Thursday, August 16, 2012

0 လွတ်လပ်တဲ့အယ်ဒီတာအာဘော်နဲ. ငွေမျက်နှာအရှိန်- EDITORIAL INDEPENDENCE AND MONEY WEIGHT-

ပြည်ပစာနယ်ဇင်းတွေမှာတော့အဲဒီလိုမဟုတ်ပဲသူတို.ကိုထမင်းကျွေးလစာပေး ငွေပေးသူတွေက မြန်မာပြည်သူတွေ ပရိတ်သတ်တွေက တိုက်ရိုက်မဟုတ်ပဲ ငွေ ချက်လက်မှတ် ထုတ်ပေးသူတွေက နိုင်ငံခြားအစိုးရတွေ နိုင်ငံခြား အဖွဲ.အစည်းတွေ ဖြစ်နေတော့ ငွေပေးတဲ့ ထမင်းကျွေးတဲ့ နိုင်ငံခြားအစိုးရတွေ နိုင်ငံခြားအဖွဲ.အစည်းအကြီးတွေ ကိုပဲ လူထုအကျိုးထက် ဦးစားပေးနေသလို ဖြစ်နေပါသည်။ Where there is an editorial independence in the exiled media??
ပြည်တွင်းက သတင်းမီဒီယာတွေဟာ ပြည်ပက အသံလွှင့်ဌာနတွေ စာနယ်ဇင်းတွေနဲ. ယှဉ်ရင် ပိုပြီး လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ရှိတယ်လို. ဆိုနိုင်ပါသည်။

စာပေစီစစ်ရေးတွေ ရှိနေသော်လည်း စာနယ်ဇင်းတွေအနေဖြင့် ရေးသင့်ရေးထိုက် ပြောသင့်ပြောထိုက်တာကို မချန်လပ်ပဲ ပြောကျ ရေးကျ တင်ပြကျတာပါ။ ခွင့်ပြုချက်မရလို. မတင်ပြရတာက တပိုင်းပါ။ ဒါပေမယ့် စာနယ်ဇင်းတွေ အယ်ဒီတာတွေအနေဖြင့် စိတ်ထဲမှာ လွတ်လွတ်လပ်လပ်နဲ. ဘယ် ငွေရှင် ကြေးရှင်၏ ဖိအားကိုမှ ကြောက်စရာ မရှိပဲ လန်.စရာမရှိပဲ ရေးရဲ ပြောရဲတာကို ဆိုချင်တာပါ။ ကိုယ့်ငွေကိုယ်ရှာပြီး လုပ်နေကြလို.ပါ။ သူများပေးတဲ့ ငွေနဲ. စာနယ်ဇင်းတွေ အသံလွှင့်တာတွေ လုပ်တာမဟုတ်တော့ ပိုပြီး စိတ်ပိုင်းဆိုင်ရာမှာ လွတ်လပ်မှုရှိနေတာပါ။

ပြည်ပ အသံလွှင့်ဌာနတွေမှာ ဒီလိုလုပ်လို.မရပါ။ ငွေရှင်ကြေးရှင် အလှူရှင်တွေက သတ်မှတ် ထားတဲ့ စံတွ စည်းကမ်းတွေကို ကျော်လွန်လို. စိတ်ခေါ်လို. အန်တုပြီး ရေးလို.မရပါ။ ရေးတာ နဲ. အလုပ်ပြုတ်သွားမယ် အလုပ်ထုတ်ခံရနိုင်တယ်ဆိုတဲ့ အသိစိတ်တွေကြောင့် တကယ့် တမ်းမှာ လွတ်လပ်တဲ့ အယ်ဒီတာ အာဘော်တွေ မရှိပါ။

