Saturday, February 18, 2012

3 ဆောင်းဦးလှိုင် "နှလုံးသားတွေလှူမယ့်ည "ONE MAN SHOW




(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်းလမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။

ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။ဒီနေ့ဆောင်းဦးလှိုင်ရဲ့ show မှာရမယ့်အနုပညာကြေးတွေအပြင်လာရောက်လှူဒါန်းကြ
တဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊၈၈မျိုးဆက်ကျောင်းသားများ၊မိဘမဲ့ကလေးများ စသည်တို့ကို
ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။

သူ့ရဲ့ပွဲကိုရွှေသံစဉ်တေးဂီတအဖွဲ့မှ ဂီတမှူးကိုဝင်းမော်လည်းတက်ရောက်အားပေး ခဲ့ပါတယ်။ သူ့ရဲ့ပွဲမကျင်းပမီညနေပိုင်းကသူဖိတ်ကြားထားခဲ့တဲ့သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့၈၈မျိုးဆက်ကျောင်းသား တွေလာမယ်ဆိုရင် ပွဲလုပ်ခွင့်မပြုဘူးလို့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေက လာရောက်ပြောကြားခဲ့တဲ့ အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊ဒါပေမယ့်သူ့ သူငယ်ချင်းတွေကနားလည်မှုရှိစွာ မလာတော့ ပါဘူး-ဆိုလို့သူစိတ်မကောင်းစွာနဲ့ဒီပွဲကိုတင်ဆက်ခဲ့ရပါတယ်၊

နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊မရွှေဇီးကွက်တို့အပါအ၀င်
အသင်းသားတွေလည်းလာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကိုပေးမ၀င်တာ၊အသင်းဝတ်စုံနဲ့
ပေးမ၀င်တာတွေလည်းပြုလုပ်ခံခဲ့ရပါတယ်၊၈၈ က မနီလာသိန်းတို့အဖွဲ့ရောက်လာချိန်မှာလည်းတူညီ
ဝတ်စုံနဲ့မ၀င်ဖို့ဟန့်တားခံခဲ့ရပါတယ်၊

ဒီလိုအခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင် ဟာဒီပွဲကိုအောင်
မြင်စွာတင်ဆင်ခဲ့ပါတယ်၊

နောက်ဆုံး (ကျောင်း )သီချင်းကိုပရိတ်သတ်နဲ့သံပြိုင်မတ်တတ်ရပ်သီဆိုကြရင်း ပွဲကိုလှပစွာသိမ်းခဲံ့ ပါတယ်။

shwe than zin

ဒီမိုကရေစီဟုဆိုကာ အာဏာကို အလွဲသုံးစားလုပ်နေသူ S.Bများ.......နာ/ကူဖက်တီး(ခ)ရဲသွင်


ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က အများပြည်သူ(၇)ရက်သားသမီးတွေကို အစစအရာရာ ကူညီနေတာအများပြည်သူတွေအကုန်သိပါတယ်ဗျာ။ ကိုဆောင်းဦးကလဲ ကျွန်တော်တို့ရဲ့ အသင်းသားတစ်ယောက်ပါပဲ။ မနေ့က တိတိကျကျဆိုရရင် (၁၇.၂.၂၀၁၂) နေ့က ကိုဆောင်းဦးရဲ့ပွဲကို ကူညီဖို့သွားတဲ့ ကျွန်တော်တို့ဆီက အသင်းသားရဲဘော်ရဲဘက်တွေကို အဲဒီ အမျိုးသားကဇာတ်ရုင်္က တာဝန်င်္ခS.Bက ဘာပြောသလဲဆိုရင် ကျွန်တော်တို့က ဇာတ်ရုံထဲကို အသင်းဝတ်စုံနဲ့ မ၀င်ရဘူးတဲ့...

မော်တော်ကားတွေကိုလဲဝင်းအပြင်မှာရပ်ကမယ်တဲ့...ကျွန်တော်တို့ကဘာတွေဖြစ်သွားပြီလဲ.....ကျွန်တော်တို့ကအသင်းကိုယ်စားပြုလာတာ..ဒါအသင်းကိုပါ ထိခိုက်အောင်လုပ်တာမဟုတ်ဘူးလား...လူတွေကိုကူညီနေတာကို ကြည့်လို့မရတာလား၊ မနာလိုဖြစ်နေတာလား....၊ ဒါအာဏာရှင်စနစ်လား၊ ဘာဒီမိုကရေစီလဲ၊ အာဏာရှင်ဒီမိုကရေစီလား.... .အာဏာပိုင်တွေဖြေကြပါဦး.....ဒီထက်ဆိုးတာက ကိုဆောင်းဦးကို S.Bကဘာပြောလဲဆိုတော့ ဒီယူနီဖောင်းတွေနဲ့လူတွေဝင်လာရင် ပွဲကိုတာဝန်ယူမှာလား...ပိတ်ပစ်ရမှာလား....တဲ့. .မိုက်ရိုင်းလိုက်တာဗျာ...တော်တော်မိုက်ရိုင်းလိုက်တဲ့ အာဏာရှင်တွေ...ကျွန်တော်တို့ကလဲ ကိုဆောင်ဦးကိုငဲ့ပြီး သူတို့ပြောတဲ့ အတိုင်းပဲ လုပ်ပေးခဲ့ပါတယ်၊

