Wednesday, August 8, 2012

0 မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ရှမ်းပြည်နယ်တောင်ပိုင်း)အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ စည်းခြင်း


အချိန်...နံက်(၁၀း၀၀) ၆.၈.၂၀၁၂
နေရာ...လောကမာန်အောင်ကျောင်းတိုက်၊စိန်ပန်းရပ်ကွက်လူပုဂ္ဂိုလ်(၃၀)ခန်.တက်ရောက်ပြီး (၁၅)ဦးဖြင့် အမှုဆောင်ကော်မတီဖွဲ့ စည်းခဲ့ပါသည်။

မြစ်မခမီဒီယာမှဒေါ်မေသင်္ကြန်ဟိန်မှဦးစီးပြီးဖွဲ့ စည်းခဲ့ ပါသည်။ထို့နောက်တက်ရောက်လာသောရှမ်းပြည်နယ်တောင်ပိုင်းမီဒီယာသမားများမှလှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ ကြပါသည်။မဲရလဒ်များအရ........

ဥက္ကဌ-ဦးသန်းဝေ(သန်းဝေ-တောင်ကြီး)
ဒုဥက္ကဌ-ခွန်စည်သာဟိန်း(ကာတွန်းပေါ်ပေါ်)
ဒုဥက္ကဌ(၂)-ဦးကျော်မင်းစိုး
အတွင်းရေးမှူး-ဦးအောင်ကိုကိုဦး(ICJဖိုးသား)
အတွင်းရေးမှူး(၁)ဦးကျော်ကျော်ဦး(bloggerနေလင်းသိုက်)
အတွင်းရေးမှူး(၂)ဒေါ်ပန်းမြိုင်
အတွင်းရေးမှူး(၃)ဦးခွန်စိုးပိုင်(YPIသတင်းထောက်)
ဘဏာရေးမှူးဒေါ်မေမေနီ
စာရင်းစစ်မှူး-ဒေါ်မေဖူးနိုင်
သတင်းနှင့် ပြန်ကြာရေးမှူး-ဦးဇော်ဇော်လွင်(BLOGGER)
စည်းရုံးရေးမှူး-ဦးခွန်ရှိုင်းစိုး(blogger)
ပညာရေးမှူး-ဦးဝေယံဝင်းဇော်(ကာတွန်းဝေယံတောင်ကြီး)
သက်သာချောင်ချိရေးမှူး-ဒေါ်စုစုဇော်
ရံပုံငွေရှာဖွေရေးမှူး(၁)-ဦးဝေယံသူရိန်မောင်(blogger)
ရံပုံငွေရှာဖွေရေးမှူး(၂)ဦးသန်းဇော်မြင့် 
တို့ ဖြင့် ဖွဲ့ စည်းခဲပါသည်။ပါတီစွဲ။ဂိုဏ်းဂနစွဲ။ကင်းသောလွတ်လပ်သောမီဒီယာများပေါ်ပေါက်လာစေရန်
pressမီဒီယာများအပြင်electronicmediaများပါပါဝင်မှုရှိစေရေးတို့အားဒေါ်မေသင်္ကြန်ဟိန်းမှဆွေးနွေးခဲ့ ပါသည်။

ယခုသတင်းစာဆရာများအဖွဲ့ သည်ရှမ်းပြည်နယ်တောင်ပိုင်းတွင်ပထမဆုံးဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရပါသည်။(၁၁.၈.၂၀၁၂၀နေ့ တွင်ကျင်းပမည့်နိုင်ငံလုံးဆိုင်ရာသတင်းစာဆရာများအသင်းညီလာခံသို့တက်ရောက်၇န်ဥက္ကဌ။ဒုဥက္ကဌနှင့် အတွင်းရေးမှူးတိုအားဦးသန်းဝေမှရွေးချယ်ပေးခဲ့ပါသည်။

အစည်းအဝေးကုန်ကျစရိတ်များအားပန်းအလင်္ကာကဖေးမှကိုမိုးမှလှူဒါန်းခဲ့ ပါသည်။နေ့ လယ်(၂း၀၀)ခန့် တွင်အစည်းအဝေးပြီးစီးခဲ့ ပါသည်။

ပေးပို့သူ...ဝေယံဝင်းဇော်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.