Saturday, April 28, 2012

0 ဗိုလ်နှုတ်ခမ်းမွှေး၏ဒေသအား နိုင်ငံတကာမူးယစ်တပ်ဖွဲ့များ လာရောက်စစ်ဆေးရန် ဖိတ်ခေါ်

ထိုင်းနိုင်ငံမှ အလိုရှိဆုံးဖြစ်သည့် မူးယစ်ရာဇာ ၂၅ဦးတွင် ကလိုထူးဘောတပ်ဖွဲ့၏ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးအား ထည့် သွင်းထားခြင်းသည် အကြောင်းပြချက်မခိုင်လုံသည့် ဖြစ်စဉ်ဖြစ်သောကြောင့် နိုင်ငံတကာ မူးယစ်တပ်ဖွဲ့များအနေဖြင့် မိမိတို့ဒေသကို လာရောက်စစ်ဆေးရန် ဖိတ်ခေါ်ပါကြောင်းဧပြီ ၂၇ရက်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၏စွပ်စွဲချက်များသည် မှားယွင်းနေခြင်းကြောင့် ကာယကံ ရှင်နှင့် ယင်း၏တပ်ဖွဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့ရုံသာမက ကရင်အမျိုးသားထုတစ်ရပ်လုံးနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကိုပါ ကျဆင်းစေခဲ့သည့်အတွက် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အရေးယူ ဖြေရှင်းရ မည် ဖြစ်ကြောင်းပါရှိသည်။

ယင်းကြောင့် မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(DEA)နှင့် နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ သည် ယင်းတို့၏ ဒေသသို့ လာရောက်လေ့လာ ကြည့်ရှုစေလိုပါကြောင်း ပါရှိသည်။

ထိုင်းအစိုးရအနေဖြင့်အလိုရှိဆုံးသောမှုးယစ်ရာဇာ၂၅ဦးစာရင်းကို ဧပြီ၂၀ရက်က ထုတ်ပြန်ခဲ့ပြီး ရွှေတြိဂံနယ်စပ် တွင် လှုပ်ရှားနေသည့် နော်ခမ်းနှင့် ကရင်ပြည်နယ်ရှိ ကလိုထူးဘောတပ်ဖွဲ့မှ ဗိုလ်ချုပ် စောလားပွယ်(ခ) နှုတ်ခမ်းမွှေးနှင့် ယင်ဆေးဆိုသူတို့ ပါဝင်ခဲ့ပြီး နော်ခမ်းကို ဧပြီ ၂၆ ရက်မနက်တွင် တာချီလိတ် ဒေသမှာ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

KP



Yangon Chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.