Saturday, August 13, 2011

0 Press conference of Daw Aung San Suu Kyi and U Aung Kyi after the meeting

ဒီတခါလည်းစာရွတ်ကိုင်ထွက်ပြီးပြန်လာတဲ့ ဦးသိန်းစိန်ရဲ့မြန်မာဘာသာပြန်ဦးအောင်ကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲအခန်းဆက် ဇာတ်လမ်းတွဲ (နောက်နောက်ဆို မြန်မာပြည်မှာ ကိုရီးယားဇာတ်လမ်းတွဲတွေ မပြတော့ဘူးတဲ့)

သတင်းထောက်များ၏ မေးခွန်း ဖြေကြားချက်များ

၁။ မေး ။ ။ ကျနော် ရန်ကုန်တိုင်း ဂျာနယ် က ဦးလှိုင်ထွန်း အယ်ဒီတာချုပ်ပါ ဒုတိယအကြိမ် တွေ့ဆုံမူ ကနေ ဘယ်လို ကဏ္ဍ တွေ မှာ ထူးထူးခြားခြား သိသိသာသာ ပြောင်းလဲတိုးတက် လာမယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့မျှော်လင့် ထားပါသလဲ ခင်ဗျာ…။

ဖြေ ။ ။ ကျမ တို့ဒီအထဲမှာ ပါတဲ့ အတိုင်းပဲ ကဏ္ဍ အသီးသီးမှာ တိုးတက် လာမယ်လို့ ကျမတို့မျှော်လင့် ထားပါတယ် နောက် အားလုံးပေါ့လေ တိုင်းပြည်အတွက် ကောင်းတဲ့ ဟာတွေ အားလုံးအတွက် နေရာတကာမှာ တိုးတက် မူ့ရှိမယ်လို့မျှော်လင့် ပါတယ် ။

မေးခွန်းတွေ က သိပ်မရှင်းလို့ ကျမ ကောင်းကောင်းနားမလည်ဘူးရှင်းရှင်း မေးပါနော်..။

မေး ။ ။ အရင်တပတ် တုန်းက ဒီလိုပဲ ယေဘူယျ သဘောပဲ ပြောသွားတာ ဖြစ်လို့ပါခင်ဗျ ။ ဘယ်လိုကဏ္ဍတွေမှာ ..ဥပမာ တိုင်းရင်းသား ကိစ္စ စသည်ဖြင့် ဒီလိုကိစ္စ မျိုးတွေမှာ ဘယ်လို မျိုးတိုးတက် မှု့ တွေရလာမယ်လို့ ယူဆ ပါသလဲခင်ဗျာ။

ဖြေ ။ ။ ကျမတို့ပူးပေါင်းဆောင်ရွက် မယ်ဆိုလို့ရှိရင် တိုင်းရင်းသား ကိစ္စ တွေမှာလဲ တိုးတက်မူ့ ရှိရမှာပဲ ဘယ်ဖက် မှာမဆို တိုးတက်မှု့ ရှိရမှာပဲ တကယ်တော့ ကျမတို့နိုင်ငံရဲ့ အကျိုးကို ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် မီဒီယာအပါအ၀င်ပေါ့ တိုးတက် မူ့ဆိုတာ ရှိရမှာပေါ့။

၂။ မေး ။ ။ ပြီးခဲ့တဲ့ တခေါက် ပူးတွဲထုတ်ပြန်ချက် ကြေညာသွားပါတယ် အဲဒီမှာ သဘောထားကွဲလွဲနေမူ့ ၊ စိတ်ဝမ်းကွဲပြားနေမှု့တွေကို ဆွေးနွေး တယ်လို့ ပြောပါတယ် အဲဒါ က အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား ကိုပြောတာပါလား ဒါမှမဟုတ် လက်နက် ကိုင်အဖွဲ့အစည်းတွေ နဲ့ အစိုးရနဲ့ အကြား ကိုပြောတာပါလား နောက် တစ်ခုက အဲဒီမှာ လဲ ပါပါတယ် …တရားဥပဒေ စိုးမိုးရေးကိစ္စ ဆွေးနွေးတယ်လို့သိရပါတယ် …အဲဒီလိုဆွေးနွေးတာ က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ တရားမ၀င်ဘူးလို့ပြောထားတာ ရှိပါတယ် အဲဒီတော့ အဲကိစ္စ တွေ ကို ဆွေးနွေးတာပါလား ရှင်…။

