Saturday, July 18, 2009

0 Gtalk chat window ထဲမှာပဲ နအဖ banထားတဲ့ Youtube Video ကြည့်မယ်....


နအဖက က Ban ထားတဲ့ ဗွီဒီယို (hosting) ဆိုက်တစ်ခုဖြစ်တဲ့ www.youtube.com ကဗွီဒီယိုတွေကို မြန်မာပြည်ကလူတွေကြည့်လို့ရအောင် Gtalk Chat window ထဲမှာပဲတစ်ခါထဲပြလိုက်လို့ရတဲ့ ဆော့ဖ်ဝဲလေးကိုတွေ့မိလို့ တင်လိုက်ပါတယ်။ မြန်မာပြည်တွင်းကလူတွေလည်း ဒီဆော့ဝယ်ကို ဒေါင်းလုပ်လုပ်မှ ကြည့် ရူနိုင်မည်ဖြစ်ပါသည်။
ဒီနေရာမှာ
Image Hosting by Picoodle.com


smileys,radio channels,TV news channel,google video,youtube video အစရှိတဲ့ features တွေအားလုံးကို Gtalk chat window ထဲ မှာပဲတစ်ခါထဲအသုံးပြုလို့ရအောင်တီထွင်သူကတီထွင်လိုက်ပါပြီ....

၎င်းဆော့ဖ်ဝဲမှာ winrar ဖြင့် ပြုလုပ်ထားသော .rar ဖိုင်လ်ဖြစ်၍မိမိကွန်ပျုတာမှာwinrar ဆော့ဖ်ဝဲရှိဖို့တော့ လိုအပ်ပါတယ်။ မရှိခဲ့လျှင်တော့ ဒီမှာဒေါင်းလုပ်အရင်လုပ်ဖို့လိုအပ်ပါမယ်...ပြီးလျှင်တော့ ပထမဦးစွာလိုအပ်တဲ့ Gtheme version 2.0 ဆော့ဖ်ဝဲကို အရင်ဒေါင်းလုပ်လုပ်ရပါမယ်။ပြီးရင်တော့အင်စတောလုပ်ဖို့အတွက်
၎င်း Gtheme.rar ဖိုင်လ်ကိုဖြည်ရပါမယ်....ဒုတိယအဆင့်အနေနဲ့ install.exe ဆိုတဲ့ဖိုင်လ်ကို Run ရပါမယ်...

ပြီးလျှင့် Gtalk ရှိ chat နေသည့်ဝင်းဒိုးများအားလုံးအားအရင်ပိတ်ရပါမယ်။ထို့နောက် Gtalk Main Winodow မှာရှိသည့် setting မှတဆင့်appearance သို့သွားပြီးတွေ့ရသည့် Chat Theme များမှ sravi chat theme ကို
ရွေးချယ်လိုက်လျှင် gtheme version 2.0 ကိုအဆင့်ဆင့်ဆောင်ရွက်မှုပြီးဆုံးပြီးဖြစ်ပါတယ်။

Background ပုံကိုမိမိထားလိုသည့်ပုံထားနိုင်ရန်မှာ....Start--->Program-->Gtheme--->change background သို့သွား၍လိုချင်သည့်ပုံကိုရွေးချယ်လိုက်လျှင်အဆင်ပြေပြီဖြစ်ပါတယ်။

မှတ်ချက်။ ။၎င်းပုံ၏အရွယ်အစားမှာ 300 x 225 ဖြစ်လျှင်ပို၍သင့်တော်ပါသည်။

Youtube Video နှင့် google video တို့ကို chat window လေးထဲတွင်ပြချင်လျှင် google video အား


sravi:gvideo: < Google Video Link Here in this Bracket>


You tube video ဆိုလျှင်
sravi:utube:<http://www.youtube.com/watch?v=P6HYimHlj4E>

ဟုမိမိပြချင်သည့်သူအား ၎င်းနှင့်ချက်နေသည့်ဝင်းဒိုးလေးထဲတွင်ရေးထည့်ပေးလိုက်လျှင် ထိုဗွီဒီယိုအားကြည့်ရမည့်သူ၏ ကွန်ပျုတာတွင်လဲ Gtheme version 2.0 အင်စတောလုပ်ထားလျှင် ကြည့်လို့ရပြီဖြစ်ပါတယ်။အထက်က youtube video link နေရာမှာဥပမာထည့်ပေးထားတဲ့ဗွီဒီယို့လင့်ကတော့ Chris Brownရဲ့withyouဆိုတဲ့သီချင်းဗွီဒီယိုလေးဖြစ်ပါတယ်...လင့်ကိုကွင်းစကွင်းပိတ်လဲလိုအပ်ပါတယ်....
ဒါမှအလုပ်လုပ်မှာဖြစ်ပါတယ်....


Smileys ခေါ် Emoticons များအသုံးပြုချင်လျှင်တော့အထက်မှ Gtheme.rar file ကိုဖြည်ချချိန်တွင်ပါသော readme.txt ဖိုင်လ်အားဖွင့်ကြည့်လျှင်၎င်းဖိုင်လ်ထဲတွင်ရှိသမျှ Gtheme features များကိုအသုံးပြုနိုင်ရန်
လမ်းညွှန်ပြထားပါတယ်။

Credit = Ravi Sharma

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.