Saturday, September 19, 2009

0 တကယ်တိုးတက်မှုကို ပြချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကယ့်အရေးပါလှတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံးလွှတ်သင့်

အင်းစိန်ထောင်ရှေ့မြင်ကွင်းများ
နအဖ ဝန်ကြီးချုပ် က နယူးယောက်မှာကျင်းပမဲ့ ကုလညီလာခံကို သွားတက်တော့မှာဖြစ်လို.ပါ။

ကမ္ဘာကတောင်းဆိုထားတာက နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို.ပါ။ မြန်မာပြည်က ဝန်ကြီးချုပ်သွားရင် နိုင်ငံတကာက ဝိုင်းထောင်းမှာကို ကြိုပြီးကာတဲ့အနေနဲ. အကျဉ်းသားတွေကို လွှတ်တာပါ။

နိုင်ငံသား အကျဉ်းသားလို.ပဲ ဆိုလိုတာပါခင်ဗျာ။ သူ.အရှေ့မှာ နိုင်ငံရေး လို.မပါ ပါဘူး။ အဲ့သဟာလေးကို သတိချပ်ပေးပါ။ အများဆုံးလွတ်မှာက သူခိုး ၊ ဂျပိုး ၊ လူသတ်မှုနဲ. နှစ်ရှည်ထောင်ကျနေတဲ့ သူတွေပါ။

အခုလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ လွတ်ရက်ကျော်၊ လွတ်ခါနီးတွေ အများစုပါဝင်ပြီး ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်၊တိုင်းရင်းသားခေါင်းဆောင်၊နိုင်ငံရေးခေါင်းဆောင်၊သံဃာခေါင်းဆောင်တွေပါမလာဘူးလို့သိရပါတယ်။

အခုလိုလွှတ်လိုက်တာက နအဖ၀န်ကြီးချုပ် ကုလသမဂ္ဂအစည်းအဝေးကို တက်ခါနီးအချိန်နဲ့ အချိန်ကိုက်လွှတ်ကာဖြစ်ပြီး တကယ်တိုးတက်မှုကို ပြချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကယ့်အရေးပါလှတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံးလွှတ်သင့်ပါတယ်လို့ ဦးဝင်းတင်က မှတ်ချတ်ချကြောင်းသိရှိရပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.