Saturday, January 21, 2012

0 သိန်းစိန်အစိုးရမှ(ပြောင်းလဲနေပါပြီလို့ ပြောနေတဲ့) နိုင်ငံကူးလက်မှတ် လျှောက်ထားသူ နိုင်ငံရေး အကျဉ်းသူ-သားဟောင်းများ ပိတ်ပင်ခံထားရ


သိန်းစိန်အစိုးရမှ(ပြောင်းလဲနေပါပြီလို့ ပြောနေတဲ့) နိုင်ငံကူးလက်မှတ် လျှောက်ထားသူ နိုင်ငံရေး အကျဉ်းသူ-သားဟောင်းများ(၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့တွင် လွတ်မြောက်လာသူများ)အား ငြင်းပယ် ပိတ်ပင်ခံထားရခြင်း သက်သေတစ်ခုအဖြစ် တင်ပြလိုက် ရပါသည်။ Here is one of the approved documents of Nwet Hnin Yi. Her passport application has been rejected by the authority of Thein Sein's government because her involvement in human rights & pro-democracy movements in Burma. She was released from Ma U Pin prison on October 12, 2011.(Nyi nyi aung)

အကျဉ်းထောင်အတွင်းအသီးသီးမှ လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသား/သူ အချို့ ပတ်စ်ပို့များ လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများအပေါ် ပြုလုပ်ပေးခြင်းမရှိသေးပဲ တစ်နှစ်စောင့်ကြည့် ကာလအဖြစ်သတ်မှတ်ခံနေရဆဲဖြစ်ကြောင်း ပတ်စပို့သက်တမ်းတိုးလျက်ရှိသော နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရသည်။

‘ဒီကိစ္စက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့ကထောင်ကထွက်လာတဲ့သူမို့လို့ တစ်နှစ်စောင့်ကြည့်ကာလ လို့ပြောတယ်၊ စလစ်စာရွက်သွားထတ်တော့လဲ စာရွက်မှာ B L (Black list) လို့ရေးထားတယ် ’ ဟု ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ တွင် မအူပင် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ နွဲ့နှင်းရည် (ခ) နိုးနိုး ကပြောသည်။

နိုင်ငံသားတစ်ယောက်ဖြစ်သည့်အတွက် ထိုကိစ္စမျိုးသည် ပြည်သူတစ်ယောက်၏ ရပိုင်ခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ကြောင်း မိမိမှာ ကျောင်းသူတစ်ယောက်ဖြစ်သည့်အတွက် ပြည်ပနိုင်ငံများတွင် ပညာသင်သွားရမည့်ကိစ္စများရှိကြောင်း နိုင်ငံတော်မှ ပေးထားသော ပြစ်ဒဏ်များကိုလည်း ကျခံထားပြီးဖြစ်၍ ထိုသို့သော ကိစ္စများကိုလက်မခံနိုင်ကြောင်း မနွဲ့နှင်းရည် ကပြောသည်။

‘သူတို့ပြောသလိုဆိုရင် နိုင်ငံရေးကြောင့်ထောင်ကျတဲ့သူတွေအားလုံးကို တစ်နှစ်စောင့်ကြည့်ကာလ လို့သတ်မှတ်ထားတဲ့သဘောပဲ။ ဒါပေမယ့် တကယ်တမ်းတော့ အဲလိုမဟုတ်ဘူး။ ပတ်စ်ပို့က ရတဲ့သူရတယ်။ တစ်ချို့ဆိုရင် သွားပြီးပြန်လာတဲ့သူတွေတောင် ရှိနေတယ်။ မေးချင်တာက နိုင်ငံရေးအကျဉ်းသားခြင်းအတူတူကို ဘယ်လိုလူကိုတော့ ပေးမယ်။ ဘယ်လိုလူကိုတော့မပေးဘူး လို့သတ်မှတ်ထားတာရှိလား။ သိချင်တယ်’ ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား ပတ်စ်ပို့မထုတ်ပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်ကို ပတ်ပင်တားဆီးသည်ဟု မြင်မိကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်တိုင်းဒေသကြီးအတွင်း အမတ်လောင်းနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်အဆိုတော် တစ်ဦးဖြစ်သည့် ကိုဇေယျာသော်ကပြောသည်။

‘ကျွန်တော်လဲ ပတ်စ်ပို့လျှောက်ထားတာကြာပြီ။ ကျွန်တော်ပြန်လွတ်လာတဲ့ မေလ ထဲကလျှောက်ထားတာ။ အခုထိမရသေးဘူး။ ဆိုင်းငံ့ကာလလုပ်ထားတယ်။ ကျွန်တော်တစ်ယောက်ထဲအတွက်အတော့ ကိစ္စမရှိပါဘူး။ ဘယ်မှသွားစရာမှမရှိတာ။ ဒါပေမယ့် ကျန်းမာရေးအတွက် လိုအပ်လို့ ပြည်ပမှာ ဆေးတွေဘာတွေ သွားကုရမယ်ဆို ရင်ဘယ်လိုစီစဉ်ပေးမလဲ သိချင်တာ ’ ဟု ကိုဇေယျာသော်ကပြောသည်။

ထိုကဲ့သို့ ပတ်စ်ပို့လျှောက်ထားပြီး ဆိုင်းငံ့ထားခြင်းခံရသူများမှာ ၈၈ မျိုးဆက်ကျောင်းသားများအပါအဝင် GW(Generation Wave) အတွင်းရှိ လူငယ် အဖွဲ့ဝင်အချို့ပါဝင်ကြောင်း သိရသည်။

`ကိုဇာဂနာကိုတော့ ထုတ်ပေးလိုက်ပေမဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ထုတ်မပေးဘူးလို့ပဲ ပြောရမှာပါ`ဟု GW မှ ကိုအာကာဗိုက သုံးသပ်ပြောဆိုသည်။

(မြစ်မခ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.