Saturday, January 21, 2012

0 မန္တလေး(NLD)all for joke ,joke for all ကာတွန်းပြပွဲနှင့် အထူးဈေးရောင်းပွဲတော်








မန္တလေးမြို့ ပဒုမ္မာခန်းမတွင် ပြသလျှက်ရှိသော ကာတွန်းပြပွဲသို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝိစိတ္တဘိဝံသ(ခေါ်)အရှင်ဝီရသူမှ လာရောက်ကြည့်ရှု့အားပေးခါ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့...
၁၄ရက်နေ့ မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လွှတ်ခဲ့သော အရှင်ဝီရသူသည် မန္တလေးတိုင်းNLDမှကြီးမူးကျင်းပ နေသော all for joke ,joke for all ကာတွန်းပြပွဲသို့ လာရောက်ကြည့်ရှု့အားပေးခါ ဧည့်သည်တော် မှတ်တမ်း တွင် လက်မှတ်ရေးထိုးပေးသွားခဲ့ပါသည်၊ ထို့အပြင် အလှူငွေ (၃၀၀၀၀ကျပ်)ကိုထည့်ဝင်လှူဒါန်းရာ ကာတွန်းဆရာ ဟာဂျူလီ(ကသာ)မှ လက်ခံရယူခဲ့ပြီး အလှူခံ သေတ္တာပုံးအတွင်းသို့ ထည့်သွင်းပေးခဲ့ ပါသည်၊ ကာတွန်းပြပွဲမှ ရရှိငွေအားလုံးကို မန္တလေးအိုးဘိုထောင်အတွင်းကျန်ရှိနေသေးသော နိုင်/ကျဉ်း၇၄ယောက်သို့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်၊

သတင်းဓာတ်ပုံ။ ။ ဟာဂျူလီ ကသာ၊ကာတွန်းအောင်မော်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.