Tuesday, January 18, 2011

0 ပြည်တွင်းစစ်ဖိတ်စာ အိမ်တံခါးပေါက်အထိ ရောက်လာပြီလား။

အစိုးရက စစ်မှုမထမ်းအနေရ အမိန်.ပြဌာန်းချက်တခု ထုတ်ပြန်လိုက်တဲ့အချက်ဟာ လူအများ အထူးသဖြင့် လူငယ်အများစု တုံ.ပြန်စကား ပြောဆို ဆွေးနွေးမှုတွေ ရှိလာခဲ့ပါသည်။ ၂၀၀၈ခုနှစ် လူထုဆန္ဒခံယူပွဲလုပ်မည့် အမိန်.တွေ ၂၀၁၀ ရွေးကောက်ပွဲလုပ်မည့် သတင်းတွေထက် လူငယ်တွေရဲ့ တုံ.ပြန်မှုတွေ ပိုပြီး များပြားခဲ့တာကတော့ အမှန်ပါ။ ပိုပြီး စိတ်ဝင်စားတဲ့အရလဲ ဖြစ်ပါသည်။

ဒါဟာ ပြည်တွင်းစစ်ဖိတ်စာ အိမ်တံးခါးပေါက်တွေအထိ ရောက်လာနေပြီးလားလို တွေးစရာပါ။ အရင်တုန်းကတော့ ပြည်တွင်းစစ်ဖြစ်နေတာ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ စစ်ပွဲတွေ ဖြစ်နေတာ လူအများ သိကြနေပေမည့် ဒီစစ်ပွဲတွေဟာ လူအများနဲ. ဆိုင်တဲ့ ကိစ္စလို. မထင်ကြပါဘူး။

စစ်တိုက်တာ တိုက်ပွဲတွေ ဖြစ်နေတာဟာ စစ်တပ်နဲ. တောတွင်း လက်နက်ကိုင်အဖွဲ.တွေရဲ့ကိစ္စ အဲဒီ သူတွေနဲ.ပဲ ပတ်သက်တဲ့အရာတွေလို. အကြမ်းပြင် လူတွေက ခံယူထား သဘေားထားခဲ့တာပါ။ တချို.ဆို လုံးဝကို ကိုယ်နဲ. မဆိုင်တဲ့အရာလို.တောင် ခံယူထားပုံ ရှိပါသည်။ မပတ်သက်ချင်လဲ ခပ် ကင်းကင်း ဝေးဝေးနေလို.ရခဲ့တာကိုး။

အခုတော့ နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ စစ်ပွဲတွေ မှိုင်းကွင်းတွေဟာ စစ်တပ်ထဲက စစ်သားတွေ တောတွင်းက လက်နက်ကိုင် တပ်တွေနဲ.ပဲ ဆိုင်တာ မဟုတ်ပဲ လူအားလုံး မြန်မာနိုင်ငံသား အားလုံး အထူးသဖြင့် လူငယ်တွေ အားလုံးနဲ. ဆိုင်နေတဲ့ တိုက်ရိုက် ပတ်သက်ရတော့မည့် ကိစ္စလို ဖြစ်သွားတာကြောင့် ပြည်တွင်းစစ် ဖိတ်စာဟာ အိမ်တိုင်ယာရောက် တံခါးလာခေါက်ပြီး အိမ်ပေါက်ဝအထိ ရောက်ရှိလာတဲ့ပြသာနာ အိမ်ရှေ.အထိ ရောက်လာတဲ့ကိစ္စလို ဖြစ်သွားပါတော့သည်။ အဲဒီပြသာနာတွေဟာ လူငယ် အားလုံးရဲ့ ဘ၀နဲ.အသက် ကိုယ်ခန္ဒာတွေကို တနေ.မဟုတ် တနေ. တချိန် မဟုတ် တချိန် တိုက်ရိုက် ခြိမ်းခြောက်မည့် အန္တရာယ် မကောင်းဆိုးဝါးတွေ ဖြစ်လာတော့မည် ဖြစ်ပါသည်။

