွန့်ခြံမှ ထွက်သော နာမည်ကြီး သရက်သီး၊ သံပုရာသီး၊ ပိန္နဲသီးနှင့် နာနက်သီများကိုလည်း ဈေးခေါင်းများအား ခွဲတမ်းချ၍ ဈေးများတွင် ရောင်းချစေခိုင်းခဲ့ပါသည်။

ပဲခူးမြို့ရှိတရားဝင်ဈေးများဖြစ်သော ရွှေဟင်္သာဈေး၊ မှော်ကန်ဈေး၊အလင်းရောင်ဈေးတို့မှအခွန်အကောက်များမှာလည်း ကောက်ခံပြီး ဌာနသို့မသွင်းဘဲ ဈေးအရာရှိမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၏ ခြံစရိတ်များအဖြစ် အသုံးပြုနေသည်မှာ ဌာနငွေကို အလွဲသုံးစားပြုရာရောက်ပါသည်။ မြို့နယ်စည်ပင်သာရေးအဖွဲ့မှ မြို့သန့်ရှင်း ရေးအတွက် အမှိုက်သိမ်းယာဉ်းများကို လောင်စာဆီလုံလောက်အောင်မပေးပဲ ၀န်ကြီးဦးသိန်းညွန့်၏ ခြံအ တွက်ကျတော့ လောင်စာဆီကို တစ်လျှင် ဂါလံ(၅၀/၆၀) ပုံမှန်ပေးနေရသဖြင့် ပဲခူးမြို့ပေါ်တွင် အမှိုက်များစုံပုံနေ ပါသည်။ မြို့အင်္ဂါရပ်နှင့် မညီတော့ပါ။

စည်ပင်မြေကိုကျူးကျော်၍ တည်ဆောက်ထားသော ပဲခူးမြို့ သနပ်ပင်လမ်းတလျှောက်ရှိ တရားမ၀င်ဆိုင်ကယ် ရောင်းချနေသော ဆိုင်ကယ်ဆိုင်များမှလည်း တစ်ဆိုင်လျှင် (၆)သိန်းကျပ်စီ ကောက်ခံပြီး ဒုဦးစီး ခိုင်လျန်ထန် နှင့် ဒုတိယ်ညွန်ကြားရေးမှူးတို့မှ ကိုယ်ကျိုးသုံးစွဲနေသဖြင့် လိုင်စင်မဲ့ဆိုင်ကယ်များကို တရားဝင်ဆိုင်ခန်းများသ ဖွယ် ပြောင်ပြောင်တင်းတင်းရောင်းချနေခြင်းသည် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အဂတိလိုက်စားမှုများကြောင့်ပင်ဖြစ်သည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ထင်ရာဆိုင်နေသော ပဲခူးမြို့နယ်စည်ပင်ယာရေးအဖွဲ့မှ ညွန်ကြားရေးမှူး၊ ဒုတိယညွန်ကြားရေးမှူးနှင့် ဒုဥိးစီးတို့မှ ဌာနဆိုင်ရာငွေကြေးများ အလွဲသုံးစားပြုနေသည်ကို အများပြည်သူသိရှိစေရန် အသိပေးဖော်ပြအပ်ပါသည်။

ပဲခူးမြို့သူ/မြို့သားများ

Ko shin

1 comment:

  1. လှည်းကူးမှာလည်းထိုနည်း၎င်း

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.