Sunday, August 12, 2012

3 အရိုးပြာများ မယူဘဲ မြေမှုံမြေသားကိုသာ ယူသွားရတဲ့  ပုဂ္ဂိုလ်က မျက်ရည်ကျပြခဲ့ ရပြီ

တူရကီနိုင်ငံခြားရေးဝန်ကြီး (ံ H E Am Khmet Davitoglu ) ကဇနီးဖြစ်သူကိုပါ ခေါ်ယူပြီး မြန်မာနိုင်ငံကို အလည်လာခဲ့ သည်။သမ္မတဦးသိန်းစိန်နှင့်တွေ့ တော့ မြန်မာနိုင်ငံမှာဗုဒ္ဒဘာသသာဝင်များနှင့်အစ္စလမ်ဘာသာကိုးကွယ်သော လူမျိုးစုများရှိ၍ ပဋိပက္ခများ ဖြစ်တတ်သည်ကိုနားလည်သည်။ ယခုအချိန်တွင် ဒုက္ခရောက်သူများကို ကူညီရန် လာခြင်းဖြစ်ပြီးအစ္စလမ်ဘာသာဝင် မှ ဗုဒ္ဒဘာသာဝင်ကိုးကွယ်သူမှ မဟုတ်ဘဲ အားလုံးကိုကူညီရန်လာခဲ့ ရခြင်းဖြစ်သည် ဟု တွေ့ ဆုံပွဲမှာ ပြောဆိုသွားသည် ။

နိုင်ငံခြားရေးဝန်ကြီး၏ပြောဆိုသောစကားမှာပြည်ပမီဒီယာများကလက်ယားပါးစပ်ယားရေးနေသောသမိုင်းလိမ်လူမျိုးနာမည်ရှိသည်ကို ကူညီရန်လာခြင်းဟု ပြောဆိုသွားသည်ကို မတွေ့ ရ ။ သူ့ မှာပြောနိုင်သောအခြေအနေရှိသည် ။ သူသည် သံတမန်တဦးဖြစ် ၍ သမ္မတဦးသိန်းစိန်မှာမြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟုခေါ်သော လူမျိုး မရှိသည်ကို လက်မခံ ၊ ထို
့ကြောင့် ယင်းလူမျိုးများအား ကူညီထောက်ပံ့ရန် လာခြင်းပါဟု ပြောနိုင်သောအခွင့်အရေးရှိသည် ။ သို့ သော် သူမပြောဆိုခဲ့  ။ မပြောဆိုသည့်အတွက်ပြန်သွားသည့်အချိန်၌လည်း ဘာမှ ပြောစရာမလို ။ ပြောလို့ လည်း အသိအမှတ် မပြု၊ ဤသည်ကို တူရကီနိုင်ငံခြားရေးဝန်ကြီး သေချာပေါက် နားလည်ပါလိမ့်မည် ။
သူနှင့်အတူတပြုံကြီးရခိုင်ပြည်နယ်ကိုသွားရောက်ကြပါသည်။လူမျိုးတုံးသတ်ဖြတ်နေပါသည်ဟု ကြေညာခံထားရသော နယ်မြေဒေသတွင် သူသည်အလောင်းကောင်များ ၊ လဒများ ၊ ကြက်ခြေနီအဖွဲ့ ဝင်များ ၊ ကာယကံရှင်များ ၏
ငိုကြွေးနေကြသော သင်ချိုင်းဇရပ်ပေါ်မှ အနိဋ္ဌါရုံများကို မုချတွေ့မြင်ရမည်ဟု ထင်ခဲ့ သည် ။ ယင်းသို့ မြင်ရချိန်မှာ ပို၍ခိုင်မာသော သက်သေပြချက်ဖြစ်အောင် သူ၏ ဇနီးဖြစ်သူကိုပါ ခေါ်ယူခဲ့ သည် ။
this is not compassion. This is about making profits out of others' troubles.
အမျိုးသမီးဆိုလျှင် ဖက်ယမ်း ငိုကြွေးကြသည်မို့  သရုပ်ဆောင်ကောင်းအောင်ခေါ်လာခဲ့ ခြင်းဖြစ်သည် ။ သို့ သော် သူတို့  တွေ့ ခဲ့ ရသော သူတွေထဲမှာအမျိုးသမီးတွက ငိုပြနေသည်ကို မတွေ့ ရ ။ မိဖမရှိတော့၍ ခလေးတွေ
ငိုကြွေးပြီး သောင်းနှင့်ချီသော မိဖမဲ့ ခလေးသူငယ်များကို မမြင်တွေ့ ရ ။သင်းချိုင်းကုန်းမှာ မည်သူမျှ ငိုကြွေးနေကြသည်ကို မမြင်ခဲ့ ရ ။ စစ်တွေမြို့၌ လူဦးရေအများဆုံးရှိသော ဗုဒ္ဒဘာသာဝင်များကြားမှာ အစ္စလမ်ဘာသာဝင်ကိုးကွယ်သော လူမျိုးကို တယောက်မကျန် သေဆုံးနေသည်ကို မမြင်ခဲ့ ရ ။
မောင်တောမြို့ မှာ သေဆုံးနေကြပြီး ပုပ်ပွနေသော အစ္စလမ်ဘာသာဝင်အလောင်းကောင်များ၏ အပေါ်မှာ ၀ဲပျံနေသော လဒများကို မမြင်ခဲ့ ရ ။ သူတို့မြင်ခဲ့ ကြားခဲ့  ကြရသည်မှာ ဒုက္ခသည်စခမ်း၌ ငိုပြ မျက်ရည်ကျပြနေသော
အစ္စလမ်ဘာသာဝင် ယောက်ျားရင့်မကြီးတွေ ဖြစ်နေသည် ။ သူတို့ တွေသည်ရခိုင်လူမျိုးများအား မီးရို့ ခဲ့ သော သတ်ဖြတ်ခဲ့ သော သူများဖြစ်သည်ကိုနိုင်ငံခြားရေးဝန်ကြီးက မသိ၍လား မသိ ၊ ဖက်၍ပင် ငိုပြလိုက်
မျက်ရည်ကျပြလိုက်သေးသည် ။

