Friday, January 1, 2010

0 "လွှတ်" လှုပ်ရှားမှု မန္တလေး New Year ညမှာပြုလုပ်ခဲ့


နယူးရီးယားအကြို ညက မန္တလေးမြို့ပေါ်နေရာအနှံ့အပြားမှာFREE 2010 ဆိုတဲ့ စာများ ရိုက်နှိပ်ထားတဲ့ ၅ ကျပ်တန်၊ ၁၀ တန်၊ ၂၀ တန်၊ ၅၀တန်၊ ၁၀၀ တန်၊ ၂၀၀ တန် များ ကြဲဖြန့်တဲ့ လှုပ်ရှားမှု ဖြစ်ခဲ့တယ်။(ပူးတွဲပါ ပုံကို ကြည့်ပါ)

FREE 2010 ပိုက်ဆံတွေကို မန္တလေးမြို့ပေါ် ၂၇ လမ်း၊ ၂၈ လမ်း၊ ၇၈ လမ်း၊ ၈၆လမ်း၊ ၈၉ လမ်း၊ ၇၃ လမ်း ၃၅ လမ်း၊ ၆၈ လမ်း အစသဖြင့်လူစုလူဝေးရှိသည့်နေရာများမှာ Happy New Year အော်ဟစ်တဲ့ အချိန်မှာ
ကြဲချခဲ့တယ်။ လူအုပ်တွေထဲကြဲချခြင်းမျိုးလည်းရှိတဲ့အတွက်လူအတော်များများတော့သတိထားဖြစ်သွားတယ်။
အတော်များများကောက်ယူသိမ်းဆည်းကြတယ်။

ကျုံးနဘေးမှာတော့ ထောက်လှမ်းရေး၊ ရဲ၊ကြံ့ဖွတ်၊စွမ်းအားရှင်များကအပြည့်နေရာယူစောင့်ကြည့်နေကြတယ်။

ဒီ FREE (လွှတ်) လှုပ်ရှားမှုကို လဖစတ (လူထူလှုပ်ရှားမှုဖော်ဆောင်ရေးနှင့်စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု - ဗမာပြည်) ကပြုလုပ်ခဲ့ခြင်းဖြစ်တယ်။

"လဖစတ"အဖွဲ့ဝင်တစ်ဦးပြောပြတာကတော့"ကျွန်တော်တို့အနေနဲ့၂၀၁၀ဆိုတဲ့ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုကာလကြီးရောက်တော့မှာ ဖြစ်တဲ့အတွက်အကြိုအနေနဲ့ ဒီလို FREE လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။ စစ်အဆိုးရအနေနဲ့ဘယ်လိုပဲ မျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးမယ်ပြောပြောယုံကြည်ချက်တစ်ခုနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်မပေးမှတော့ စစ်အာဏာရှင်တွေဟာ အပြောနဲ့ အလုပ်မညီဘူးဖြစ်နေတယ်။အဲဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုတဲ့အနေနဲ့ဒီလို FREE သို့မဟုတ် "လွှတ်" လှုပ်ရှားမှုကို ပြုလုပ်ရခြင်းဖြစ်တယ်။

ကျွန်တော်တို့အနေနဲ့ ဗမာပြည်သူလူထုကြီးကို တိုက်တွန်းချင်တာက FREEဒါမှမဟုတ် "လွှတ်" ဆိုတဲ့ စာသားတွေ တစ်နိုင်ငံလုံး နေရာအနှံ့ ကိုယ့်ဘာသာလိုက်ရေးကြစေချင်တယ်။ ဘောပင်လေးနဲ့ပဲ ဖြစ်ဖြစ်၊
ဆော့ပင်န်လေးနဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောဆေး/မှုတ်ဆေးနဲ့ပဲ ဖြစ်ဖြစ် ဒီနေ့နယူးရီးယား ၂၀၁၀ နှစ်သစ် ပထမဆုံးနေ့ကစပြီး ကိုယ်တတ်နိုင်သလောက် ဗမာပြည်နေရာအနှံ့ လိုက်ရေးကြဖို့ နှိုးဆော်ပါတယ်။ ကျွန်တော်တို့လို ပိုက်ဆံဒါမှမဟုတ် စက္ကူစများပေါ်မှာလည်း FREE လို့ရေးပြီးလည်းဖြန့်ဝေနိုင်ကြပါတယ်။ "

FREE သို့မဟုတ် "လွှတ်" များ ရေးသားဖြန့်ဝေကြခြင်းဖြင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုကြပါစို့။ ။
လဖစတ
(လူထူလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု - ဗမာပြည်)
AAMD
(Activists for Abolishing the Military Dictatorship - Burma Myanmar)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.