ဒါပေမဲ့ဗျာ ဒီမိုကရေစီစနစ်ကြီးကို ဖော်ဆောင်အကောင်အထည်ဖော်နေတဲ့အချိန်ကြီးမှာ ဒီလိုမျိုး အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ ၀န်ထမ်းတွေကို လူကြီမင်းများက ဘာလို့အရေးမယူတာလဲ.... အဲဒီလူကြီးတွေကလဲ အလိုတူအလိုပါဘဲလား...ကျွန်တော်တို့က လူမျိုးမရွေး၊ ဘာသာမရွေး ကူညီနေတာပါဗျာ။ အမုန်တရားတွေမပွားပါဘူး၊ မေတ္တာတွေနဲ့ ကူညီနေတဲ့အသင်းကြီးပါ။

ဒါပေမဲ့ ဒီလိုအာဏာကိုအလွဲသုံးစား ပြုတာတော့ မကောင်းဘူးပေါ့ဗျာ။ ဒီစာကိုဖတ်ပြီးကြသူတိုင်းshare ပေးကြပါဗျာ။တော်တော်လူမဆန်တဲ့ ပုလိပ်တွေဗျာ။လူလိုမသိသေးဘူး၊ သင်းတို့ရဲ့ အာဏာရှင်စနစ်တွေက လူထုကိုဒုက္ခပေးဖို့လားမသိဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာဝတ်စားပိုင်ခွင့်ကို အာဏာသုံးပြီး ချိမ်းခြောက်တာပဲဗျ...ဘာလဲ အလကား အာဏာရှင် ဒီမိုကရေစီနိုင်ငံမှာနေပြီး ကျွန်ဖြစ်ရပြီ....ကျွန်ဖြစ်ရပြီကွ..

Video..Burma vj media nework

3 comments:

  1. Bravo!! More show like this for the people....

    ReplyDelete
  2. တိုက်ဆိုင်မှု့လေးတစ်ခုပြော့ပြချင်ပါတယ်
    လွန့်ခဲ့တဲ့ ၁လလောက်က သင်္ကန်းကျွန်းမြို့နယ်မှာ စာပေဟောပြောပွဲတခုလုပ်တယ်ဗျ။ဆရာကြီးဦးအောင်သင်းပါတော့လူငယ်လူကြီးတော်တော်များများလာကြတယ်။ ကျွန်တော်လည်းထိုင်စရာနေရာမရှိလို့လူတစုထိုင်နေတဲ့တဲလေးတခုထဲဝင်ထိုင်မိတယ်။ကံစဆိုးချင်တော့ အဲဒီတဲက ရဲနဲ့စရဖတွေစုတဲ့တဲဖြစ်နေတယ် အဲဒီတော့သူတို့ပြောတာတွေအကုန်ကြားနေရတာပေါ့ဗျာ ရီတော့ရီရတယ် ဘယ်ဆရာတက်ဟောပြီး ဘယ်ဆရာကပြန်ဆင်းတော့မယ်။ဘယ်လွှတ်တော်ကိုယ်စားလှယ်လာတယ် ရေသောက်သေးပေါက်တာကအစအထက်ကိုသတင်းပို့နေတယ်။ကျွန်နော်ပြောချင်တာကအဲဒီလိုလုပ်တာပြည်သူတွေလုံခြုံရေးတော့မဖြစ်နိုင်တာသေချာတယ်။ဟောပြောတဲ့ဆရာကြီးတွေကတော့ပြည်သူ့အချစ်တော်တွေဆိုတော့သူတို့အတွက်လည်း မပူရဘူး။လွှတ်တော်ကိုယ်စားလှယ်တွေက လည်းပြည်သူတွေတင်မြှောက်ထားတာဆိုတော့ မဖြစ်နိုင်ပြန်ဘူး။သူတို့ဘာအတွက်လုပ်တာလဲ။ကျွန်တော်အထင်သမတကြီးကတော့ဒီလိုတွေလုပ်တာသူကိုယ်တိုင်လည်းကြိုက်မှာမဟုတ်ဘူး။ကျွန်တော့အထင်အိမ့်စောင့်ခွေးတွေဗျ။ အရင်ကအရှင်သခင်ရဲ့အမိန့်ကိုအခုထိနားထဲစွဲနေကြတယ်။ပွင့်ပွင့်လင်းလင်း
    ပြောရရင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကအိမ်ရှင်ဆို ခရိုင်အုပ်ချုပ်ရေးမှူးက အယ်(လ်)ဇေးရှင်း။မြို့နယ်အုပ်ချုပ်ရေးရေမှူးက တယ်ရီယာ။ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ရဲကခွေးဝဲစား ခွေးဝဲစားဆိုတာအားလုံးအဆင့်ဆင့်စားပြီးမှ အရိုးအရင်းကိုက်ရတာလေ အဲဒီအရိုးအရင်းလေးကိုက်ပြီးဂုဏ်ယူနေရာတာဆိုတော့လက်လွှတ်ရမှာ
    ကြောက်ကြတယ်ဗျသမတကြီးသိဖို့ကောင်နေပါပြီ။ရပ်ကွက်တွေမှာခွေးလေခွေးလွင့်တွေကိုဖမ်းရင်စည်ပင်ကအဆိပ်ခတ်တဲ့အသားတုံးနဲ့ပစ်ပြီးဖမ်းသလို သူတို့ကိုလည်း.....ဟိဟိ ကံကောင်းရင်အယ်(လ်)ဇေးရှင်းနဲ့တယ်ရီယာတောင်မိသဗျား..နောက်ပြီး
    ကိုက်တဲ့ခွေးဆို အကိုက်ခံရရင်အိမ်ရှင်ပါပြသနာတတ်နိုင်တယ်နော်...ပြောပြီးပြီနော်အိမ်ရှင်ဘယ်သူလဲဆိုတာ.....

    ReplyDelete
  3. They mentioned what garbage inside their hearts.Dont be sad Ko saung Oo Hlaing ,Their hell also so deep.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.