ယနေ့ အညတရ သူရဲကောင်းဆု တတိယ အကြိမ် ဆုပေးပွဲ မှ 5.8.2012 တနင်္ဂနွေ နေ့ ဂျပန်နိုင်ငံတိုကျိုမြို့ တွင်ကျင်းပသော အခမ်းအနားမှ ဆုရရှိသွားသော ဦးခေမာစာရ
ယနေ့ အညတရ သူရဲကောင်းဆု တတိယ အကြိမ် ဆုပေးပွဲ မှ 5.8.2012 တနင်္ဂနွေ နေ့ ဂျပန်နိုင်ငံတိုကျိုမြို့ တွင်ကျင်းပသော အခမ်းအနားမှ ဆုရရှိသွားသော ကို လက်ျာယာထွန်း
ယနေ့ အညတရ သူရဲကောင်းဆု တတိယ အကြိမ် ဆုပေးပွဲ မှ 5.8.2012 တနင်္ဂနွေ နေ့ ဂျပန်နိုင်ငံတိုကျိုမြို့ တွင်ကျင်းပသော အခမ်းအနားမှ ဆုရရှိသွားသော မလှလှမော်
ယနေ့ အညတရ သူရဲကောင်းဆု တတိယ အကြိမ် ဆုပေးပွဲ မှ 5.8.2012 တနင်္ဂနွေ နေ့ ဂျပန်နိုင်ငံတိုကျိုမြို့ တွင်ကျင်းပသော အခမ်းအနားမှ ဆုရရှိသွားသော ချင်းတိုင်းရင်းသား ပူကပ် ခန်ခွာ အန်ထော်နီ
ယနေ့ အညတရ သူရဲကောင်းဆု တတိယ အကြိမ် ဆုပေးပွဲ မှ 5.8.2012 တနင်္ဂနွေ နေ့ ဂျပန်နိုင်ငံတိုကျိုမြို့ တွင်ကျင်းပသော အခမ်းအနားမှ ဆုရရှိသွားသော ဒေါက်တာကျော်ကျော်
Photo...Zaw Zaw aung
ယနေ့ အညတရ သူရဲကောင်းဆုတတိယအကြိမ်ဆုပေးပွဲ၅.၈.၂၀၁၂ တနင်္ဂနွေ နေ့  ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ကျင်းပသော အခမ်းအနားမှ ကဗျာဆရာကြီး တက္ကသိုလ်ဘုန်းကြွယ်မှ ပေးပို့ သောကဗျာ တတိယအကြိမ် အညတရသူရဲကောင်းဆု
အညတရဟူသည်
ပကာသန မစွက်
ကိုယ်ကျိုး မဖက်ဘဲ
ခက်ခဲတဲ့ လောကဓံကို
ဒေါကန်မနေပဲ
သဘောအမှန် နဲ့ တွန်းလှန်ဖယ်ရှား
အရှုံးပေးမသွားဘဲ ဇွဲနဲ့တိုက်
ခါးတောင်း မြဲမြဲကျိုက်ပြီး
အောင်ပွဲဆိုက်တဲ့အထိ
သတ္တိရှိရှိ ကိုယ်ထိလက်ရောက်
ယုံကြည်ချက်နောက်သာ
တောက်လျှောက်မကွာ
မထင်ပေါ်ရှာလဲ
လျှောက်မြဲလျှောက်ကြ
ရဲစွမ်းပြသူ အညတရလူ။
သူရဲကောင်းဟူသည်
တည်ကြည်စိတ်ထား ပြတ်ပြတ်သားနှင့်
မတရားတာကို မတရားဘူးလို့
ကျားကျားရားရား မ၀ိုးဝါးဘဲ
ပြောကြားရဲ ထောက်ပြရဲတာ သူရဲကောင်းပါ။
မမှန်တာကို မမှန်ဘူးလို့
တူးတူးခါးခါး ထူးထူးခြားခြား
ရှောင်မသွားဘဲ ပြောကြားရဲ
ထုတ်ဖေါ်ရဲတာ သူရဲကောင်းပါ။
ငါတို့ပြည်သား သူရဲကောင်းများဖြစ်ဖို့
မဆုတ်မနစ် အားမာန်သစ်နှင့်
အပြစ်ကို အပြစ်ပြော
အစစ်ကို အတုမပြော။
အဖြစ်မှန်ကို မမှောက်မလှန်
ထောက်ခံရဲသလို
အပြစ်ကိုလဲ အပြစ်အမှန်
မထောက်ခံဘဲ မှောက်လှန်ရဲရမည်။
သဘောတည်ကြည် အပြောညီညီနှင့်
တိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးအတွက်
အသက်ကိုပင်ပေးလှူ
ရဲရင့်လူကိုသာ ပြည်သူတွေရဲ့ အသဲကျော်
သူရဲကောင်းခေါ်မှာ။
မပေါ်လွင် မထင်ရှား
မကျော်ကြားလေသော
လူတောက အညတရ အပမွှား
သူရဲကောင်းများကိုလည်း
အမြင်မစောင်း အသွင်ပြောင်းလာအောင်
ရေလောင်းပျိုးထောင်ပေးကြရမည်။
ကောင်းသူဆယ် မကောင်းသူပယ်မယ့်
တင့်တယ်ရွေးကောက် စနစ်အောက်မှာ
တောက်ကြွားသူများ ပေါက်ကာပွားအောင်
တထောက်မနား အရောက်သွားခဲ့ရာ
ခုချိန်ခါမှာ အညတရသူရဲကောင်းဆု
ပြုစုလာခဲ့သည်မှာ သုံးကြိမ်သုံးခါ ရှိလာပါပြီ…။
ဂျပန်မှလူတစု
ကောင်းမှုတွေ ဖွေရှာအု
လာလုငယ် လူသူမျှော်
တူပျော်ပျော်ဆင်ယင်နွှဲလို့
သဘင်ပွဲ ကျင်းသည့်နှယ် လင်းလှပေတယ်
ခါရက်လည် အပြန်ပြန်နွှဲ ကျင်းပသွားမှာအမြဲ။
ဒို့ပြည်ဝယ် အကြောင်းပြု
အညတရသူရဲကောင်းဆု
ပြေးလုကာအခါအခါဆွဲ ရလာကြမှာမလွဲ။
တက္ကသိုလ်ဘုန်းကြွယ် (သြဂုတ်လ ၅ရက် ၂၀၁၂) via..ko tun wai Facebook
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်