ပြည်တွင်းက ဂျာနယ်တွေ သတင်းမီဒီယာတွေဟာ စာစောင်ရောင်းလို.ရတဲ့ငွေနဲ. ရပ်တည်တယ်။ ကိုယ့်ရဲ့ ဂျာနယ်ကို သဘောကျလို. လူကြိုက်များ အဖတ်များ စောင်ရေများလို. ကြော်ငြာအပ်တဲ့ငွေနဲ. ရပ်တည်တာပါ။ ပြောရရင် ကိုယ့်ငွေကိုယ်ရှာပြီး ကိုယ့်ဈေးကွက် ကိုယ့်ပရိတ်သတ်ရဲ့ အားပေးမှုကို အခြေခံပြီး ကိုယ်ပိုင် လုပ်ငန်းကို လွတ်လွတ်လပ်လပ်နဲ. လုပ်နေတာဖြစ်ပါသည်။ ဒီတော့ ကိုယ့်အလုပ် ကိုယ့်ဂျာနယ် ကိုယ့်စီးပွား ကိုယ်ပိုင်ဖြစ်တော့ အယ်ဒီတာအာဘော် Editorial Policy ကလည်း ကိုယ့်သဘောအတိုင်း ဖြစ်ပါသည်။ တခြား ဘယ်သူကမှ သတင်းခန်းအတွင်းက မဟုတ်တဲ့လူ Anyone out side of News Room က အရိပ်မဲနဲ. ထိမ်းချုပ်တာမျိုး မရှိပါ။

ပြည်ပ သတင်းဌာနတွေ အသံလွှင့်ဌာနတွေမှာ စာနယ်ဇင်းတခု သတင်းမီဒီယာတခု ရပ်တည် လှုပ်ရှားနိုင်ဖို. အဓိက လိုအပ်တဲ့ငွေကို ကိုယ့်ဘာသာကိုယ်နဲ. ရှာရတာ မဟုတ်ပဲ သူများက သနားလို. ပေးတဲ့ ထောက်ပံ့ငွေ Projects Grants နဲ. ရပ်တည်နေရတာပါ။ ပြည်ပ အသံလွှင့်ဌာနတွေအတွက် ကုန်ကျစရိတ်တွေ ၀န်ထမ်းလစာတွေ ခရီးစရိတ်တွေ စသည့် စသည့် ကုန်ကျစရိတ်တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ. ငွေရအောင် အသံလွှင့်အစီအစဉ်တွေတွေကနေ ကြော်ညာတွေကနေ စာစောင်ရောင်းလို. ရတာတွေ သို.မဟုတ် အစီအစဉ်တွေကို လူတွေက ကြိုက်လို. Subscribe လုပ်လို. Loyalty Fees ပေးကြည့်လို. ရတဲ့ ငွေတွေနဲ. လည်ပတ်နေတာမဟုတ်ပဲ နိုင်ငံခြားအစိုးရတွေ၏ နိုင်ငံခြားရေးဝန်ကြီးဌာန State Department or Foreign Office ရဲ့ အသုံးစရိတ်အရလည်းကောင်း နိုင်ငံက အစိုးရတွေကနေ ပေးတဲ့ ငွေတွေကို နိုင်ငံခြား NGOs တွေက တဆင့်ခံပေးတဲ့ အကူအညီ ထောက်ပံငွေတွေနဲ. လည်ပတ်နေတာ ဖြစ်ပါသည်။

ဒါကြောင့် လက်ရှိ အသံလွင်ဌာနတွေမှာ လုပ်နေတဲ့ အကြီးတန်းရော အငယ်တန်ရော ပြောရရင် ဌာနမှူးရော ဒါရိုက်တာရော လက်ထောက်ညွှန်ကြားရေးမှူးရော အားလုံးဟာ ကိုယ့် အသံလွှင့်ဌာန လည်ပတ်နိုင်ရေး ကုန်ကျစရိတ်တွေ ရရှိပြီး အမြတ်ထွက်အောင် သို.မဟုတ် ရှိနေတဲ့ ၀န်ထမ်းတွေကို လစာ ပေးနိုင်အောင် ငွေဝင်ငွေရအောင်အတွက် ဈေးကွက်လည်း ရှာဖို.မလို အရောင်း မြင့်တင်ဖို.လည်း မလို အစောင်ရေ တိုးဖို.လည်းမလို ကြော်ညာတွေ ဆက်တိုက် ရနေဖို. အားထုတ်ဖို. မလိုပဲ--- မြန်မာပြည်မှာ စာနယ်ဇင်း လွတ်လပ်ခွင့် သတင်းလွတ်လပ်ခွင့် မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ. ပြောရရင် မြန်မာပြည်သူတွေရဲ့ မျက်နှာနဲ. နာမည်ကို အသုံးချပြီး Projects Grant တွေ ဆက်ရနေတာပါ။

