Saturday, July 3, 2010

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ စံချိန်မှီ မမှီ



နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် ဓါတ်မှန်ခန်းအား ဆေးခန်း မှတ်ပုံတင် ချပေးရေးအတွက် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သက်ဆိုင်ရာ အရာရှိများနှင့် ကျန်းမာရေးဦးစီး အရာရှိတို့မှ ဆေးခန်းတစ်ခုတွင် ရှိသင့် ရှိထိုက်သည့် စံနှုန်း မှီ မမှီ၊ တားမြစ်ထားသော ထိန်းချုပ်ဆေးဝါးများ အသုံးပြု မပြု၊ ဓါတ်မှန်ခန်းတွင် ဓါတ်မှန်စက်ထားရှိမှု စံချိန်စံညွှန်း မှီ မမှီတို့ကို အဓိကထားကာ ကြည့်ရှုစစ်ဆေးသွား ခဲ့ပါသည်။

၂၀၀၇ ခုနှစ် မတ်လမှ စတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသည် အခမဲ့ ဆေးဝါးကူညီမှု၊ ခွဲစိတ်မှု၊ မျက်စိ၊ အရိုးအကြော၊ ကလေး၊ ကိုယ်ဝန်ဆောင်၊ နား နာခေါင်း လည်ချောင်း၊ အပ်စိုက် အစရှိသည့် ရောဂါဝေဒနာရှင်များအား ကုသိုလ်ဖြစ် ကုသပေးခဲ့ရာ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ လူနာ စုစုပေါင်း (၉၃၉၉၄) ဦးတို့အား အခမဲ့ ကုသပေးခဲ့ပြီး ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်တွင် နေ့စဉ် ပျမ်းမျှလူနာ ၁၅၀ မှ ၂၀၀ အထိ အခမဲ့ ဆေးဝါးကုသ ပေးလျှက်ရှိပါသည်။

ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.