Thursday, January 20, 2011

0 တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ


တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ
      နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ နှစ်သစ်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး လူသားတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နာရေးကိစ္စအ၀၀တို့ကို အင်တိုက်အားတိုက် အရှိန်အဟုန်မြင့်စွာဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နိုင်ရန် သင်းလုံးကျွတ် အစည်းအဝေးပွဲကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ယခု နှစ်သစ် ဇန်န၀ါရီလတွင် ကလေးသူငယ်များ၏ ပညာရေးအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်း များ၊ လူငယ်မျိုးဆက်သစ်များအတွက် အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းများ၊ သုခအလင်း စာကြည့် တိုက်မှလည်း စာပေဗဟုသုတများ ရရှိရန်အတွက်၎င်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှလည်း အများပြည် သူတို့ လှူဒါန်းထားသော မျက်စိခွဲစိတ်ခန်းသုံး အာရုံကြောစမ်းသပ်သည့် စက်ကိရိယာဖြင့် စတင်ကာ အများပြည်သူတို့၏ မျက်စိဝေဒနာများကို အချိန်တိုအတွင်း ကုသပေးလျှက်ရှိသည်။ မျက်စိခွဲစိပ်ခန်း အဆောင်ကိုလည်း ဖွဲ့စည်းတည်ဆောက်လျှက်ရှိသည်။ ဂျပန်နိုင်ငံမှ မှာယူထားသော ခွဲစိတ်ခန်းသုံး ကိရိယာများ ပြည့်စုံမှုရှိပါက ဧပြီလအတွင်း စတင်၍ ဖွင့်လှစ်ခွဲစိပ်မှုများကို ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။ နာရေးနှင့် ပတ်သက်၍လည်း (၉၆) ပါး ရောဂါဝေဒနာများဖြင့် ဘ၀ကူးပြောင်းသွားသော ပြည်တွင်းရှိ (၇) ရက် သားသမီးတို့၏ ရုပ်အလောင်းများကို (အခမဲ့) သယ်ဆောင်သဂြိုလ် ပေးခြင်းတို့ အပြင် နိုင်ငံရပ်ခြား၌ ဆုံးပါးသွားသော ရုပ်အလောင်းများကိုလည်း သယ်ဆောင်သဂြိုလ်ပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။ ထို့အပြင် ရဲမှုခင်းဆိုင်ရာ (ရထားကြိတ်၊ ဆွဲကြိုးချ၊ ရေနစ်၊ လမ်းဘေး) အစရှိသည့် သေဆုံးမှုများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့) ထမ်းရွက် သဂြိုလ် ပေးလျှက်ရှိသည်။
      ထိုသို့ အခမဲ့ ပေးဆပ်ကူညီမှုများရှိသလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လည်း စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် ငွေကြေး၊ နာရေးအထောက်အကူပြု ပစ္စည်းများ၊ စာအုပ်စာပေများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လိုအပ်သော ရုံးသုံးပစ္စည်း ပရိဘောဂများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အသုံးဝင်သော ဆေးဝါးကုသရေးဆိုင်ရာ ဆေးပစ္စည်းများ၊ ဆေးဝါးများ စသဖြင့် လာရောက်လှူဒါန်းမှုများလည်း ရှိခဲ့ပါသည်။
      ထို့ကြောင့် အများပြည်သူတို့အတွက် အများပြည်သူတို့၏ ကောင်းမှုများကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ ဖေးမမှုများတို့သည် တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ အရှိန်အဟုန်မြင့်မားစွာဖြင့် ပေးဆပ်ထမ်းဆောင် လျှက်ရှိပါသည်။ 

ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.