Tuesday, May 8, 2012

1 မသန်စွမ်းသူများကို ကူညီပေးရေး ရွှေမင်းသား ဖေါင်ဒေးရှင်း၏ နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာသော အမေစု၊ မင်းကိုနိုင် နှင့် ကိုကိုကြီး




ရွှေမင်းသား ဖေါင်ဒေးရှင်း နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာသော ၀န်ကြီးတစ်ဦးနှင့် နုတ်ဆက်နေသော အမေစု..

ရွှေမင်းသား ဖေါင်ဒေးရှင်းက လေးနှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ UMFCCI ခမ်းမမှာ ဒီနေ့လုပ်ခဲ့ပါတယ်။

မသန်စွမ်းများနဲ့အတူ ဒေါက်တာ အရှင်ဥာဏ္ဏိသရ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ နဲ့ ၀န်ကြီးအချို့ တက်ရောက်ပါတယ်။

ရွှေမင်းသားဖေါင်ဒေးရှင်း တည်ထောင်တဲ့ ကိုမြတ်သူရ က ပြောတယ်။ဥပမာအနေနဲ့ သူ စူပါမားကတ်ကို သွားပြီး ကိုယ်တိုင်ရွေးချယ် ဈေးဝယ်ချင်တယ်၊ ဒါပေမယ့် စူပါမားကတ်မှာက မသန်စွမ်းတွေ အတွက် အဆင်ပြေအောင် ၀င်ထွက်ပေါက် မလုပ်ထားပေးဘဲ လှေခါး သုံးထစ် လုပ်ထားတဲ့အတွက် ၀ှီးချဲယားနဲ့ သူတွေဟာ ၀င်မရဘူး။

အဲ့ဒီတော့ သူတို့ ခြေလက်မရှိသူတွေက မသန်စွမ်းတာလား၊ ရုပ်ဝထ္ထုပစ္စည်းတွေက မသန်စွမ်းတာလားတဲ့၊
အဲ့ဒီလှေခါး သုံးထစ်ကိုသာ ဖြုတ်လိုက်ရင် အားလုံးဝင်မရတော့ဘူး ဒီတော့ အားလုံးက မသန်စွမ်းတာလားတဲ့။
မသန်စွမ်းတွေအတွက် လုပ်ပေးထားတရင် အားလုံးနဲ့အတူ ဒီလိုနေရာတွေ သွားရောက်နိုင်မှာ ဖြစ်ကြောင်းပြောပြခဲ့တယ်။

အမေစုက မိန့်ခွန်းပြောတဲ့အခါ မသန်စွမ်း ဆိုတာက ခြေလက်မသန်တဲ့သူတွေကို ခေါ်သင့်သလား ခြေလက် မပြည့်စုံတဲ့သူတွေအတွက်ပါ သွားလာနိုင်အောင် မလုပ်ပေးနိုင်တဲ့၊ မစီစဉ်ပေးနိုင်တဲ့ ကျွန်မတို့ အားလုံးကို ခေါ်သင့်သလား လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ သူ့အနေနဲ့ မသန်စွမ်းတွေဆီကနေ သင်ယူစရာတွေ အများကြီးရှိသေးတယ်လို့ ပြောခဲ့ပါတယ်..
Zaw Lwin Win

1 comment:

  1. ဆွံ့အနားမကြားသူတွေအတွက်လည်း စဉ်းစားပေးပါလို့တောင်းဆိုချင် ပါတယ်။ တချို့ အဆင်မပြေတဲ့ ကလေးတွေ အများအပြားရှိကြပါတယ်။ အိမ်ထောင်ကျပြီး ဘ၀ကို အဆင်မပြေဘဲ ရုန်းကန်နေကြတဲ့သူများကို တွေ့ပြီး စိတ်မကောင်း ဖြစ်မိပါတယ်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.