ပျိုကညာရွယ်လွန်ပြီး ဆံဖြူသွားကျိုး
တို့- ပြည်ထောင်စုရဲ့သက်တမ်းတောင် ၆၅ နှစ်ထဲရောက်
တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ပြည်တွင်းစစ်ကြီးက
ကညာပျိုရွယ်လို အားကောင်းလို့မောင်းသန်နေဆဲ...ဖိုးခွါးရေ။ (လူလေးရေ)
စိတ်မချရတဲ့အနာဂတ်မှာ အမိုးတို့ဘဝ
အိပ့်မရတာလည်း ကြာခဲ့ပြီပေါ့။
အမိုးအကာအစုတ်နဲ့ စစ်ပုန်း စစ်ရှောင်
အမိုးတို့ရဲ့ဒုက္ခ စဉ်းစားသာတွေးကြည့်ပေတော့....ဖိုးခွါးရေ။ (လူလေးရေ)
အမိုးမလိမ်ဘူး ကျိန်ဆိုရင် ကျိန်ပြပါ့မယ်
ငါးပိတစ်အိုးနဲ့ စစ်မဲ့ဇုန်မှာနေရရင်
အမိုး သေပျော်ပါပြီး....ဖိုးခွါးရေ။ (လူလေးရေ)
အမိုးရဲ့မြေး အမိုးရဲ့ခွေး
စစ်မီးဟုန်းဟုန်း တောက်လောင်နေဆဲမှာ
ငတ်တလှည့် ပြတ်တလှည့်နဲ့ ပြေးရင်းလွှားရင်း
ထမင်းငတ်ခဲ့တဲ့ ရက်တွေလည်းတွေလည်း ကြုံခဲ့တယ်...ဖိုးခွါးရေ။ (လူလေးရေ)
ဖိုခွါးရေ (လူလေးရေ) သတင်းမကြားရရင်နေပါစေ
အစာအိမ်ရောဂါရှိတဲ့ အမိုး
ထမင်းမစားရတာ ရက်ရှည်ကြာတော့
ပြဿနာတော့ရှိလာတယ်...ဖိုးခွါး။ (လူလေး)
ကျိန်စာသင့်ထားသလို ပြည်တွင်းစစ်ရဲ့မီး
နှစ်ပေါင်းရှည်ကြာ အလျှံညီးညီးတောက်လောင်နေတော့
အမိုးတို့ရွာအကြောင်း တွေးမိလေတိုင်း မျက်ရည်ဝိုင်းခဲ့ရတယ်...ဖိုးခွါးရေ။ (လူလေးရေ)
အမိုးရဲ့ နောက်ဆုံးစကား ဖိုးခွါးတို့ကို (လူလေးတို့ကို) ပြောခဲ့ပါရစေ...
ဒါ- တို့ပြည် ဒါ- တို့မြေ တို့တတွေပိုင်တဲ့မြေထဲ
လူမဆန်တဲ့ အာဏာရှင်အမျိုးယုတ်တွေကို
ကျူပင်ခုတ် ကျူငုတ်မကျန် အမြစ်ပါဖြိုလှဲ
ပြည်ထောင်စုကို အသက်ပေးလို့
တို့တတွေရဲ့ ညီညွှတ်အားနဲ့ စုပေါင်းကာကွယ်ကြပါ....စို့။
(KOBALOI)
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်