Tuesday, February 8, 2011

0 နေပြည်တော်ကလွှတ်တော်အမတ်ဆိုတဲ့သူတွေ နာဂစ်ဒေသကပြည်သူတွေရဲ့ဘ၀ကိုကြည့်ကြပါဦး

နာဂစ်ဒေသက ကြွက်ကို ဟင်းလုပ်ပြီးစားနေတဲ့ အိမ်ရှင်မတဦး။
နာဂစ်ဒေသက ကြွက်ကို ဟင်းလုပ်ပြီးစားနေတဲ့ အိမ်ရှင်မတဦး။ ဒန်အိုးထဲမှာ ကြွက်နှစ် ကောင်၊ အမြီးတွေက ထိုးထိုးထောင်ထောင်၊ ၀င်ငွေမရှိတဲ့အချိန်မှာကြွက်က သူတို့အတွက် ဟင်းလျာတဲ့။ ကြွက်ကို အရေခွံချွတ်ဖို့ ရေနွေးနဲ့ပြုတ်နေတာလေ။ လပွတ္တာ၊ ဆားချက်ကျေး ရွာမှာပေါ့။
 လယ်ကြွက်က ပလိပ်ရောဂါကင်းတယ်လို့ ဘယ်ပညာရှိကများ ဟောခဲ့ပါသလဲ။ ကြွက်တိုင်းမှာ ပလိပ်ရောဂါရှိနိုင်ပါတယ်။ ကြွက်တိုင်းမှာ လူကို ကူးစက်နိုင်တဲ့ တိရိစ္တာန်ရောဂါတွေရှိပါတယ်။ လယ်ကြွက်ဆိုတာလည်း ကြွက်ပါပဲ။ စပါးသာ စားတဲ့ကြွက်မို့ ရောဂါကင်းတယ်။ မြို့ကြွက်က... ရောဂါကင်းတယ်ဆိုတာမျိုးတွေ က တောရွာတွေမှာ ပြောလေ့ရှိတဲ့ ဓလေ့စကားလို့ပဲပြောရမယ်။ ဟူးးးးးးး.......
နေပူတော်က လွှတ်တော်အမတ်တွေ ဒီပုံကို မြင်ချင်စမ်းပါဘိ။ ကိုရွှေပန်း၊ ကိုပြောင်စိန်၊ ကိုသီဟသကျ ဘင်အောင်မြင့်ဦးတို့ လာကြည့်လှည့်ပါဦးကွယ်။

မြန်မာသတင်း သမားများကွန်ရက်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.