Friday, January 20, 2012

1 ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ရွှေညဝါဆရာတော် ဦးပညာသီဟတွေ့ဆုံ(ရုပ်/သံ)



မြန်မာပြည်အရေး. . .ရင်လေး လို့ပါ. . . မနေ့က ရွှေည၀ါ ဆရာတော်အရေးနဲ့ ပါတ်သက်လို့ အုန်းအုန်းကြွက်ကြွက်ဖြစ်ကြတော့ ကျနော် စိုးရိမ်ကြောင့်ကြမှုတွေဖြစ်လိုက်ရတာဗျာ။ ကျနော်တို့ ညီနောင်တွေ လွတ်လာတာ တပါတ်တောင် မရှိသေးပါဘူး။ နောက်တကြိမ်လမ်းပေါ်ထွက်၊ နောက်တကြိမ် ပြန်ပြီး အဖမ်း ဆီးခံဆိုတာမျိုးတွေ နဲ့ မြန်မာပြည်ရှေ့မတိုးနိုင်ပဲ ဆိုးသံသ...ရာ လည် မဆုံးဖြစ်မှာ စိုးရိမ်ပါတယ်။ လမ်းပေါ်ထွက်မှ နိုင်ငံရေးမဟုတ်၊ ဆန္ဒပြတာမဟုတ်ပါဘူး။ လမ်းပေါ်ထွက်ဆန္ဒပြတဲ့အဆင့်ဟာ နောက်ဆုံး အဆင့်ပဲ ဖြစ်သင့်ပါတယ်။ ကျနော်တို့ မီဒီယာတွေကနေ ရေးသားဖေါ်ပြတောင်းဆိုတာဟာ လည်း ဆန္ဒပြခြင်းတမျိုးပါပဲ။ တချို့ကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာရေးတာကို ကီးဘုတ်နိုင်ငံရေး ဆိုပြီး အထင်သေးနေကြ တယ်။

ကျနော်ခုချိန်မှာ ပြည်ပရောက်နေတဲ့အတွက် မပြောသာပေမယ့်၊ ပြည်တွင်းမှာကတည်းကရေးစရာရှိတာကို ပြတ်ပြတ်သားသား ရေးသားတောင်းဆိုခဲ့တာပါ။ အချိန်မရွေးလာဖမ်းနိုင်တဲ့အချိန်ကတည်းက ရေးသင့်တယ်ထင်တာကို ရေးခဲ့ပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း အဲဒီကာလတွေမှာ ဖမ်းလိုက်ရင် စီခနဲ နှစ် ၂၀၊ ၃၀ ပါ။ အီလက်ထရွန်နစ်ဥပဒေ ဆိုတာကြီးနဲ့လေ။ လမ်းပေါ်ထွက်မှ ဆန္ဒပြတာမဟုတ်ပါဘူး။ စာရေးတာလည်း ဆန္ဒပြတာပါပဲ။ လမ်းပေါ်ဆန္ဒပြပွဲတွေမှာ ကိုယ့်အင်အားတွေသာမက၊ မလိုလားအပ်တဲ့ အနှောင့်တွေ၊ အမှောင့်တွေဝင်နိုင်တယ်။ တိုင်းပြည်မှာ ဆုံးရှုံးနစ်နာမှုတွေ အနည်းနဲ့အများရှိလာနိုင်တယ်။ ထိုင်းမှာ ရှပ်နီ ရှပ်ဝါတွေကြောင့် အများကြီးဆုံးရှုံးခဲ့တာ အားလုံး အသိပါ။