နိုင်ငံခြားရေးဝန်ကြီး၏ ဇနီးဖြစ်သူကိုဆုပ်ကိုင်ကာ ငိုကြွေးနေသော လင်သေဆုံး၍ ငိုပြနေသည့် အမျိုးသမီး မရှိဘဲ ၊
မိဖသေဆုံး၍ မိဖမဲ့ ဖြစ်နေသော ခလေးတွေ ငိုပြနေသည် မဟုတ်ဘဲတူရကီအမျိုးသမီးက မျက်ရည်ကျပြသည်မှာ ၀မ်းနည်းတတ်သော သူဖြစ်၍ငိုချင်ရှာသည်ဟု လက်ခံရမည့် အနေအထားသာ ရှိသည် ။ မည်သူမဆို
ဒုက္ခကျရောက်နေသူများပါဟု ပြောတော့ ကြားရသူ မြင်ရသူ အပေါင်းတို့ မှာမျက်ရည်ဝဲ မျက်ရည်ကျကြရတတ်ပါသည် ။
သို့ သော် တကူးတက လာခဲ့ ကြသော သူတို့ ၏ စိတ်ထဲတွင် လူမျိုးမတုံးဘဲအစ္စလမ်လူမျိုးတွေက ငိုပြနေရလောက်အောင် လူတွေ ရှိနေသည်ဆိုသည်ကိုလက်ခံရပါလိမ့်မည် ။ ထို့ ကြောင့် အစ္စလမ်ကိုးကွယ်သော ဘင်္ဂလီလူမျိုးတို့ မှာတူရကီနိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ ကြရ၍ လူမျိုး မတုံးသေးကြောင်းပြသနေပါပြီ ။

လူ့ အခွင့်အရေး ပုဂိုလ်များသည် ဤအချက်ကို အရေးတယူလက်ခံရပါလိမ့်မည် ။ စစ်စစ် စစ်တွေမြို့ မှာ ရခိုင်လူမျိုးတွေ
အများအပြားရှိသည် ။ လူမျိုးရေးဖြစ်၍ သတ်ဖြတ်ကြသည်ဆိုလျှင်အစ္စလမ်ဘာသာဝင်လူမျိုးတို့ မှာ ထိခိုက်မှုများစွာ ရှိပါလိမ့်မည် ။ သို့သော် သူတို့  ထိခိုက်မှုနည်းပါးသည် ။ အခြားတဖက်မှာ စစ်တွေမြို့ တွင်အိမ်များကို မီးရို့ သူတို့ မှာ သူတို့ သက်သက်သာဖြစ်နေသည် ။

