Saturday, December 8, 2012

0 ခရမ်းသားများ၏ အမှန်တရားအတွက် မကြောက်တရား

ဗိုလ်ချုပ်ကြေးရုပ် ခန့်ခန့်ညားညား မီးလင်းထွန်းညှိနိုင်ရန် စွမ်းဆောင်ခဲ့ကြသော ခေတ်ဆန်းလူငယ် စာကြည့်တိုက်လူငယ် များ(ခရမ်းမြို့)အား ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

မှောင်မဲနေသော ဗိုလ်ချုပ်ကြေးရုပ် မီးလင်းတော့မည်။ကျနော်တို့ ခေတ်ဆန်းလူငယ်စာကြည့်တိုက်မှ့လူငယ်များမှ့ ၇.၁၂.၂၀၁၂ နေ့တွင် မီးထွန်းပါတော့မည်။လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် မီးထွန်းရန် အချိန် ၁လ ခန့်ကြာမြင့်စွာ လုပ်ဆောင်ရပါသည်။

အသက်မရှိတော့သော ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ရဲ့ ကြေးရုပ်ကို မီးလင်းစေရန် အခက်အခဲများစွာကို ကြိုးစား ကျော်ဖြတ်နေရပါသည်။

ခရမ်းမြို့၏ မြို့လယ်တွင် မားမားမတ်မတ် တည်ရှိနေသည့်ဗိုလ်ချုပ်ကြေးရုပ်ကို မီးလင်းစေဖို့ အဆင့်ဆင့်သော ဌာန ဆိုင်ရာများတွင် ခွင့်ပြုပေးရန် တင်ပြ၊ ပြောဆိုနေရသည်မှာ အချိန် ၁ လခန့်နောက်ကျခဲ့ရပါသည်။

ထို့ကြောင့်ကိုယ်မြို့၊ ကိုယ်ရွာ ဖွံ့ဖြိုးတိုးတက် စေဖို့ ကိုယ့်မြို့သားတွေမှာ တာဝန်ရှိပါတယ်။ဌာနဆိုင်ရာဆိုသူများ က ဧည့်သည်တွေပါ၊ အချိန်တန်ရင် ကိုယ်နေရာကိုယ်ပြန်ရတာတွေပါ။

ထို့ကြောင့် ဒီမိုကရေစီခရီးလမ်းမှာ ဒီလို ကိစ္စလေးတွေက အစ နောက်ပြန်ဆွဲနေသလိုမျိုး လုပ်ဆောင်နေမယ်ဆိုရင် အရမ်းကို ရုပ်ဆိုးလွန်းလှပါတယ်။

နောက်ဆုံးအနေနဲ့ ပြောလိုသည်မှာ ခွင့်ပြုမိန့်ပေးချင်ပေး၊ မပေးချင်နေ၊ကျနော်တို့ ခေတ်ဆန်းလူငယ်စာကြည့်တိုက်လူငယ်များမှ့ ၇.၁၂.၂၀၁၂ သောကြာ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား မီးထွန်းပါမည်။

ဖမ်းတာက ဌာနဆိုင်ရာတွေ ရဲ့ အလုပ်ပါ။ ကိုယ်မြို့တိုးတက်စေဖို့က ကျနော်တို့ ခရမ်းသားတွေရဲ့ အလုပ်ပါ။

မှတ်ချက်။ စိန်ခေါ်ခြင်းမဟုတ်ပါ….မကြောက်ခြင်းဖြစ်ပါတယ်။
ခေတ်ဆန်းလူငယ်စာကြည့်တိုက်လူငယ်များ( ခရမ်းမြို့ )

ဇေယျာဦး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.