အခု အမေရိကားမှာတောင် ဂူဂဲလ်နဲ့ ၀ီကီပီဒီးယားတို့က ဆန္ဒပြတဲ့အနေနဲ့အွန်လိုင်းပေါ်မှာ လုပ်ဆောင်မှု တွေ ကို လုပ်ကြတယ်။ ဂူဂဲလ်က သူတို့လိုဂိုကြီးကို အမည်းကြီးနဲ့ပိတ်ပြီး အဲဒီ ရက် အတွင်း တင်ထား တယ်။ ၀ီကီပီဒီးယားကတော့ အဲဒီရက်မှာ သူတို့ဆိုဒ်ကို သုံးမရအောင် လုပ်ပါ သတဲ့။ ဒါကြောင့်ကျောင်းတွေ အသီးသီးမှာ ကျောင်းသားတွေကို အိမ်စာ လုပ်စရာတွေ အဲဒီရက် မတိုင်မီ ပြီးအောင်လုပ်ဖို့နှိုးဆော်ကြပါတယ်။ ဒါတွေဟာ ရယ်စရာမဟုတ်သလို၊ အမြှော်မြင်ကြီးစွာ လုပ်တဲ့ လုပ်ရပ်တွေလို့မြင်စေချင်တယ်။ လူတွေဟာ အမြှော်အမြင်ရှိလာတာနဲ့အမျှ အပျက်အစီးအဆုံးရှုံးတွေကို ပိုတွက်လာ၊ ပိုထိန်းသိမ်းလာကြတဲ့သဘောဖြစ်ပါတယ်။

အာဏာပိုင်အစိုးရကလည်း အွန်လိုင်းပေါ်က ပြည်သူ့အသံ ကို ဘာမှ “အက်ရှင်” မပါလို့ ဆိုပြီး လျစ်လျူရှုမယ်ဆိုရင် လူတွေက အွန်လိုင်းပေါ်က ဆင်း လမ်းပေါ်ထွက်လာကြမယ်။ အစိုးရကသာ အွန်လိုင်းအပါအ၀င် မီဒီယာအသီးသီးက ပြည်သူ့အသံတွေကို လေးလေးစားစား နာခံရင် ဘယ်သူမှ “ကာယဒုက္ခ” အဖြစ်ခံပြီး လမ်းပေါ်ထွက်ကြမှာ မဟုတ်တော့ပါဘူး။ ကျနော့်အမြင်မှာတော့ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်တဲ့ကာလမှာ... လမ်းပေါ်ဆန္ဒပြပွဲ ဆိုတာ မတတ်သာတဲ့အဆုံးမှ သုံးရမယ့် လူထုရဲ့လက်နက်ပဲ ဖြစ်သင့်ပါတယ်။ ကျနော်တို့ အွန်လိုင်းအပါအ၀င် မီဒီယာ အသီးသီးက ဆန္ဒတွေ ဖေါ်ထုတ်မယ်။ တောင်းဆိုမှုတွေ လုပ်မယ်၊ နောက် လက်မှတ်ထိုးတောင်းဆိုမှုတွေ လုပ်မယ်၊ သက်ဆိုင်ရာ အာဏာပိုင်အသီးသီးနဲ့ တွေ့ဆုံညှိနှိုင်းဖြေရှင်းခွင့်တွေ လုပ်မယ် ဆိုတာက အရင် ဖြစ်သင့်ပါတယ်။ မတရားမှုဟာ အတိုင်းအတာတခုကျူးလွန်လာရင် ကျနော်တို့အားလုံး အချိန်မရွေး လမ်းပေါ်ထွက်ဖို့ အသင့်ပါ။ ပြီးခဲ့တဲ့ နှစ် ၂၀ လုံးလုံး ကျနော်တို့ လမ်းပေါ်ထွက်ခဲ့ကြရတာ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးကို မရခဲ့လို့ပါ။ ခုကျနော်တိုရဲ့၈၈ ခေါင်းဆောင်တွေအားလုံးကလည်းလွတ်မြောက်လာတာနဲ့ တွေ့ဆုံဆွေးနွေးရေးကိုပဲ ဆက်လျှောက်ကြဖို့ တညီတညွတ်တည်းပြောခဲ့ပြီးသားပါ။