အရင်တုန်းကလို စစ်ထဲဝင်တာ စစ်သားလုပ်တာဟာ အရာရှိပိုင်းဆိုရင်တော့ အဆက်အသွယ်ရှိတဲ့သူတွေ နီးစပ်တဲ့သူတွေ အတွက် ဖြစ်ပြီး သာမန်ရဲဘော်လေးတွေအဖြစ် စစ်ထဲ ၀င်တဲ့သူတွေဟာ ကျေးလက်ဒေသ တောရွာလေးတွေ နယ်စွန်နယ်ခြားက ရပ်ကွက်ထဲက အလုပ်မရှိ အကိုင်မရှိ ပညာမတတ် စာမတတ် ဆင်းရဲသား ကလေးငယ်တွေပဲ ၀င်တဲ့အရာ သွားကျတဲ့အလုပ်လို. ယေဘူယျ မြင်လို. သဘောထားလို. ရပါသည်။ တခြားမှာ ရွေးချယ်စရာမရှိတဲ့ သွားစရာ နေစရာ လုပ်စရာမရှိတဲ့ ဆင်းရဲသား မိသားစုတွေရဲ့ သားသမီးတွေလောက်ပဲ စစ်ထဲကို ၀င်ကြရသည်။ နယ်စပ်တွေမှာ တိုက်ပွဲတွေဖြစ်ရင်လဲ သွားပြီး စစ်တိုက်တာ တိုက်ပွဲတွေမှာ ပါဝင်တာဟာလဲ အဲဒီ သာမန် စစ်သားလေးတွေရဲ့ အလုပ် ကျန်တဲ့ လူတွေ အထူးသဖြင့် ပညာတတ်တွေ လူချမ်းသာတွေ လူလတ်တန်းစား Middle class မိသားစုတွေရဲ့ သားသမီးတွေနဲ. ဘာမှ မဆိုင်သလို နေထိုင်လို လျစ်လျူရှုလို. ရရှိနိုင်ခဲ့ နေလို.ရခဲ့ပါသည်။  စစ်တိုက်တာ လုံခြုံရေး ကာကွယ်ရေးကိစ္စတွေဟာ သာမန် လူငယ်တွေနဲ. မဆိုင်ပဲ စစ်တပ်နဲ. စစ်သားတွေရဲ့ အလုပ်ပဲလို. သဘောထားပြီး ခပ်ဝေးဝေး မပတ်သက်ပဲ နေထိုင်လို.ရရှိခဲ့ပါသည်။ စစ်တပ်မှာ စစ်သား လိုရင်လဲ ရပ်ကွက်ထဲမှာ ဆင်းရဲသား ကလေးတွေ တပုံကြီးပဲ မဟုတ်လား အဲဒီ ဆင်းရဲသား ကလေးတွေပဲ သေကျ ကျေကျ ဘ၀တွေ ပျက်စီးကျ ဒုက္ခိတွေတွေ ဖြစ် မုဆိုးမတွေ ဖြစ်။ ဒီလိုတောင် တာဝန်မဲ့စွာ နေလို. သဘောထားလို. စဉ်းစားရလို ခဲ့ပါသည်။ အခုတော့ မဟုတ်ပြီး အားလုံး သွားရပါတော့မည်။ ကြိုက်သည် ဖြစ်ဖြစ် မကြိုက်သည် ဖြစ်ဖြစ်။ အစိမ်းမကြိုက်လို.ဆိုပြီး ရှေ.တန်းမှာ အနီတွေ အဖြူတွေ ၀တ်လို.မှ မရတာ။ အစိမ်းကိုပဲ ၀တ်ရတော့မည် ဖြစ်ပါသည်။

အခုတော့ ဒီလို ခံယူထားလို. စဉ်းစားလို. မရတော့ပါဘူး။ စစ်မှု မထမ်းမနေရ အမိန်.အရ အသက်ပြည့်သူ ကျန်းမာရေးနဲ. ညီညွတ်သူ လူင်ငယ်တိုင်း ကျားမ မရွေး ပတ်သတ်ရမည်ဖြစ်သည်။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ဒီ ပြည်တွင်းစစ်နဲ. နယ်စပ်ဒေသက တိုက်ပွဲတွေ စစ်ပွဲတွေမှာ တိုက်ရိုက် ပါဝင် ပတ်သက်လာရတော့မည်။ အရင်ကလို ဘေးကနေ ထိုင်ပြီး လက်ရှောင်နေလို. ရပ်ကြည့်နေလို. မရတော့ အဆင့်ကို ရောက်ရှိသွားတာကြောင့် အခု ထုတ်ပြန်ချက် အမိန်.ဟာ လူတဦးချင်းစီ သို.မဟုတ် အိမ်တိုင်းအိမ်တိုင်းအထိ ပြည်တွင်းစစ် ဖိတ်စာ ရောက်ရှိသွားသလို ဖြစ်သွားတာပါ။ လူတိုင်း ဖိတ်စာရရှိထားတာမို. လူတိုင်းနည်းပါ ပါဝင် ပတ်သက်ရမည့် အနေအထားကို ရောက်ရှိသွားပါသည်။ ဒီအမိန်.ကြောင့် လွတ်မည့်သူ မရှိသလောက်ပါ။ ကိုယ်တိုင် စစ်မှု ထမ်းရတဲ့ အသက်အရွယ် အခြေအနေ မရှိရင်တောင်မှ ကိုယ်မိသားစုဝင် တဦးဦး ဆွေမျိုးသားချင်း တဦးဦး ညီအစ်ကို မောင်နှမ တဦးဦး အမျိုးထဲက တဦးဦးကတော့ ဒီအမိန်.အရ အိမ်တိုင်းစိ ရောက်ရှိလာတဲ့ ပြည်တွင်းစစ် ဖိတ်စာအရ ပါဝင် ပတ်သက်ရမည် ဖြစ်ပါတော့သည်။