အိမ်ရှင်ဖြစ်သောရခိုင်လူမျိုးတွေကဒုက္ခသည်စခမ်းမှာ ရောက်ရှိနေသည်ကိုတူရကီနိုင်ငံခြားရေးဝန်ကြီး မြင်တွေ့ သောအခါ ဧည့်သည်နှင့် အိမ်ရှင်တို့ ၏အခြေအနေကို သူနားလည်ပါလိမ်မ့ည် ။ တူရကီနိုင်ငံတွင် အာမေနီးယန်း လူမျိုး
သိန်းသန်းချီပြီး ရက်စက်စွာ သတ်ဖြတ်ပြီး သူတို့ မြေမှ နှင်ထုတ်နေသည်မှာအိမ်ရှင်နှင့် ဧည့်သည်ပြသနာဖြစ်သည် ။အိမ်ရှင်သည် မည်သည့်အခါမှ ဒုက္ခသည်မဖြစ်ကြရပါ ။ ခုတော့ ကျွန်တော်တို့  ပြည်သူတွေမှာ
ကိုယ့်ရပ်ကိုယ့်ရွာမှာနေပြီး ဒုက္ခသည်ဖြစ်သွားကြရသည်။လူမျိုးပျောက်လောက်အောင်အထိ လူမျိုနေသော လူ
့အခွင့်အရေးချိုးဖေါက်ခံရမှုကို မည်သည့် လူ့ အခွင့်အရေးကာကွယ်စောင့်ရှောက်သူများက မပြောဆိုကြသည်မှာ ချီးမွမ်းစရာဖြစ်သည် ။

ကျွန်တော်တို့ ၏ မြေတလက်မကိုမကာကွယ်မပိုင်ဆိုင်ရဘဲကျူးကျော်ဝင်ရောက်နေသောသူတို့ သည် မြေလက်မပေါင်းများစွာကို နယ်ချဲ့ နေထိုင်ခဲ့ သည့် အတွက်ကြောင့် ခုတော့ မြန်မာနိုင်ငံတ၀န်း အခြေတကျရှိနေကြပြီ ။
ဤအချက်ကို တူရကီနိုင်ငံခြားရေးဝန်ကြီးသည်အစ္စလမ်ဘာသာဝင်များနေထိုင်သော မြန်မာနိုင်ငံ၏ သမိုင်းကို လေ့လာထားသူဟုပြောထားတော့ သူ့ အဖို့  မြန်မာနိုင်ငံသားတို့ ၏ စိတ်ဆန္ဒကိုခုအချိန်လောက်မှာ နားလည်လောက်ပြီဖြစ်သည် ။ သူယခု လာစဉ် သူကြားခဲ့ သိထားခဲ့ သော အချက်အလက်များမှာ ကွဲပြားနေမှန်း သူ သိလောက်ပြီဟု ထင်သည် ။

သို့ သော် သူမြေကြီးတွေကို ပုလင်းတွေထဲမှာ ထည့်ယူသွားသည် ။အင်မတန်နေချင်စရာ ကောင်းလှသော ရခိုင်မြေက မြေမှုံမြေခဲမှာ သွေးစသွေးနများ၊ အရိုးပြာများ မပါသွားသည်ကပင်လျှင် အဖြစ်အပျက်အမှန်များကို
မီးမောင်းထိုးပြခြင်းဖြစ်သည် ။ တူရကီနိုင်ငံခြားရေးဝန်ကြီးအဖို့ အစ္စလမ်ဘာသာဝင်များသည် မည်သည့်လူမျိုးဖြစ်သည်ဟု စောဒကတက်ပြီး ပြောခဲ့ခြင်းမရှိ ။ ထို့ ကြောင့် သူ့ အနေဖြင့် မိမိနိုင်ငံသို
့ပြန်ရောက်သညည့်အခါ သူမြင်ခဲ့  တွေ့ ခဲ့ သည်ကို အရှိကို အရှိအတိုင်းပြောဆိုရှင်းပြရမည်ဖြစ်သည် ။ မြန်မာနိုင်ငံကိုလာခဲ့ ပြီး ပြည်တွင်းတွင်ဘာမျှ မပြောဆိုခဲ့ ဘဲ သူတို့ နိုင်ငံပြန်ရောက်မှ ထိုင်းနိုင်ငံရောက်မှ
သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ပြီး တောင်စဉ်ရေမရ ပြောချင်ရာ ပြောသည်မှာအဆင့်မြင့်သံတမန်ရေးရာ သမားများမဟုတ် ။ ဂုဏ်သိက္ခာရှိသော သံတမန်များသည်သူတို့ ၏ သံတမန်ကျင့်စဉ်အတိုင်း ကျင့်သုံးရန်တာဝန်ရှိသည် ။
ကုလသမ္မဂမှ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာသောမတ်စ်ဟိုဟေးကင်တားနားမှာ မြန်မာနိုင်ငံတော်အစိုးရ၏ အဆင့်မြင့် အရာရှိဖြစ်သောသမ္မတဦးသိန်းစိန်နှင့် တွေ့ ဆုံခဲ့ ပြီး ဦးသိန်းစိန် ပြောကြားချက်ကို
နားနှင့် ဆတ်ဆတ်ကြားခဲ့  မြင်ခဲ့  တွေ့ ခဲ့ သူဖြစ်သည် ။ သို့ သော် သူသည်မည်သို့ မျှ စောဒကတက်ပြီး မျက်နှာချင်းဆိုင် ရှင်းလင်းပြောဆိုခြင်းမရှိခဲ့။ နိုင်ငံခြားရေးဝန်ကြီးဟောင်းများ ရုံးခမ်းတွင် အခြားသောသံတမန်များက
မျက်မြင်နှင့် ကိုယ်တွေ့  ခြားနားမှုများရှိပါသည်ဟု ပြောသည်ကိုတလုံးတလေတပါဒမျှ ငြင်းချက် မထုတ်ခဲ့  ။ ထိုင်းနိုင်ငံရောက်မှပြောချင်ရာပြောတော့သည် ။