ရွှေည၀ါ ဆရာတော်ရဲ့ အရေးမှာ မဟန က ပြည်သူကိုပါနားလည်အောင် ရှင်းလင်းထုတ်ပြန်ပေး မယ် ဆိုရင်ကောင်းမယ်လို့ကျနော်မြင်မိပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲ ဆိုတော့ အဲဒီ ကိစ္စနဲ့ပါတ်သက်ပြီး ကျနော် ပြန်တင်တဲ့ သတင်းလေးတပုဒ်ရဲ့ ကွန်မင့်မှာ ဆရာတော်ကြီးတပါး ရဲ့ မေတ္တာရပ်ခံမှုကို တင်ပြလာပါတယ်။ ဒါပေမယ့် အဲဒီကွန်မင့်ကို တင်တာ ကောင်မလေးငယ် ငယ်လေး၊ ပရိုဖိုင်းပုံက ဘောင်းဘီတိုပြတ်လေးနဲ့။ တင်တဲ့ကွန်မင့်ထဲမှာက ဘုန်းဘုန်းမေတ္တာရပ် ခံချင်တာကတော့ ဆိုပြီး. . စ တယ်။ ကျနော်ဖတ်ကြည့်တော့ သိပ်ကောင်းနေတယ်။ ဆရာတော် ကြီးက (ဆရာတော်ကြီးလို့ပဲ ထင်ပါတယ်) ရွှေည၀ါ ဆရာတော်ရဲ့ဟောပြောချက်တချို့ဟာ ၀ိနည်းတော်နဲ့ ငြိနေလို့၊ အရေးယူရတယ်၊ အဲဒီလို အရေးမယူရင် သာသနာတော် ညှိုးနွမ်းမယ် လို့ ထောက်ပြတယ်။

ဒါပေမယ့် ဘယ်အချက်တွေဆို တာ သေချာမရှင်းဘူး။ နောက် ရွှေည၀ါ ဆရာတော်ကို အရေးယူတာလည်း ဖမ်းဆီးခြင်း၊ လူဝတ်လဲခိုင်းမျိုး ခြင်းမဟုတ်ဘူး။ သံဃာအဖွဲ့ အစည်းပိုင်ကျောင်းက နှင်တာ။ ဒါကလည်း ကျောင်းက သံဃာ့အဖွဲ့အစည်းပိုင် မို့လို့၊ သံဃာ့အဖွဲ့ရဲ့ စည်းမျည်းစည်းကမ်းမှ မနာခံရင် ဒီကျောင်းမှာ သီတင်းမသုံးနဲ့လို့ ဆုံးဖြတ်တာ လို့ အဓိပ္ပါယ်ဆောင်ပါတယ်။ တကာတို့ အနေနဲ့ ကိုယ့်ဆရာတော်ကို ချစ်ခင်ကြည်ညိုရင် ဆရာတော်အတွက် ကိုယ့်ဖါသာ ကျောင်းစီစဉ်ပေးပါ၊ သံဃာအဖွဲ့အနေနဲ့ ဒီလို ဆုံးဖြတ်ရလိမ့်မယ် လို့ပါပါတယ်။ စာက ကျနော်တို့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင် ကို ဦးတည်ပြီး ရေးတာပါ။ အရမ်းကောင်းပါတယ်၊ ဒါပေမယ့် ခုနပြောသလို ကျနော့်ဆီကို ရောက်လာပုံက ကောင်မလေး တယောက်က တဆင့် ကွန်မင့်ထဲ ၀င်ရေးထားတာ။ ကျနော်က ဘယ်လိုလို့ ပြန်ရှယ်မလဲ။ သူ့ကို သေချာ ပြန်တက်ဂ်လုပ်ပေးဖို့၊ မူရင်းလင့်ခ်ကိုပေးဖို့ပြောတော့ ကွန်မင့်တွေ အကုန်ပြန် ဖျက်သွားပါတယ်။ ဒီတော့ ပိုဆိုးသွားတာပေါ့။ သံဃာအရေးကို သာမန်လူတွေ ရှင်းစရာမလိုတာ မှန်ပေမယ့် ဒီလိုလူထု က ဘုမသိဘမသိ ပါလာရင် အားလုံးရဲ့အကျိုးတွေကို မျှော်ကိုးပြီး ဆရာတော်ဘုရားတို့အနေနဲ့ ပြည်သူကိုလည်း နားလည်အောင် သည်းခံရှင်းလင်းပေးဖို့မေတ္တာရပ်ခံ လျှောက်ထားပါရစေဘုရား။ ခုနက လင့်ခ် ကိုတင်ကြတဲ့ သူတွေကိုလည်း သေချာ စနစ်တကျတင်တာမျိုးတွေလုပ်ဖို့ အကြံပေးချင်တယ်။ ယုတ်စွအဆုံး ကိုယ်တိုင်မတင်ချင်ရင် ကျနော့်ဖေ့စ်ဘွတ်ခ်မေးလ် ကို ပို့ပါ။ တိကျခိုင်လုံတဲ့ အခြေအမြစ်တွေတော့ ရှိသင့်တာပေါ့။ ခိုင်လုံတယ်ဆို ကျနော် ပြန်တင်ပါ့မယ်။ ကျနော်အမြဲပြောနေ ရေးနေတဲ့အတိုင်း သတင်းအားလုံး ဟာ ပွင့်လင်းမြင်သာမှု ရှိရင် ပြည်သူလူ ထု အနေနဲ့ ဘာပယောဂမှ မငြိပဲ နေနိုင်ပါလိမ့်မယ်။ ဘာပဲ ပြောပြော မနေ့က ဘာမှ ဆိုးဆိုးရွားရွားမဖြစ်ပဲ ပြီးစီးသွားတဲ့အတွက် အာဏာပိုင်တွေကို ကော၊ သံဃာတော်တွေကိုရော၊ ပြည်သူလူထုကိုရော ကျေးဇူးတင်ပါတယ်။ ရွှေည၀ါ ဆရာတော် ဟာ ကျနော်တို့ ချစ်ခင်လေးစားကြည်ညိုရတဲ့ ဆရာတော်ပါ။ ဒါပေမယ့် ပြဿနာကိုတော့ ငြိမ်း ချမ်းစွာ ဖြေရှင်းမှ မှန်ကန်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ကျနော့်အကိုတွေကလည်း ဒီလိုနည်းနဲ့ပဲ ဖြေရှင်းသွားကြမယ်၊ သွားခဲ့တယ် လို့ ယုံကြည်ပါတယ်။

