Thursday, August 11, 2011

1 နည်းနည်း စာတတ်လာပုံပဲ ... ဒူးကွေးတတ်လာပြီ

Photo..Myothahtet

ပထမတပုံတုန်းက လူတွေ စိတ်ဝင်စားတယ်ထင်လို့ အခု ထပ်ယှဉ်ပြတာပါ။ ၁၀ ရက် အတွင်းမှာ ပြောင်းလဲသွားတာပါ။ ကျွန်တော်ကတော့ အခုလို ပြည်သူကို ဆက်ဆံပုံ ပြောင်းလဲသွားတာ အင်မတန် ၀မ်းသာပါတယ်။ နှစ်ယောက်စလုံးက အရင် စစ်အစိုးရ လက်ထက် ဗိုလ်ချုပ်ကြီး တွေပါ။ အခု အစိုးရသစ်မှာလည်း သမ္မတနဲ့ ဒုတိယ သမ္မတပါ။ ဒါပေမဲ့ အပေါ်ပုံလို ``မင်းတို့ အဆင်ပြေရဲ့လားကွ`` လို့ လုပ်တာထက်စာရင် အောက်ပုံလို ရင်းရင်းနှီးနှီး ``မင်းတို့တွေ အဆင်ပြေရဲ့လားကွာ`` လို့ မေးတာမျိုးကို ပြည်သူတွေက ပိုကြိုက်ကြမယ် ထင်ပါတယ်။
အဲဒီ နှစ်ပုံစလုံးက ရေဘေးဒုက္ခသည် ပြည်သူတွေကို သွားကြည့်တာပါခင်ဗျာ၊ ``ဟုတ်ဟုတ် မဟုတ်ဟုတ်`` ဆိုတာက တကယ်မဟုတ်ရင်တော့ ရေရှည် ဒီလိုပုံစံ လုပ်လို့ မရပါဘူး။ ပြည်သူက သိပါတယ်၊ ဘယ်သူက ရင်ထဲက လာတာ... ဘယ်သူကတော့ ဟန်ဆောင် ဟန်ပြလုပ်တာ ဆိုတာကိုပါ။
(Myo tha htet)

ဒါပေမဲ့ ဧရာဝတီ ၀က်ဆိုဒ်မှာ ရေးသားထားတဲ့သတင်းအရ ရေဘေးဒုက္ခသည် ပြည်သူတွေနဲ့ လူကြီးတွေနဲ့တွေ့ခဲ့တဲ့ ကန်းစွန်းခင်း ကျေးရွာသူတဦးစကားကတော့

“အဒေါ်တို့အိမ်က ရေမြုပ်ပျက်စီးပြီး ပစ္စည်းတွေ ရေနဲ့ မျောကုန်ပြီ။ ဘာမှ မရလိုက်ဘူး။ အခု ဒုက္ခသည်တွေနေတဲ့ နေရာမှာ လာနေတာကို လူကြီးတွေက နင်တို့ စားစရာတွေရပြီးရင် ကိုယ့်အိမ်ကိုယ် ပြန်နေကြတော့တဲ့၊ အဲဒီလိုမျိုးတွေ လာပြောသွားတယ်။ အိမ်ပြန်ရင် အိမ်လည်းပြင်ရမှာ စားစရာလည်း မရှိ၊ ချက်ပြုတ်စရာ အိုးခွက်တောင် မရှိဘူး” လို့ပြောသွားပါတယ်..

1 comment:

  1. ဂျပန်ငလျင်တုံးကဘု၇င်မိသားစုတွေ။ဝန်ကြီးချုပ်။ဝန်ကြီးတွေကဒုက်ခသည်တွေ ကိုဒူးကလေးတုတ်ပြီးလေး၂စား၂မေးကြတာမြင်၇တော့။ဟင်း။ဟင်း။ဟင်း။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.