ဒါကြောင့် အသံလွှင့်အစီအစဉ်ကောင်းလို. လူကြိုက်များလို. ကြော်ညာခတွေ များများ ၀င်လာလို. အစောင်ရေတွေ ရောင်းရလို. ကိုယ့်အစီအစဉ်ကို ကြိုက်လို. ငွေပေး ကြည့်သူတွေ များလို. လက်ရှိ အသံလွှင့် လုပ်ငန်းတွေကို လည်ပတ်နိုင်တာ လုပ်နိုင်တာ ၀န်ထမ်းတွေကို လစာ ပေးနိုင်တာ မဟုတ်ပဲ နိုင်ငံရေးအကြောင်းပြချက်အရ နိုင်ငံခြားအစိုးရတွေက သူတို. အစိုးရ၏ မူဝါဒလိုအပ်ချက် အထူးသဖြင့် Soft- Power အတွက် လွှမ်းမိုး ထိမ်းချုပ်နိုင်ရေး အစီအစဉ်အရ ပေးနေတဲ့ ငွေတွေနဲ. လည်ပတ်နေတာ ဖြစ်ပါသည်။ ဒါကြောင့် နိုင်ငံခြား အစိုးရ လက်အောက်ခံ နိုင်ငံခြား အဖွဲ.အစည်းတွေ၏ လက်အောက်ခံ နိုင်ငံခြား အစိုးရတွေက ပေးတဲ့ ငွေနဲ. လည်ပတ်နေရတဲ့ စာနယ်ဇင်းတွေ သတင်းဌာနတွေဖြစ်နေတာမို. ဘယ်လို လုပ်ပြီးမှ လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ဆိုတာ မရှိနိုင်ပါ မဖြစ်နိုင်ပါ။

Centralized News Lines လုပ်ပြီး ဗဟိုက ချပေးတဲ့ သတင်းတွေကိုပဲ ဒီနေ.အတွက် လွင့်ထုတ်ရမည့်သတင်းတွေ အဖြစ် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာပြန်ပြီး အသံလွှင့်ရတဲ့အဆင့်ပါ။

