Thursday, September 17, 2009

0 ဂျပန်၏သေဒဏ်စံနစ်

ဝမ်းအိုဝမ်း
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် လူ့အခွင့်အရေးအဖွဲ့ကြီး (Amnesty International) ၏ ပြောဆိုချက်အရ သေဒဏ်ကျခံအကျဉ်းသားများမှာ ဆိုးရွားသောအခြေအနေ များကြောင့် စိတ်ကယောင်ခြောက်ခြားဖြစ်သော ဝေဒနာများခံစားလာရကြောင်း သိရှိရသည်။ နောက်ပိုင်းတွင် သေဒဏ်စီရင်ချက်ချခံထားသူများကို မြန်မြန်ဆန်ဆန်သုတ်သင်ရန်နှင့် ရဲစုံစမ်းစစ် ဆေးမှု ပြုပြင်မှုများပြုလုပ်ရန်တောင်းဆိုလိုက်သည်။ ဂျပန်နိုင်ငံတွင် သေဒဏ်ကျခံရသူ (၁၀၂)ယောက်ရှိပြီး အများစုမှာ သက်ကြီးရွယ်အိုများဖြစ်၍ ဆယ်စုနှစ်တစ်ခုနီးပါး တိုက်ပိတ်ထား ခြင်းခံထားရသည်။ စိတ်ကျန်းမာရေးချို့ ယွင်းချက်ရှိလျင် သေဒဏ်စီရင်ခွင့်မရှိကြောင်း အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများတွင် ဖေါ်ပြထားသည်။

ဂျပန်တွင် ရာဇ၀တ်မှုများတွင် အပြစ်ထင်ရှားကြောင်း (၉၉%) ရှိသည်ဟု ဆုံးဖြတ်လျင် သေဒဏ်ထိုက်ကြောင်း အများပြည်သူကပါလိုလားထောက်ခံသည်။ ဗြိတိန်အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ဒါရိုက်တာ ကိတ်အယ်လင် ကသေဒဏ်စီရင်မှုများကို ချက်ချင်းရပ်တန့် ပေးရန် ဂျပန်အစိုးရသို့တောင်းဆိုလိုက်သည်။

“ရှက်ဖွယ်ကောင်းတဲ့ သေဒဏ်စီရင်မှုစနစ်ပါပဲ။ နောက်ထပ်ကွပ်မျက်မှုတွေကို အစိုးရ သစ်အနေနဲ့အချိန်ဆွဲမထားသင့်ပါဘူး” ဟု သူမကပြောဆိုခဲ့ပြီး ဆက်လက်၍ ဂျပန်၏သေဒဏ်စနစ် ကို “အသံတိတ်အစိုးရ၊ ထင်ရာစိုင်းခြင်း” စသည်ဖြင့် ဝေဖန်သွားခဲ့သည်။ နာရီအနည်းငယ်မျှဖြင့် သတ်မည့်အကြောင်း အကျဉ်းသားများကို အသိပေးပြောကြားခြင်းမှာလည်း အလွန်ရက်စက်သော အပြုအမူဖြစ်ကြောင်းရှုံ့ ချသည်။

အစီရင်ခံစာအရ အကျဉ်းထောင်တွင် အခြေအနေများကြောင့် သေဒဏ်ကျခံအကျဉ်း သားအများအပြားမှာ စိတ်ပိုင်းဆိုင်ရာချို့ ယွင်းမှုများဖြစ်ပွားလျက်ရှိကြောင်းဆိုသည်။ အစိုးရ၏ လျှို့  ၀ှက်သော တရားစီရင်ရေးစနစ်ကြောင့် အစီရင်ခံစာပြုစုရာတွင် အခက်အခဲများရှိကြောင်းဆိုသည်။ သေဒဏ်ခံအကျဉ်းသားများကို အခြားအကျဉ်းသားများနှင့် စကားပြောခွင့်မရဘဲသီးခြားခွဲ၍ထား သည်။ တစ်ပတ်နှစ်ကြိမ်(သို့)သုံးကြိမ်ပုံမှန်လေ့ကျင့်ခန်းလုပ်ချိန်မှလွဲ၍ အခန်းတွင်းထိုင်နေရုံမှလွဲ၍ လှုပ်ရှားသွားလာခွင့်မပြုပေ။ ထို့ကြောင့် သူတို့တွင် စိတ်ဝေဒနာများခံစားလာရပြီးဂယောင်ခြောက် ခြားဖြစ်လာကြသည် ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။

ဂျပန်ရာဇ၀တ်ပြစ်မှုစီရင်ထုံးအရ သေဒဏ်ကျခံရသူတွင်စိတ်ရောဂါရှိနေပါက တရားစီရင်ရေးဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် ဆက်လက် ထားရှိရမည်ဖြစ်၏။ သို့သော် ဆိုးဝါးသောအခြေအနေများနှင့်ကာလရှည်လျားစွာ အထီးတည်းချုပ် နှောင်ထားမှုတို့ကြောင့် စိတ်ရောဂါလက္ခဏာများရရှိလာသည့်အကျဉ်းသားများကို ကွပ်မျက်မှုများရှိ နေသည်ဟု အဆိုပါအဖွဲ့က ပြောကြားသည်။ ၂၀၀၆ ဇန်န၀ါရီလမှ ၂၀၀၉ ဇန်န၀ါရီလအတွင်း အ သက်(၆၀)ကျော်(၁၇)ဦးပါဝင်ပြီး စုစုပေါင်း (၃၅)ဦးကိုကွပ်မျက်ခဲ့သည်ဟု ဆိုသည်။ (၅)ဦးမှာ အ သက်(၇၀)တွင်းရှိလူများဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး သေဒဏ်စီရင်ခံရသူများဖြစ်ကြသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.