Wednesday, September 16, 2009

0 အင်တာနက်သုံးတဲ့ မြန်မာအမျိုးသမီးများသတိထားရန်


ဘန်းကျော်မှာ အင်တာနက်သုံးတဲ့ အမျိုးသမီးများနဲ့  အွန်လိုင်းပေါ်မှာ ရင်းနှီးအောင်လုပ်၊ ရင်းနှီးသွားတော့ ဓါတ်ပုံတွေတောင်းတာတို့ ၊ အပြင်မှာ လူချင်းချိန်းတွေ့ ပြီးကွယ်ရာက နေနှစ်ယောက်တွေ့ နေပုံကိုဓါတ်ပုံခိုးရိုက်တာတို့ ၊ ရရှိတဲ့ဓါတ်ပုံများကို ကွန်ပြူတာနဲ့ လိုသလိုပြုပြင်ဖန်တီးပြီး ခြိမ်းခြောက်ငွေတောင်းခံတာတို့ ပြုလုပ်နေကြောင်း၊ The Myanmar Post ဂျာနယ်သတင်းထဲမှာ ပါလာပါတယ်။

မြန်မာအမျိုးသမီးများကလဲ ရှက်တတ်၊ ကြောက်တတ်၊ အယုံလွယ်တတ်တော့လူယုတ်မာတွေအတွက် အကွက်ကောင်းဖြစ်နေတယ်ထင်ပါ့ဗျာ။ ဒါပေမယ့် လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာ
ဆိုသလိုအမျိုးသမီးများဖက်ကလဲ မဖြစ်ခင်ကကြိုတင်ရှောင်ရှားဖို့ လိုပါတယ်။ မီးဆိုတာမလောင်ခင်တား မှပျက်စီးဆုံးရှုံးမှုနည်းမှာဖြစ်လို့  ကိုယ်နဲ့ မသိတဲ့သူတယောက်ယောက်က ဂျီတော့ ထဲမှာ invite လုပ်ရင်လက်မခံဖို့ ၊ VZO သုံးရင်လဲ webcam ကိုပိတ်ထားဖို့ သတိထားသင့်တယ်ထင်ပါတယ်။ VZO မှာမသိတဲ့လူ
တယောက်ယောက်ကလာခေါ်ရင် webcam ပိတ်ပြီးမှစကားပြန်ပြောသင့်ပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.