News Bulletin တခုလုံးကို ကိုယ့်ခြေကိုယ်လက် ကိုယ့်စိတ်တိုင်းကျနဲ. ကိုယ်လွှင့်ချင်တဲ့ သတင်းတွေ ကိုယ်ဦးစားပေး ဖော်ပြ ရှေ.တန်းတင်ချင်တဲ့သတင်းတွေကို ကိုယ်ကြိုက်သလိုမျိုး အယ်ဒီတာတွေက လုပ်ခွင့်ရှိတာ မဟုတ်ပဲ News and Current Affair ဌာနက ချပေးလိုက်တဲ့ ဒီနေ.အတွက် အရေးကြီး ဦးစားပေး သတင်းတွေကိုသာ မြန်မာလို ဘာသာပြန်ဆိုပြီး လွှင့်ပေးရတာပါ။ ဒါကြောင့် မြန်မာအသံလွှင့်ဌာနတွေမှာ စာနယ်ဇင်း သတင်းနည်းပညာ အတတ်ပညာတွေ Professional Journalism ပညာ မတတ်ပဲ နည်းနည်းလောက် မြန်မာစာနဲ. အင်္ဂလိပ်စာ ရေးတတ် ဖတ်တတ် ဘာသာပြန်တတ်ရင်တောင် အလုပ်လုပ်လို.ရနေတဲ့အဆင့်ပါ။ ဒါကြောင့်လည်း ပြည်ပ ရောက်တွေအကြား သူလို ကိုယ်လို လူတွေ သတင်းဌာနတွေမှာ အလုပ်ရတာမို. ငါလည်း သူလောက်တော့ အင်္ဂလိပ်စာ တတ်တာပဲ သူလည်း စာနယ်ဇင်းသတင်းပညာ တတ်ထားတဲ့သူ အဲဒါနဲ. ဘွဲ.ရထားတဲ့သူမှ မဟုတ်တာ ဌာနမှူးနဲ. အဆင်ပြေရင် အလုပ်ရတာမို. အဲဒီအလုပ်ကို ရဖို. တစ်တောင်ဆစ်တွေ တွက်ချင်သူ ခြေကလန်.ထိုးပြီး နေရာ ယူသူတွေ အများစားပဲ။ ဒါကြောင့်လည်း အသံလွှင့်ဌာနတွေမှာ အလုပ်လုပ်နေသူတွေကလည်း တကယ့်လို.သာ ဒီအလုပ် ပြုတ်သွားရင် ငါလည်း သူများတွေလိုပဲ စက်ရုံ အလုပ်ရုံတွေ စားသောက်ဆိုင်တွေမှာ သွားပြီး အလုပ် လုပ်ရမယ် ဒီတော့ ဒီအလုပ်တော့ အပြုတ်မခံနိုင်ဘူး---ဆိုတဲ့ အသိစိတ် ကြောက်စိတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ဆင်ဆာလုပ်ပြီး အလိုက်အထိုက် လိုက်လုပ်နေသူတွေလည်း အများအပြားပါ။ ဆင်ဆာဆိုတာ အစိုးရက သူများက ဖြတ်မှ ဆင်ဆာ မဟုတ်ပဲ ကိုယ့်ဘာသာကိုယ် ကြောက်ပြီး စိုးရိမ်ပြီး ဖြတ်တာဟာလည်း ဆင်ဆာပဲ အဲဒါကို Self-Censorship လို. စာနယ်ဇင်းလောကမှာ ခေါ်ပါသည်။

သို.ဖြစ်ပါ၍ လုပ်ငန်းတခုအတွက် အဓိကကျတဲ့ လည်ပတ်ငွေ လိုအပ်ချက် ကုန်ကျငွေတွေလည်း ရှာစရာမလို ၀န်ထမ်းတွေ လစာ ပေးစရာအတွက်လည်း စိတ် မပူရပဲ သူများပေးတဲ့ အလကားပေးတဲ့ ငွေနဲ. စာနယ်ဇင်း သတင်းမီဒီယာကို လည်ပတ်နေတာမို. ဘယ်လို လုပ်ပြီး လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ဆိုတာ ရှိမှာလည်း။