ထို့ ကြောင့် မြန်မာနိုင်ငံ၏အရေးအခင်းသည်မွတ်ဆလင်ဘာသာဝင်နိုင်ငံများအဖို့  ကင်တာနားပြောဆိုချက်ကို လက်ခံပြီးသွေးချောင်းစီးစစ်ပွဲဖြစ်လာစေရန် လှုံ့ ဆော်မှုများဖြစ်လာသည် ။ ထို့ကြောင့် မစ္စတာကင်တာနားကို လက်ခံရန် ရှေ့ဆက်အကြောင်းမမြင် ။ယခုအချိန်မှာမြန်မာနိုင်ငံ၏သိက္ခာကိုအဖတ်ဆယ်မရအောင် ချောင်းထဲတွန်းချသူမှာ
ကင်တားနားဖြစ်သည် ။

သူ၏ လေ့လာချက်များမှာ တဖက်သတ်ဆန်လွန်းပြီး လေ့လာမှုများကိုလက်မခံနိုင် ။ ထို့ ကြောင့် သူ့ အား လက်မခံကြောင်း အစိုးရမှ သော်၎င်း ၊လွှတ်တော်မှ၎င်း ထုတ်ဖေါ်ကြေညာရန်လိုသည် ။ သို့ မှသာ အခြားသော
မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးစုံစမ်းစစ်ဆေးသူအစီရင်ခံစာတင်သွင်းသူ တဦးကို ကုလသမ္မဂမှ ရွေးချယ်ခန်
့အပ်ပေးစေလိမ့်မည်ဖြစ်သည် ။ အကယ်၍ မစ္စတာကင်တားနား၏ ရှေ့လမှာ တင်သွင်းမည့်မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကိုအသိအမှတ်မပြုကြောင်းလူသိရှင်ကြားထုတ်ဖေါ်မပြောခဲ့ လျှင်သူ၏ လေ့လာတင်ပြချက်မှာ မြန်မာနိုင်ငံအတွက်အလားအလာကောင်းများ ဖြစ်လာနိုင်မည်မထင် ။

ကမ္ဘာတ၀န်းကမည်သူပင်လာလာမြန်မာနိုင်ငံသို့ လာရောက်ကြပြီဆိုလျှင် ရခိုင်ပြည်နယ်သို့  လာရောက်ပြီး
အလှူအဒန်းများပေးပြီး လေ့လာလိုသည်ဟု ပြောလျှင်သမိုင်းလိမ်လူမျိုးနာမည်မျိုးဖြင့် လာရောက်ခြင်းကို လုံးဝ ခွင့်မပြုသလိုမြန်မာနိုင်ငံက ပြန်လည်ထွက်ခွါတိုင်းလည်းယင်းသို့ မထုတ်ဖေါ်မပြောဆိုရဆိုသောသံတမန်ကျင့်စဉ်ကို လေးစား လိုက်နာသူများကိုသာ ပြည်ဝင်ခွင့် ဗီဇါတင်ပြလိုက်ပါသည် ။ ဤသို့ တင်ပြရသည်မှာ မြန်မာနိုင်ငံ၏
တည်ငြိမ်အေးချမ်းရေးကို လိုလားခြင်းကြောင့်ဖြစ်သည် ။ သမ္မတကြီးဦးသိန်းစိန်၏ စကားကို လေးစား၍ဖြစ်သည် ။

ခိုင်အောင်ကျော် ( နယူးယောက် )
Photo..ဒီမိုဖက်တီးfacebook

3 comments:

  1. ဘယ်သူတွေလာလာ..မင်းတိုင်းပြည်ကလက်ခံပေးလိုက်ပါလား.F.O.C နဲ့ပို့ပေးမယ်ဆိုတာထပ်တလဲလဲပြောပေးပါ။

    ReplyDelete
    Replies
    1. What the hell!!! Why should we accept any one? Our beloved country should not allow any one who can create wrong messages to the world!!!!!!

      Delete
  2. မြေကြီးတွေ ကို ဘာသဘောနဲ့ ယူသွားသလဲဆို တာ စဉ်းစား စရာ။တခုခု ဗေဒင် ယုတာလုပ်မလို့ လားမသိဘူး။စိတ်ထားယုတ်လိုက်တာ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.