ဒါကြောင့်မို.လဲ အခု တကြိမ် အမိန်.ထုတ်ပြန်ချက်ဟာ လူတိုင်း ကိုယ်စီအထိ သက်ရောက်မှုတွေ ပတ်သက်မှုတွေ ရှိစေခဲ့တာကြောင့်လဲ လူထုအကြား ပြောဆိုမှုတွေ ဝေဖန်မှုတွေ သဘောထားအမြင်တွေ ပိုပြီး များပြားနေတာလဲ ဖြစ်နိုင်ပါသည်။ အားလုံးနဲ. ဆိုင် အားလုံးနဲ. ပတ်သက်နေတာဖြစ်လို. လူတွေအနေဖြင့် အရင်က အစိုးရ အမိန်.တွေ ကြေညာချက်တွေနဲ.မတူ ငြိမ်နေလို လျစ်လျူရှုလို. မဖြစ်တဲ့ အခြေအနေကို ရောက်ရှိ သွားပါသည်။ အားလုံး လေးလေး နက်နက် စဉ်းစားရမည့် အခြေအနေကို ရောက်ရှိ သွားပါသည်။

တချိန်တည်းမှာလဲ  တောတွင်းနက်လက်ကိုင်အဖွဲ.တွေ ကျောင်းသာတပ်ဖွဲ.တွေကို သူရဲကောင်းတွေလို အမျိုးသားရေး တော်လှန်ရေး အင်အားစုတွေသဖွယ် ခံယူ အားပေးနေတဲ့ သူတွေအဖို. ပိုပြီးတောင် ပြသာနာတွေ ဖြစ်သွားနိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နဲ. ခံယူချက်တွေအရ တောတွင်းလက်နက်ကိုင်အဖွဲ.တွေကို အားပေး ထောက်ခံသူ အားကျ သဘောကျသူတွေအတွက် အခုတော့ ဒီ လက်နက်ကိုင် အဖွဲ.တွေနဲ. တောတွင်းတနေရာရာမှာ တချိန်ချိန်မှာ ကိုယ်တိုင် သို.မဟုတ် ကိုယ့်မိသားစုဝင်တွေက ထိပ်တိုက်ရင်ဆိုင်တွေ.ပြီး ရန်သူတွေအဖြစ် တိုက်ခိုက်ရမည့် အခြေအနေကို ရောက်ရှိသွားပါတော့မည်။ ကဲ ဘယ်လို လုပ်ကြတော့မည်နည်း။ အရင်ကလိုပဲ အားကျ သဘောကျပြီး တော်လှန်းတပ်တွေအဖြစ် အားပေး ထောက်ခံရတော့မှာလား အဲဒီလို အသိ စိတ်တွေ ခံစားချက်တွေ ယုံကြည်ချက်တွေဟာ ကိုယ်တိုင် ဒီတောတွင်း လက်နက်ကိုင်အဖွဲ.တွေနဲ. စစ်မြေပြင်မှာ တိုက်ပွဲတွေမှာ နယ်စပ် ဒေသတွေမှာ ထိပ်တိုက် တွေ.တဲ့အခါ ဒီအတိုင်းပဲ ဆက်ပြီး သဘော ထားနိုင်မှာလား။ လက်ခံမှာလား။ သို.မဟုတ် လက်ရှိ အခြေအနေအရ ရောက်ရှိနေတဲ့ဘ၀၏ ပကတိအခြေအနေအရ စစ်သားတဦးအနေဖြင့် ပေးတဲ့တာဝန် ပေးတဲ့ အမိန်.အတိုင်း အဲဒီ လက်နက်ကိုင် အဖွဲ.တွေကို ၇န်သူတွေ အဖျက်သမားတွေ သောင်းကျန်းသူတွေအဖြစ် ထိပ်တိုက် ကိုယ်တိုင် တိုက်ခိုက် ရှင်းလင်းရမှာလား။ တွေးစရာတွေ ခေါင်းရှုပ်စရာတွေ တွေဝေစရာတွေ ယုံကြည်ချက်နဲ. လက်တွေ.ဘ၀ သဟဇာတ မဖြစ်ပဲ ထိပ်တိုက် ပက္ဒိပက္ခဖြစ်တဲ့အခါ ဘယ်ဖက်ကို အလေးပေးပြီး စဉ်းစား ဆုံးဖြတ်ကြမှာလဲ။  ။ အခက်တွေ.စရာတွေ မဟုတ်ပါလား။ ကိုယ့် ညီအစ်ကိုမောင်နှမ တဦးဦး ချစ်ဆုံးသူ တဦးဦးေ၇ှ.တန်းမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့မယ် သေးဆုံးမယ် ကျဆုံးသွားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ ခံစားချက်တွေ ခံယူချက်တွေ အမြင်တွေဟာ အရင်တိုင်းပဲ ဆက်ရှိနေဦးမလား ပြောင်းလဲ သွားမလား ဒါလဲ စိတ် ၀င်စားစရာ စဉ်းစား စရာတခုပါ။

