Wednesday, May 9, 2012

1 ဂုဏ်ပြုထိုက်သောစံပြမိသားစု

တန်ဖိုးထားထိမ်းသိမ်းစောက်ရှောက်တတ်သော မိသားစုတစ်စုကျေးဇူးကြောင့်သမိုင်းတန်ဖိုး မြင့်မားသော အာဇာနည်ခေါင်းဆောင်ကြီးများ၏မိန့် ခွန်းဓါတ်ပြားများကိုမျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပါပြီ။ လေးစားချီးကျုးထိုက်သော မိသားစု၊ တာဝန်သိမှတ်ကျေပွန်သောမိသားစုပါ။


ဦးအုန်းမောင်+ဒေါ်ဗူးညွန့် 

သမီး

ဒေါ်နု၊ဒေါ်ညို၊ဒေါ်လှမြင့်

မြေး

ကိုတင်ကျော်ကျော်၊ကိုယဉ်မင်းထွန်း(ခ)ကိုဂျိုးဂျိုး၊မဖြိုးဝေေ၀ထွန်း

အိမ်အမှတ်(၆၅၅)၊ဘီအိုစီအနီး၊အောင်ဆန်းရပ်ကွက်၊ရေဦးမြို့ ။စစ်ကိုင်းတိုင်းဒေသကြီး မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ရေဦးမြို့ သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများမိန့် ခွန်းဓါတ်ပြား (၂၂ ) ချပ်လှူဒါန်းပါသည်

ထိုဓါတ်ပြားများထဲတွင်ဒီးဒုတ်ဦးဘချို၊မိုင်းပွန်စော်ဘွားကြီး၏ရှမ်းဘာသာနှင့်ဟောပြောထားသောမိန့် ခွန်းများပါဝင်ပြီးမြို့ တော်ခန်းမတွင်ဟောပြောသောဓါတ်ပြားများဖြစ်ပါတယ်

ရေဦးမြို့နယ်အတွက်ဂုဏ်ယူစရာမိသားစုပါ၊ကျွန်တော်ဒီနေရာကလေးစားစွာဂုဏ်ပြုလိုက်ပါတယ်။အဆိုပါဓါတ်ပြားများကိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြင့်နိုင်နှင့်အတူဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီသို့ ဆက်သွယ်ပေးပို့ လှူဒါန်းမှာဖြစ်ပါတယ်။



Thankyaw Win

1 comment:

  1. great family . appreciate and thanks for this historic donation. give them for special awards.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.