ပြည်တွင်းက သတင်းမီဒီယာတွေ ဂျာနယ်တွေကတော့ အဲဒီလို မဟုတ်ပါ။ ကိုယ့်ရဲ့ ဂျာနယ် အရည်အသွေး ညံ့တာနဲ. လူတွေက ၀ယ်ဖတ်မှာ မဟုတ်ပါ။ လူတွေ ၀ယ်မဖတ်တာနဲ. ၀င်ငွေ ထိခိုက်တဲ့အပြင် လူတွေ မဖတ်တဲ့ ဂျာနယ်ကိုလည်း ဘယ် စီးပွားရေး လုပ်ငန်းရှင်က သူတို. ကုန်ပစ္စည်းတွေကို ငွေအကုန်ခံပြီး ကြော်ညာ ထည့်မှာလည်း ဒီတော့ အစောင်ရေ များများ ရောင်းချဖို. ကြော်ညာခ များများ ၀င်ဖို. ဂျာနယ် ကုန်ကျစရိတ်နဲ. ၀န်ထမ်းလစာတွေ မှန်မှန်ပေးဖို.အတွက် ကိုယ့် ဂျာနယ် ကိုယ့်စာနယ်ဇင်း အရည်အချင်းနဲ. အရည်အသွေးကောင်းဖို.ဆိုတာ အလိုလိုကို ဖိအားပေးနေတဲ့ Driving Force မောင်းနှင်အား ဖြစ်စေပါသည်။ ဒီလို ဖိအားပေး မောင်းနှင်အားမျိုး ပြည်ပ အသံလွှင့်ဌာနက ဌာနမှူးတွေမှာ ရှိစရာမလို။ မြန်မာပြည်မှာ သူတို. အသံလွှင့်ဌာနတွေ လူဘယ်နှစ် နားထောက်သလဲ ကြည့်လသဲဆိုတာလည်း မျက်မမြင် ပုဏ္နားတွေ ခန်.မှန်းသလိုပဲ တကယ်တော့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါ။ အနောက်နိုင်ငံတွေမှာလို စနစ်တကျနဲ. သုတေသနတွေ Survey and Poll တွေကို လွတ်လပ်တဲ့အဖွဲ.အစည်းတွေက လုပ်ထားတာမျိုးမရှိပဲ ကိုယ့်ဘာသာကိုယ် ခန်.မှန်းပြီး ရမ်းပြောရတဲ့အဆင့်ပဲ မဟုတ်ပါလား။ ဘယ်မှာလည်း စနစ်တကျနဲ. လုပ်ထားတဲ့ စစ်တမ်းကောက်ယူချက်။

ဒါကြောင့် ပြည်တွင်းက စာနယ်ဇင်းတွေ ဂျာနယ်တွေဟာ လူထုရဲ့ ပရိတ်သက်ရဲ့ တုံ.ပြန်မှုကို တိုက်ရိုက်ရှိနေတာမို. သူတို.ရဲ့ ကောင်းချင်း ညံ့ချင်းဟာ သူတို.ရဲ့ လုပ်ငန်းတွေကို တိုက်ရိုက် ထိခိုက်တာ အကျိုးအမြတ်ရှိတာတွေဖြစ်နေတာမို. ပိုပြီးတော့ Editorial Independence ဖြစ်တယ်လို ဆိုရတာပါ။ လူထုနဲ. ပရိတ်သတ်က သူတို.ကို ထမင်းကျွေးသလို ငွေပေးနေတာမို. ပရိတ်သတ်နဲ. လူထုအကျိုးကို အလိုလို ဦးစားပေးရလို ဖြစ်စေပါတယ်။

ပြည်ပ စာနယ်ဇင်းတွေမှာတော့ အဲဒီလို မဟုတ်ပဲသူတို.ကိုထမင်းကျွေးလစာပေး ငွေပေးသူတွေက မြန်မာပြည်သူတွေ ပရိတ်သတ်တွေက တိုက်ရိုက်မဟုတ်ပဲ ငွေ ချက်လက်မှတ် ထုတ်ပေးသူတွေက နိုင်ငံခြားအစိုးရတွေ နိုင်ငံခြား အဖွဲ.အစည်းတွေ ဖြစ်နေတော့ ငွေပေးတဲ့ ထမင်းကျွေးတဲ့ နိုင်ငံခြားအစိုးရတွေ နိုင်ငံခြားအဖွဲ.အစည်းအကျိုးတွေကိုပဲ လူထုအကျိုးထက် ဦးစားပေးနေသလို ဖြစ်နေပါသည်။

အဲဒီတော့ ဘယ်လို လုပ်ပြီး လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ဆိုတာ ဖြစ်မှာလည်း ရှိမှာလည်း ငွေပေးသူရဲ့ မျက်နှာမဲကိုပဲ ကြည့်နေရတာပဲ မဟုတ်ပါလား

Where there is an editorial independence in the exiled media????

Udp Myanmar

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.