Sunday, August 12, 2012

0 တရုတ်တွေ အနုဖက်လို့ တနိုင်ငံလုံးပြုတ်ပြုတ်ပြုန်း

တရုတ်နယ်စပ် ဒုက္ခသည်စခန်း

ဒီနေ့Chinesedelegationteamနဲ့ကချင်ငြိမ်းချမ်းရေးကွန်ယက်၁း၃၀နာရီခန်ကအကြိတ်အနယ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်အစိုးရနဲ့ အလွန်နီးစပ်တဲ့ သူများဖြစ်ကြပါတယ်။ ဒေသခံများက ပြောပြချင်တာ ပြောပြကြပါ လို့ ဖိတ်ခေါ်တဲ့အတွက် တွေ့ဆုံတာဖြစ်ပေမဲ့ တကယ်တမ်းတွေ့ပြီး စကားပြောကြည့်တဲ့အခါ သူတို့ဟာ Independent မဟုတ်ဘဲ၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ စေတနာကြီးမားလှကြောင်းနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ဘိန်းအစားထိုး စိုက်ပျိုးရေးစီမံကိန်း ၀င်ဖို့ promotion လာလုပ်တဲ့ တရုတ်အစိုးရရဲ့ Public Relation ကို လုပ်ပေးနေတဲ့ အဖွဲ့လို့ မြင်ရပါတယ်။

တရုတ်ကောင်းကြောင်း၊ တရုတ်ကြောင့် မြန်မာနိုင်ငံကြီး လင်းထိန်တောက်ပလာမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် အစိုးရနဲ့ စကားပြောပြီးဖြစ်တဲ့အတွက် ဒေသခံနဲ့ လူထုက ဘာပြောပြော ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့အချိုး။ ကချင်ဒေသစစ်ပွဲကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ နစ်နာကြရပါသတဲ့။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ပေးတဲ့အတွက် ကချင်စစ်ပွဲကြီး ပြန်လည် စတင် ခဲ့ရတာပါ။ တာပိန်မြစ်ပေါ်မှာ တရုတ်တွေ ဆောက်ထားတဲ့ ရေကာတာဟာ အကြောင်းပြကောင်းတဲ့ စစ်ကြီးကို စတင်တဲ့ နေရာလေးပေါ့။

ဒေသခံများက ဒီလိုမြင်ပါတယ်-
၁။ တရုတ်စီမံကိန်းမှန်သမျှဟာ အမိမြန်မာနိုင်ငံတော်ကြီးအတွက် ဘယ်လောက် အကျိုးရှိတယ်ဆိုတာ မသိပါဘူး။ ဘယ်လောက်ပေးပြီး ၀င်လာမှန်းလည်း မသိပါဘူး။

၂။ စီမံကိန်းဒေသအတွင်းမှာ နေထိုင်တဲ့ ဒေသခံများအတွက် တစိုးတစိမှ အကျိုးမရှိပါ။ အိုးမဲ့အိမ်မဲ့ လယ်မဲ့ယာမဲ့ ဖြစ်စေတယ်။ အသက်မွေးဝမ်းကျောင်း၊ ၀င်ငွေရလမ်းတွေ အားလုံးပျောက်ဆုံးကုန်ပြီး သူတောင်းစားသာသာ ဖြစ်ကုန်ရပါတယ်။ တရုတ်စီမံကိန်းမှာ အလုပ်ကြမ်းသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ခွင့်တောင် မရကြဘူး။ တရုတ်ဝင်တဲ့ နေရာတိုင်း ပြည့်တန်ဆာလုပ်ငန်းနဲ့ မူးယစ်ဆေးဝါး ဒွန်တွဲနေတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ဘူး။

၃။ တရုတ်စီမံကိန်းတိုင်းဟာ မြန်မာနိုင်ငံအတွက် အမှိုက်ပုံဘဲ ကျန်ပါတယ်။ အားလုံးဟာ သဘာဝသယံဇာတကို သယ်မ ယူဆောင်သွားတဲ့ စီမံကိန်းတွေပါ။ စိုက်ပျိုးရေး စီမံကိန်း ဆိုရင်တောင် ထွက်လာသမျှကို တရုတ်ပြည်ကို သယ်သွားတာပါ။ တရုတ်က အနှစ် ၃၀ သုံးစွဲပြီးသား မြေဟာ နောက်ထပ်ဘာပင်မှ စိုက်လို့ရမှာ မဟုတ်ဘူး။

၎။ ဘိန်းအစားထိုးသီးနှံစီမံကိန်း ဆိုတာတွေဟာ ဘယ်တော့မှာ ဘိန်းစိုက်ပျိုးရာ နေရာမှာ အကောင်အထည်မဖော်ပါဘူး။ ဘိန်းပင်မရှိတဲ့ virgin forests တွေမှာဘဲ လုပ်ဆောင်ကြတာများတယ်။ တန်ဖိုးရှိလှတဲ့ သဘာဝတောတောင်ကို မြေပေါ်မြေအောက် ရှိသမျှ သယ်သွားပြီး သကာလ၊ မြေပေါ်မှာ အောင်မြင်မှု ရှိပါတယ် လို့ ဘယ်သောအခါမှ မှတ်တမ်းမတင်နိုင်တဲ့ သီးနှံပင်မျိုးကို စိုက်ပျိုးထားခဲ့ကြတယ်။ ဘယ်တုန်းကများ စီမံကိန်းသီးနှံအောင်မြင်တယ်လို့ မြန်မာ့သမိုင်းမှာ ကြားဖူးကြလို့တုန်း။ ပြီးတော့ အဲဒီစီမံကိန်းမြေပေါ်က လူတွေဟာ မိမိတို့ အိုးအိမ် ခြံမြေတွေကို ဖယ်ပေးရပြီး မိမိမြေတွေကို ဘယ်သောအခါမှ ပြန်မရကြပါဘူး။

၅။ စီမံကိန်းနဲ့အတူ ၀င်လာမဲ့ တရုတ်အရေအတွက်နဲ့ ဖျက်ဆီးခံလိုက်ရမဲ့ မြန်မာအမျိုးသမီးအရေအတွက်ကို တွက်ကြည့်ကြပါအုံး။ ငွေနဲ့ မှတ်ပုံတင်ကဒ် ၀ယ်တဲ့လုပ်ငန်းကို ၀ိုင်းမော်၊ မိုးမောက်၊ မံစီနဲ့ ဗန်းမော်မြို့နယ်က ထိပ်ဆုံး ဖြစ်ခဲ့ဘူးတယ်။ ပြီးတော့ မြန်မာနိုင်ငံတော်သီချင်းကို ၀ိုင်းဆိုကြတယ်၊

ကဲ.... အရာရာကို ပိုက်ဆံနဲ့ ၀ယ်လို့ရတယ်။ အစိုးရကိုလည်းဝယ်လို့ရတယ်။ ရိုဟင်ဂျာကို အကြမ်းဖက်လို့် အ၀င်မခံကြတဲ့ မြန်မာနိုင်ငံသားများရေ... တရုတ်တွေ အနုဖက်လို့ တနိုင်ငံလုံးပြုတ်ပြုတ်ပြုန်းနေပြီတော့!!!!!

Khon Ja

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.