Sunday, May 6, 2012

1 နေပြည်တော်နှင့်ရန်ကုန်ကမြို့နယ်အနည်းငယ်ကလွဲ၍ ပြည်နယ်နှင့်တိုင်း အများစုမှာ တစ်ရက် (၆) နာရီ ဘဲမီးရ


နေပြည်တော်နှင့်ရန်ကုန်ကမြို့နယ်အနည်းငယ်ကလွဲပြီးမန္တလေးတိုင်းအပါအ၀င် မြန်မာနိုင်ငံတ၀န်းလုံးက ပြည်နယ်နှင့်တိုင်း အများစုမှာ တစ်ရက် (၆) နာရီ ပဲ မီးလာတော့တယ်လို့သိရပါတယ်..။ အခုလို မီးပျက်နေ တာဟာ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး စီးပွားရေး၊ ဆက်သွယ်ရေး အစစ အရာရာကို ဆိုးဝါးစုတ်ပြတ် စေပါတယ်.။ တချို့က ရန်ကုန်ကို မီးအပြည့်ပေးနေရလို့ တခြားနေရာတွေ မီးတွေပျက်နေတာဆိုပြီး ပြောကြပါတယ်..။

ရန်ကုန် Downtown ဧရိယာနဲ့ VIP နေရာအချို့ကို ၂၄ နာရီ မီးရဖို့အတွက် လတ်တလောစီစဉ်လိုက်တဲ့ အစီအစဉ်ဟာ နိုင်ငံရဲ့ အခြားဒေသတွေက ကဏ္ဍပေါင်းစုံကို ဆိုးရွာစွာ ထိခိုက်လာနေပါတယ်..။ လျှပ်စစ်ဝန်ထမ်းများရဲ့ အဂတိလိုက်စားမှုများကိုလည်း ပိုမိုအားပေးသလိုဖြစ်လာနေသလို ၆နာရီ မီးလာချိန်မှာ လုပ်ငန်းများကအလုအယက်သုံးကြတဲ့အတွက် ထရန်စဖော်မာများ ပေါက်ကွဲလောင်ကျွမ်းမှု များ ဖြစ်လာနေ ပါတယ်။ လျှပ်စစ်နဲ့ မီးအန္တရာယ်များလည်း ပိုမိုဖြစ်ပွားလာနေပါတယ်.။ (ပုစွန်တောင်တွင် ၂-၅-၂၀၁၂ ညတွင် ထရန်စဖော်မာမှ မီးလောင်မှု ဖြစ်ပွားခဲ့သလို မန္တလးတွင်လည်း ထရန်စဖော်မာပေါက်မှုများဖြစ်ခဲ့ကြောင်း သိရပါသည်။)

ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ ၀ယ်ယူမည်ဆိုသော လျှပ်စစ်ဓာတ်အားသတင်းနှင့် ပြည်တွင်းမှ မလည်ပတ် နိုင် သေးသော သဘာဝဓာတ်ငွေ့စက်ပစ္စည်းသတင်းများလည်း မကြားရတော့ပါ.။ မိမိနိုင်ငံရှိ ရပ်ထားရသော သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ငယ်များအတွက် ခွဲတမ်းမကျန်အောင်ပင် အကုန်ရောင်းချထားသော နိုင်ငံတော် သဘာဝဓာတ်ငွေစီမံကိန်းများကို လက်မှတ်ထိုးချုပ်ဆိုခဲ့သည့် လက်မှတ်ပိုင်ရှင်များကိုလည်း အင်္ဂလိပ်စာကို သသေချာချာမဖတ်ကြဖူးလားလို့ မေးချင်သလို လျှပ်စစ်ဓာတ်အားကို ကိုယ့်နိုင်ငံအတွက် မကျန်အောင်ရောင်းချထားသည့် ရေအားလျှပ်စစ် စီမံကိန်းများကို တာဝန်ယူလက်မှတ်ထိုးထားသည့် ဇော်မင်းနှင့် ဇော်မင်းအထက်မှ ငတိကြီးများကိုလည်း စာချုပ်ပါ စာသားတွေကို ကော်မရှင်ဒေါ်လာတွေအဖြစ် မြင်နေလို့ လက်မှတ်ထိုးလိုက်တာလားဟု မေးချင် ပါတယ်..။

GE က ရောက်လာမည့် GAS ဓာတ်အားပေးစက်ငယ်များကိုကော ဘယ်GAS နှင့် လည်ပတ်မည်နည်း..။

ဘာပဲပြောပြော နေပြည်တော်တွင်းနှင့် နေပြည်တော်ဝန်းကျင် လူအနည်းငယ်သာရှိသော သူရဲခြောက်သော မြို့သစ်ကွက်သစ်များတွင်တော့ .. မြန်မာနိုင်ငံမြို့နယ်အချို့တွင် ရာဂဏန်းပြည့်အောင်ပင်မရှိသည့် ..မီးသုံးစွဲအားကောင်းသော ဆိုဒီယမ်လမ်းမီးလုံးများကို သိန်းနဲ့ချီကာ နှစ်ဆယ့်လေးနာရီ(မနက်တွင်ပင် မပိတ်ကြပါ) ထွန်းထားပါကြောင်း..။

Yan aung

1 comment:

  1. ဖျာပုံမြို့တွင်လည်း..မီးကိုအပိုင်းလိုက်ပေးနေပြီး..VIP ဖြစ်သော (၁၂)ရပ်ကွက်ကိုတော့...မီး(24)နာရီပေးထားပါတယ်..။ အဲဒီမှာရှိတဲ့ ၀န်ထမ်းကို ဖုန်းဆက်မေးတော့.. (12)ရပ်ကွက်သည့် VIP ရပ်ကွက်ဖြစ်၍ လုပ်ချင်တိုင်းလုပ်၍မရပါဟုပြန်လည်ပြောကြားပါသည်.. ကျန်တဲ့အညတရပြည်သူတွေကိုတော့ လုပ်ချင်တိုင်းလုပ်နေကြသည့် သဘောဖြစ်နေပါသည်...။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.