ဒါကြောင့် အခု အမိန်.ထုတ်ပြန်ချက်ဟာ ချက်ခြင်း အကောင်အထည် ဖော်ဖို. မဖြစ်သေး အချိန်ယူဖို. လိုသေးပေမည့် အစိုးရ အနေဖြင့် အခုတလောအတွင်း လူငယ်တွေအကြား ခေတ်စားနေတဲ့ ကွန်ယက်တည်ထောင်မှု ပြောဆိုမှုတွေ ရေပန်းစားနေတဲ့အချိန်မှာ ပြည်တွင်း
စစ်ဟာ စစ်တပ်နဲ. ဆိုင်တဲ့အရာ တခုတည်း မဟုတ်ပဲ ပြည်တွင်းရှိ လူအားလုံး အထူးသဖြင့် လူငယ်အားလုံးနဲ. ဆိုင်တဲ့ကိစ္စဖြစ်တယ်ဆိုတာ သတိမမေ့စေခြင်လို. လူငယ်တွေကို သတိပေးခြင်လို. ပြည်တွင်းစစ် ဖိတ်စာကို အိမ်တိုင်းစိ ပို.ပေးပြီး လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာအရ Psychological Warfare အရ စိတ်ဓာတ် စစ်ဆင်ရေးအတွက် အချိန်မှီ ထုတ်ပြန်လိုက်တာလား မေးစရာ စဉ်းစားစရပါ။

