Sunday, May 13, 2012

0 ကြံ့ဖွတ်ကို ပြည်သူတွေ ဘာ့ကြောင့် မုန်းသလဲ.. (တစ်ချိန်မှာ လူငယ်တွေပြန်ကြည့်ရမယ့် ထိုဓါတ်ပုံ)


၁။ ။နာဂစ်ဖြစ်တဲ့နေ့ ကမ္ဘာပျက်သလိုဘဲ အားလုံး ဒုက္ခတွေရောက်ကြတယ်။ မိုးလင်းတာနဲ့ မြင်ရတာက သစ်ပင်တွေကျိုးကျပြီး လမ်းတွေ အားလုံးပိတ်ဆို့နေတာပါဘဲ။ ကြည့်နေတုန်းရှိသေးတယ် သံဃာတော်တွေ အုပ်စုလိုက်ကြွလာပြီး ဓါးတွေ လွှတွေနဲ့ ခုတ်ကြ ထစ်ကြတယ်။ ၂ နာရီကျော် ၃ နာရီလောက် လုပ်အပြီး လမ်းပေါ်မှာ အမှိုတ်တစ်စတောင် မရှိတော့ဘူး။ နောက်တစ်နေရာကို သွားပြီး သံဃာတော်တွေ ခုတ်နေကြပြန်တယ်။..

၂။ ။ နာဂစ်ဖြစ်ပြီး ပျက်စီးနေတုန်းက ဘယ်ရောက်နေမှန်း မသိတဲ့ ကြံ့ဖွတ်တွေ ၅ ရက်အကြာ ရုပ်/သံမှာ ပါလာတယ်။ ပြည်သူတွေကို ဘယ်လို ကူညီနေတယ် ဆိုတဲ့အကြောင်း..

၃။ ။ အဲ့ဒီနေ့ မနက်ဘဲ ရွှေဂုံတိုင် ဓမ္မစေတီလမ်း နဲ့ ကမ္ဘာအေးဘုရားလမ်းထောင့်က သံဃာတော်တွေ ရှင်းလင်းထားလို့ သန့်နေတဲ့နား ကြံ့ဖွတ် အယောက် ငါးဆယ်လောက် ရောက်လာတယ်။ ရုပ်/သံ ရိုက်မယ့်သူကို ထိုင်စောင့်တယ်။ ရုပ်သံရိုက်တဲ့သူ လာတဲ့အခါကစပြီး ခုတ်ချင်ယောင်ဆောင် လှည်းချင်ယောင်ဆောင်ကြတယ်။

၎။ ။ ညဖက် ရုပ်/သံမှာ ပါလာတယ်။ ကြံကဖွတ်က ဗဟန်းမြို့နယ်အတွင်း လှည့်လည်ကာ သန့်ရှင်းရေးလုပ်ကြောင်း xxxxxxxx
နာဂစ်ကြောင့် ပြည်သူများ ဒုက္ခရောက်နေစဉ် လမ်းရှင်းပေးနေသော သံဃာတော်များ
ခုနအပေါ်ဆုံးမှာတင်ထားတဲ့ ဖွတ်ပုံတွေက Location ကို ပေါ်လွင်တဲ့ပုံ ရွေးထားလို့ သေချာမမြင်ရဘူးလေ။ အခုပုံကတော့

ကိုဇော်လွင်ဝင်း

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.