ချစ်ခင်စွာ ချိုတူးဇော်

1 comment:

  1. သိပ်ကောင်းပါတယ်။ တကယ်ဘဲရွှေည၀ါ ဆရာတော် က သံဃာစည်းကမ်းနဲ. မကိုက်ညီဘူး ဆို၇င် ဘယ်ဟောချက်က မှားနေတယ်ဆိုတာ ပည်သူလူထုကို ရှင်းပြသင်.တာပေါ.။ အခုရေညြ၀ါဆ၇ာတော်အေ၇းကျတော. မဟန ဆ၇ာတော်တွေ ၀င်ေ၇ာက်ကိုင်တွယ်ပြီး ၊ သံဃာအေ၇းအခင်းတုန်းက ကျတော.ဘာဖြစ်လို.၀င်မပါလဲ၊ဆုံးဖြတ်ချက်ချတဲ. ဆ၇ာတော်တွေေ၇ာ သံဃာစည်းကမ်းနဲ.တကယ်.ကိုဘဲ လိုက်နာပါ၇ဲ.လား၊ သာသနာတော်ကို ၀ိုင်းဝန်းစောင်.ရှောက်တော်မူကြပါ။ ဒီမိုကေ၇စီအေ၇းကိုတော. တခြားနိုင်ငံတွေနဲ.နိုင်းယှဉ်ပြီး ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ် ခွဲခြားနိုင်ပေမဲ.၊ သံဃာအေ၇း က တော.မြတ်စွာဘု၇ား အဆုံးအမ အတိုင်း အစစ်အမှန် ဖြစ်ေ၇းကတော. မဟန ဆ၇ာတော်တွေ တင်မက တခြားဆ၇ာတော်များကပါ မြန်မာပြည်ရှေ.ေ၇းအတွက် ကူညီတော်မူပြါဘု၇ား၊

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.