အထူးသဖြင့် အစိုးရ ဆန်.ကျင်ရေး အင်အားစုတွေ အတိုက်အခံအုပ်စုက လူငယ်တွေအနေဖြင့် စစ်တပ်အပေါ် ထားတဲ့သဘောထားတွေကို ပြန်ပြီး လေ့လာ သုံးသပ်ကာ ရပ်တည်ချက်တွေ သဘောထားတွေ အမြင်တွေ ပြောင်းဖို. စဉ်းစားရမလို ဖြစ်ပါသည်။ အရင်ကတော့ စစ်တပ်နဲ. အတိုက်အခံတွေဟာ သီးခြား ဘာမှ မဆိုင်တဲ့ အုပ်စုတွေအဖြစ် ရပ်တည်လို. ရရှိနိုင်ခဲ့ မပတ်သက်ပဲ မဆက်ဆံပဲ မထောက်ခံပဲ အားမပေးပဲ နေလို.ရခဲ့ပြီး ကြိုက်သလို ဝေဖန် တိုက်ခိုက် အပုတ်ချမှုတွေ လုပ်ခဲ့သော်လည်း အခု အမိန်.အကြောင့် ကိုယ်တိုင်းလဲ ဒီ စစ်တပ် Military Institution ရဲ့ အစိတ် အပိုင်းတခုခုအဖြစ် တချိန်ချိန်မှာ ထမ်းဆောင်ရတော့မည် ဖြစ်ပါသည်။ တချို.နယ်စပ်အဖွဲ.တွေဆိုရင် နိုင်ငံခြားအစိုးရတွေ ပြည်ပအဖွဲ.အစည်း NGOsတွေဆီက ငွေတွေယူပြီး စစ်တပ်နဲ.ပတ်သက်ပြီး မုဒိန်းတပ်တို. လူသတ်သမားတပ်တို. ဖါသည်မတပ် ဆိုပြီး အစီရင်ခံစာတွေကို ရေးသား ထုတ်ပြန်ပြီး ကမ္ဘာအနှံ ဖြန်.ချီမှုတွေတောင် ရှိခဲ့ပါသည်။ ဒါကြောင့် အခုတော့ စစ်တပ်က အဲဒီအပိုင်းတွေမှာလဲ စိမ်ခေါ်လိုက်သလို ဖြစ်နိုင်ပါတယ်။ "မင်းတို. ငါတို စစ်တပ်ကို ကြိုက်သလို ခေါ်လိုရတယ် ပြောလို.၇တယ် ဝေဖန် တိုက်ခိုက်လို.တယ် မုဒိန်းတပ်လို.ပဲ ခေါ်ခေါ် ဖာသည်မတပ်လို.ပဲ ပြောပြော လူသတ်သမားတွေလိုပဲ ဆိုဆို ခေါ်လို.ရတယ်။ဒါပေမယ့် တချိန်ချိန်မှာလဲ မင်းလဲ အဲဒီ မုဒိန်းတပ် လူသတ်သမားတတ် ဖာသည်မတပ်အဖြစ် မင်းကိုယ်တိုင်ရော မင်းအမျိုးတွေပါ ဖြစ်သွားမယ်ဆိုတာ မမေ့နဲ.လို"စိမ်ခေါ်လိုက်သလို ဖြစ်သွားပါတော့သည်။ (စကားလုံးတချို.အတွက် သီးခံခွင့်လွတ်ပါရန်။)

နယ်စပ်ဒေသက မိုင်းကွင်းတွေ မြေမြုပ်မိုင်တွေ လက်နက်ကိုင် တပ်တွေရဲ့ လက်ချက်ကြောင့်လဲ မင်းကိုယ်တိုင်း သို.မဟုတ် မင်းမိသားစုဝင်တွေ ကိုယ်တိုင်လဲ တချိန်ချိန်မှာ ဘ၀နဲ. အသက်တွေ ပေးရမယ်။ဒါကြောင့် မင်း ကြိုက်တဲ့သူကို အားကျနိုင်တယ် အားပေးနိုင်တယ်။ ဒါပေမယ့် မမေ့ဖို.က အဲဒီလူတွေရဲ့ လက်နက်နဲ. တချိန်ချိန်မှာတော့ မင်းတို.ရဲ့ သေမင်းကို သူတို.က ပို.ပေးမှာ ဖြစ်တယ်ဆိုတာ လူငယ်တွေ အထူးသဖြင့် အတိုက်အခံ အုပ်စုက လူငယ်တွေကို သတိထား ဆင်ခြင်မိလာအောင် မြင်လာအောင် ခံစားလာအောင် ကိုယ့် ကိုယ်ရေးကိုယ်တာပြသာနာ မိသားစု ပြသာနာတခုအဖြစ် ခံစားလာအောင် လုပ်လိုက်လေသလား ။ ဒါတွေဟာလဲ တကယ် ဖြစ်လာတော့မှာ မဟုတ်ပါလား။
ဒါကြောင့် လူငယ်တွေအနေဖြင့် ပြည်တွင်းစစ်နဲ. တိုင်းရင်းသာ လက်နက်ကိုင် ပက္ဒိပက္ခတွေ တိုက်ပွဲတွေ စစ်ပွဲတွေကို မဖြစ်မနေ အမြန်ဆူံး ငြိမ်းအောင် ပြီးအောင် ငြိမ်းချမ်းရေး ရရှိအောင် အရင်ကထက် ပိုပြီး လုပ်ဖို. ကျိုးစားဖို. ဖိအားပေး တိုက်တွန်းဖို. လိုပါသည်။ ဒီပြည်တွင်းစစ်ကြီးရှိနေသရွေ. နယ်စပ်ဒေသတွေမှာ လက်နက်ကိုင် လှုပ်ရှားမှုတွေ စစ်ပွဲတွေ တိုက်ပွဲတွေ ရှိနေသမျ တချိန်ချိန်မှာ ကိုယ်တိုင် မဟုတ်ရင် ကိုယ့်မိသားစုတွေရဲ့ ဘ၀တွေကိုပါ တိုက်ရိုက် ထိခိုက်လာမည် အန္တရယ်တွေ ဖြစ်လာမည် ဘ၀နဲ. အသက်တွေပါ အန္တရာယ် ဖြစ်စေတာမို. အခုတော့ အိမ်တံခါအထိ ရောက်ရှိနေတဲ့ ပြည်တွင်းစစ် ဖိတ်စာကို တုံ.ပြန်ဖို. လိုပါသည်။

