Wednesday, August 10, 2011

0 တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးဦးစားပေးပါ

ရန်ကုန်၊ သြဂုတ် ၉၊ ၂၀၁၁ (YPI) - မြန်မာနိင်ငံ၏တိုင်းရင်းသားအရေးကိစ္စပြေလည်ရန် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေး လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဟောင်ကောင် City တက္ကသိုလ်မှ တွဲဘက်ပါမောက္ခဒေါက်တာကျော်ရင်လှိုင်က သြဂုတ်လ ၆ရက်နေ့တွင်ပြောကြားသည်။

ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ( Union of Myanmar Federation of Chambers of Commerce and Industry – UMFCCI) တွင်ပြုလုပ်သည့် ဘာသာရပ်ဆိုင်ရာပညာရှင်များ၏ဟောပြောပွဲတွင်Making Democrcy Works (ဒီမိုကရေစီ အသက်ဝင်ခြင်း) ခေါင်းစဉ်ဖြင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

လူပုဂ္ဂိုလ်ပေါ်အခြေခံထားသော အပစ်အခပ်ရပ်စဲရေးကို ငြိမ်းချမ်းရေးဟု ခေါင်းစဉ်တပ်ခဲ့ကြောင်း ယခု ကိုယ်ကျိုး စီပွားများ၊ အဖွဲ့အစည်းများ၏အကျိုးစီးပွားများ အမျိုးသားခံစားခွင့်များ မတူညီသည့်အခြေအနေတွင် ခိုင်မာသောငြိမ်းချမ်းရေး မရှိနိင်ကြောင်း ဒေါက်တာကျော်ရင်လှိုင်က ပြောကြားသည်။

စစ်အစိုးရခေတ်နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း နိုင်ငံရေးအရလုပ်နိုင်ခဲ့သည်မှာ တိုင်းရင်းသားအဖွဲ့ အစည်းများ နှင့် အပစ်အခတ်ရပ်စဲရေး၊ အာဆီယံအသိုင်းဝိုင်းထဲသို့ဝင်ခွင့်ရခဲ့ခြင်းသာရှိခဲ့ကြောင်း အဆိုပါ ဟောပြောပွဲသို့ တက်ရောက်ခဲ့သူရှစ်လေးလုံးမျိုးဆက်တစ်ဦးက သုံးသပ်သည်။

ပြည်တွင်းစစ်ကို ပိုးမွေးသလိုမွေးမြူနေခဲ့ကြသူများတွင် ဦးနု၊ဦးနေ၀င်း၊စစ်အစိုးရတို့သည် အတူတူ ပင် ဖြစ်ကြောင်း၊ စစ်အစိုးရအနေဖြင့် ပြည်ပကျူးကျော်မှုမရှိချိန်တွင် ပြည်တွင်းစစ်ကို အကြောင်း ပြူပြီး စစ်အင်းအားတို့ချဲ့ကာပြည်သူများကို ဖိနှိပ်ရန်လက်နက်များတပ်ဆင်ခွင့်ရနေကြောင်း အသက်၄၅ နှစ်အရွယ် ရှမ်းတိုင်းရင်းသားတစ်ဦးကပြောသည်။


Yangon PressInternational

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.