Wednesday, May 16, 2012

0 တောင်ကိုရီးယားသမ္မတခရီး လုံးခြုံရေး ငါးဆတိုးချ




တရုတ်နိင်ငံဘက်မှ တဆင့်မြောက်ကိုရီးယား အမျိုးသမီးသူလျှို ငါးဦးထိုးဖောက်စိမ့်ဝင်လျှက်ရှိသည်ဆိုသော သတင်းကြောင့် တောင်ကိုရီးယား သမ္မတလီမြောင်ဘတ်၏ ချစ်ကြည်ရေးခရီးလုံခြုံရေးကို ငါးဆတိုးမြှင့်ချထားကြောင်း ဗဟန်းမြို့နယ်မှ(စအဖ)ခေါ် စစ်ဖက်လုံခြုံရေး သတင်းရပ်ကွက်မှ စုံးစမ်းသိရှိရသည်။

တောင်းကိုရီးယားသမ္မတသည် မေလ ၁၅ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံပြီး ရွေတိဂုံဘုရား မြောက်ဖက်မုဒ်ရှိ အာဇာနည်ဗိမာန် သို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

တောင်းကိုရီးယားသမ္မတ မလာခင်သုံးရက်ခန့်ကတည်းက ရန်ကုန်မြို့၏ အဓိကကျသော အ၀င်အထွက်လမ်းများအား တင်းကြပ်သောစစ်ဆေး မှုများ ပြုလုပ်ပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း အင်းစိန်းစော်ဘွားကြီးကုန်းတွင်နေထိုင်သူ တစ်ဦးက ပြောကြားသည်။

နှစ်ပေါင်း ၃၀နီပါးအတွင်း တောင်ကိုရီးယားသမ္မတတစ်ဦး ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ၁၉၈၃ ခုနှစ်က နောက်ဆုံးလာရောက်ခဲ့ သော တောင်ကိုရီယားသမ္မတ ချန်ဒူးဝမ်ခရီးစဉ်တွင် မြောက်ကိုရီယားနိင်ငံဘက်ဗုံးခွဲ တိုက်ခိုက်မှုကြောင့် သမ္မတချန်ဒူးဝမ် အသက်ဘေးက လွတ်မြောက်ခဲ့ သော်လည်း အစိုးရအဖွဲ့ဝင် ၀န်ကြီးလေးယောက်နှင့် သံတမန်များ အသက်ဆုံးရှုံးခဲ့ရသည်။

MP(transparencymyanmar)

အပေါ်ကပုံမှာဖော်ပြထားတဲ့ လုံခြုံရေးယူနေတဲ့ တောင်ကိုး၇ီးယားကွန်မန်ဒိုလုံခြုံရေးနဲ့ လုံးဝကွာခြားတဲ့ ရန်ကုန်မြို့ကမ္ဘာအေး ဘုရားလမ်း ရွှေဂုံတိုင်မီးပွိုင့်အနီး တွေ့ရှိရသော မြန်မာလုံခြုံရေးရဲတွေရဲ့ ပုံစံဟာရဲတွေနဲ့မတူဘဲ တာဝန်ကျတာကို ပျော်ပွဲစားထွက်လာသလိုပဲ။ ဆေးလိပ်လေးသောက်လိုက်။ စကားလေး ပြောလိုက်နဲ့ဗျာ..


Photo credit should read Soe Than WIN/AFP/GettyImages)The voice weekly

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.