Thursday, December 31, 2009

0 ''ကေအင်န်ယူ၏ အဓိကစီးပွားရေးသည် မူးယစ်ဆေးဝါးဖြစ်လာကြောင်းထိုင်းထောက်လှမ်းရေးက သံသယရှိနေခြင်း''

ကေအင်န်ယူထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့်ပတ်သက်နေသည့် စိတ်ကြွဆေးပြား ၁ သိန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နှင့်ဝမ်ဂျောင်မြို့နယ်အကြား၊ အမှတ်(၁ဝ၄)အာရှလမ်းမကြီးပေါ်မှာ ထိုင်းထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ကရင်ပြည်နယ်၊ မြဝတီလမ်းကြောင်းမှတစ်ဆင့် ထိုင်းနယ်မြေအတွင်း မူးယစ်ဆေးဝါးများဝင်ရောက်လာမှုကို မကြာခဏဖမ်းဆီးရမိခဲ့ပေမဲ့ ယခင်က KNU နှင့် ပတ်သက်ခဲ့ခြင်း မရှိပါဘူး။

ယခုစိတ်ကြွဆေးပြားဖမ်းဆီးရမှုမှာတော့ ဖမ်းဆီးရမိတဲ့ ထိုင်းလူမျိုးတရားခံ ၂ ဦးရဲ့ ထွက်ဆိုချက်အရစိတ်ကြွဆေးပြားတွေကို ဖုတ်ဖမြို့နယ်၊ ဝေါလေခွီးရွာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ KNU အဖွဲ့ထံမှ ဝယ်ယူရရှိခဲ့ကြောင်း ထွက်ဆိုထားပါတယ်။ ဒီထွက်ဆိုချက်တွေအရ ဝမ်ဂျောင်မြို့နယ်ရဲမှူးကြီး သွင်နုတ်ချဲချောနှင့် ဖုတ်ဖမြို့နယ် ရဲမှူးကြီး ဗန်ယျာစွပ်အမ်တို့ဦးစီးပြီး ရဲနဲ့နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့က ဝေါလေခွီးရွာ၊ ရပ်ကွက်(၅)နဲ့ ရပ်ကွက်(၇)တို့ကို ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး KNU နှင့်ပတ်သက်သူတွေကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ကေအင်န်ယူခေါင်းဆောင်ပိုင်းအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ အပြိုင်အဆိုင်လုပ်ကိုင်နေကြရာမှာ အရင်က သစ်မှောင်ခိုခြင်း၊ နွားမှောင်ခိုရောင်းဝယ်ခြင်း၊ ဂိတ်ကြေးကောက်ခံခြင်းတို့ လုပ်ကိုင်စားသောက်နေရာမှ အခုအခါမှာ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်းတို့ တိုးချဲ့လုပ်ကိုင်လာနေပါတယ်။ ကိုးကန့်မူးယစ်ရာဇာ ဖုန်ကြားရှင်အဖွဲ့နဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလအတွင်းက အဆက်အသွယ်ရှိခဲ့ပြီးနောက်ပိုင်း ထိုင်းထောက်လှမ်းရေးအဖွဲ့က KNU ကို စောင့်ကြည့်နေခဲ့ရာမှ ယခုလို့ KNU နှင့်ပတ်သက်သည့်ရာဘာ့ဆေးပြား အများအပြားကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်များအနေနဲ့ နယ်စပ်ဒုက္ခသည် စခန်းတွေမှာ မူးယစ်ဆေးဝါးကင်းစင်ဖို့ အထူးဂရုစိုက်နေပြီး သံသယဖြစ်ဖွယ်မှန်သမျှကို ပြင်းပြင်းထန်ထန် ဖမ်းဆီးမယ်လို့ အမိန့်ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

ထိုင်းနိုင်ငံအတွင်းမှ အခြေချနေထိုင်နေတဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်များအနက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်သူများဟာ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလနောက်ပိုင်း လက်နက်ခဲယမ်းများ ဝယ်ယူခြင်း၊ အမျိုးအစားကောင်း မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ငွေကြေးသုံးစွဲမှုများမှလည်း ယခင်ထက် ပိုမိုသုံးစွဲ နေကြောင်း ထိုင်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပေးပို့သူ။ ။ Kachin daily

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.