Friday, April 20, 2012

0 အရှင်ဂမ္ဘီရ လူဝတ်လဲ

An-ahsin gambia to ko nyi nyi lwin 19042012 by dvbradio၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင် သံဃာအ​ရေး​အခင်း​မှာ ဦး​ဆောင်ခဲ့​မှုနဲ့ ထောင်ဒဏ် ၆၃ နှစ် ကျခံခဲ့​ရာက မကြာသေး​မီက လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့ ပြန်လည်လွတ်​မြောက်လာတဲ့​ ကိုညီညီလွင် (အရှင်ဂမ္ဘီရ ဟာ ပြီး​ခဲ့​တဲ့​ နှစ်ဆန်း​ ၁ ရက်​နေ့က လူဝတ်လဲလိုက်ပြီလို့​ပြောပါတယ်။

လွတ်လွတ်လပ်လပ်​နေချင်လို့​ လူဝတ်လဲလိုက်တာဖြစ်ပြီး​ မိတ္ထီလာမြို့ မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့​ မိဘ​တွေရဲ့​ ​နေအိမ်မှာပဲ ​နေထိုင်တယ်လို့ကိုညီညီလွင်က ​ပြောပါတယ်။

လူထွက်လိုက်တာဟာ အပြီး​ထွက်လိုက်တာဖြစ်ပြီး​ အပြင်မှာ ဘာ​တွေလုပ်ကိုင်စား​သောက်မယ်ဆိုတာ​တော့​ တိတိကျကျ မဆုံး​ဖြတ်ရ​သေး​ဘူး​လို့ ဆိုပါတယ်။

ကိုညီညီလွင် ​ခေါ်အရှင်ဂမ္ဘီရ ဟာ သာသနာ​ဘောင်မှာ ၁၃ ဝါ​နေထိုင်ခဲ့​တယ်လို့​ ​ပြောပါတယ်။

dvb

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.