ဒါကြောင့် လူငယ်တွေအနေဖြင့် လူကြီးတွေ ထက်ကို ပြည်တွင်းစစ် ငြိမ်းဖို. လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်ဖို. ငြိမ်းချမ်းဖို. အထူး လိုအပ်နေပါသည်။
 We need to stop the civil war in Myanmar
We need to make peace in the country
We need to help the country's healing process. We are the country: we are the people. We are the future.

လူငယ်တွေအနေဖြင့် ပြသာနာတွေရဲ့ အစိတ်အပိုင်း parts of problemsတွေ အဖြစ် မခံပဲ အဖြေတွေရဲ့ အစိတ်အပိုင်းတွေ parts of Solutions တွေ ဖြစ်ဖိုလိုပါသည်။ ကိုယ်ဟာ အဖြေရဲ့. အစိတ်အပိုင်းမဖြစ်ပဲ ပြသာနာတွေရဲ့ ခလုပ်ကန်သင်းဖြစ်နေရင်တော့ တိုင်းပြည်အတွက် အဖြေမပေးနိုင်ပဲ တိုင်းပြည်တွက် ပြသာနာတွေ အကြပ်အတည်းတွေကိုသာ ပိုပြီး ဖြစ်စေမှာ ဖြစ်ပါသည်။

ဒါကြောင့် လူတိုင်း မိသားစုတိုင်း လုငယ်တိုင်းတွေရဲ့ ဘ၀နဲ. သက်ဆိုင်လာနေပြီ ဖြစ်တဲ့ လက်နက်ကိုင် တိုင်းရင်းသား ပြသာနာတွေ တင်းမာမှုတွေကို အကြမ်းနည်းတွေ စစ်ရေးတွေဖြင့် ဖြေရှင်းတဲ့ နည်းလမ်းတွေအစား နိုင်ငံရေး လူမှုရေး ဖွံဖြိုးရေး စတဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေဖြင့် ကိုင်တွယ် ဖြေရှင်းသွားဖို. လူငယ်တွေက ပိုပြီး ဦးဆောင်ဖို. လိုပါသည်။

ူလူကြီးတွေက လွတ်လပ်ရေး ရရှိအောင် တိုက်ပေးခဲ့တာ မှန်သလို ပြည်တွင်းစစ်ကြီး ဖြစ်အောင် မီးမွေးခဲ့သူတွေလဲ ဖြစ်သည်။ ဗိုလ်ချုပ်တို. ခေတ်ကလွဲရင် ကျောင်းသားလူငယ်တွေ ရဲ့ လှုပ်ရှားမှုတွေ အားလုံးဟာ နိုင်တာတွေ မရှိပဲ ခံရတာ ဆှုံးရှုံးတာတွေပဲ ရှိခဲ့တာမို. အဲဒီ သမိုင်းမျိုး ခံရတဲ့ သမိုင်း အရှုံးသမိုင်းတွေပဲ များနေတဲ့ ခေတ်ကို တခန်းရပ်ပြီး ဗိုလ်ချုပ်တို. ခေတ်လိုပဲ အနိုင်ရ အောင်ပွဲခံတဲ့ သမိုင်းသစ် ဖန်တီးနိုင်ဖို. လူငယ်ထု၏ ခေါင်းဆောင်မှုကို တိုးချဲ. ဆောင်ရွက်ကြပါစို.။

အိမ်ရှေ. တံခါးဝအထိ ရောက်ရှိနေတဲ့ ပြည်တွင်းစစ် အရှုပ်ထုပ်ပြီးကို အတူတူ ဖယ်ရှားကြပါစို. ညီညွတ်ရေးနဲ. ငြိမ်းချမ်းရေးကို ကမ်းလှမ်းကြပါစို.။။။။။။။
udp မြန်မာ facebookမှ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.