(ဦးအောင်ကြည်)ဖြေ ။ ။ အဲဒီတော့ ကျနော်တို့ စိတ်ဝမ်းကွဲပြားမူ လျှော့ပါးရေး ဆိုတဲ့ကိစ္စ ဟာနေရာတိုင်းမှာ ရှိနိုင်ပါတယ် ။ သဘာဝ အားဖြင့် ကျနော်တို့က ( Diversity and Unity )ဆိုတဲ့ သဘောပေါ့ ဘယ်လုပ်ငန်းမှာ မဆို လူတိုင်းမှာ စိတ်ဝမ်းကွဲပြားမှု့ ဆိုတာ ရှိနိုင်ပါတယ် သို့ရာတွင် ကျနော် တို့ ဟုတ်လား … အခု ကျနော် ပြောသွားတဲ့ အတိုင်းပဲ ပူးပေါင်းဆောင်ရွက်မှု့ ကိုတော့ ကျနော်တို့ ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမယ် ဆိုတဲ့ အနေအထားဖြစ်ပါတယ်။

၃။ မေး ။ ။ ကျနော် ဦးအောင်ကြည် ကိုမေးချင်ပါတယ် ။ ပူးပေါင်းဆောင်ရွက်မှု့ ရှိတယ်ဆိုပြီးတော့ ပြီးခဲ့ တဲ့တ ခေါက် တွေ့ဆုံမှု့ ကလဲ ပြောခဲ့ ပါတယ် ။ ဆိုတော့ အဲဒီ ပူးပေါင်းဆောင်ရွက်မှု့ က ဘယ်လိုစလုပ်နေပြီ လဲ လုပ်နေပြီဆိုလဲ ဘယ်အခြေအနေ ရောက်နေပြီလဲ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့် ပေးစာနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက် လဲပြောထားပါတယ် အဲဒါကိုရော ရှေ့ဆက်ပြီးတော့ မှ ဘယ်လိုဆက်လုပ်သွားမယ် ဆိုတာ သိချင်ပါတယ်။

ဦးအောင်ကြည် (ဖြေ) ။ ။ ဒါတွေ အားလုံးဟာ ပူးပေါင်းဆောင်ရွက်မှု့ ခေါင်းစဉ် အောက်မှာ ပါပါတယ် ကျနော် တို့ ပူးပေါင်းဆောင်ရွက် တယ်ဆိုတာဟာ တကယ့် ကျနော်တို့နိုင်ငံအတွက် လိုအပ်တဲ့ ( Main Problem ) ကြီး တခုပါ ဒါကြီးကို ကျနော်တို့ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပြေလည် သွားပြီဆိုတဲ့ အချိန် ကျလို့ရှိရင် ကျန်တဲ့ ကိစ္စ အားလုံး ဒီ ( Main Problem) ကြီးရဲ့ အကျိုးဆက်တရားများ တနည်းအားဖြင့်တော့ (Corollary) ပေါ့လေ အဲဒါတွေ ဖြစ် လာမှာ ဖြစ်တဲ့အတွက် အလွယ်တကူ ဖြေရှင်းသွားနိုင်မဲ့ အနေအထားလဲဖြစ်ပါတယ် ဆိုတဲ့ အကြောင်းပြောရင်းနဲ့ နိဂုံးချုပ်ပါတယ် …အားလုံးကို ကျေးဇူးတင်ပါတယ် …။

National League for Democracy

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.