Thursday, August 9, 2012

6 ဇာတိပြလာသောလွှတ်တော်......။ဆောင်းပါးရှင်-ရန်အောင်

ဒီတစ်ပတ်မှာ NLD ရဲ့ မြန်မာတိုင်းရင်းသား ပြည်သူလူထုအတွက် Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government ဆိုပြီး သမ္မတဦးသိန်းစိန် ရည်မှန်းချက်အတိုင်း တင်ခဲ့တဲ့ အဆိုတစ်ခုနဲ့ ဘင်္ဂလီကိစ္စအတွက် ရည်ညွှန်းပြီးတင်ခဲ့တဲ့ အဆိုတစ်ခုဟာ အံ့သြစွာနဲ့ရှုံးနိမ့်သွားပါတယ်..။

ပထမအဆို

ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်'' ဆိုပြီး ၂၅-၇-၂၀ဎ၂ ရက်နေ့ကတင်ခဲ့တာပါ..။ အဲဒီအဆိုကို လက်ခံဆွေးနွေးမယ်ဆိုဦးလွှတ်တော်ဥက္ကဌက ဆုံးဖြတ်ခဲ့ပါတယ်..။ အဲဒီအဆိုတင်ပြီး နောက်တစ်နေ့ ၂၆ ရက်နေ့မှာ သမ္မတရုံးက စာထုတ်ပါတယ်..။ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေ လူကြီး ၇ မျိုးရဲ့ ပိုင်ဆိုင်ခွင့်တွေကို တစ်ပတ်အတွင်း တင်ဖို့ပါ...။

အဲ.. ထူးခြားတာက ၈-၈-၂၀၁၂ နေ့ထုတ်7 day News ဂျာနယ်မှာ အဲဒီသမ္မတရုံးညွှန်ကြားစာကို ဆိုင်းငံ့ကြောင်းသိရတယ်လို့ ပါဝင်လာပါတယ်..။ အဲဒီမှာ စိတ်ထဲတမျိုးဖြစ်သွားပါတယ်..။ ထင်တဲ့အတိုင်းပါပဲ..။ အဲဒီဂျာနယ်ဖတ်နေချိန်..၈-၈-၂၀၁၂ မနေ့က .. လွှတ်တော်ထဲမှာ NLD ရဲ့ အဆိုကို သမ္မတော်သားကိုယ်စားလှယ်များဘက်က အခြေခံဥပဒအောက်က သက်ဆိုင်ရာ ပိုင်ဆိုင်ခွင့်ကို အပ်နှံသူ ကွဲပြားတာကို ကတ်သီးကတ်သတ်အရေးလုပ်ထောက်ပြတဲ့အတွက် အဆို ရှုံးနိမ့်သွားပါတယ်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိန်ဝင်း(မအူပင် မဲဆန္ဒနယ်)၊ ဦးကျော်မင်း(လက်ပံတန်း မဲဆန္ဒနယ်)၊ ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်)၊ ဦးကျော်မြင့် (မြန်အောင်မဲဆန္ဒနယ်)၊ ဒေါ်မြင့်မြင့်စန်း (၀ါးခယ်မမဲဆန္ဒနယ်)၊ ဒေါက်တာဇော်မြင့်မောင်(ကျောက်ပန်းတောင်း မဲဆန္ဒနယ်)၊ ဒေါက်တာမျိုးအောင်(ဒဂုံမြို့သစ်ဆိပ် ကမ်းမဲဆန္ဒနယ်)တို့မှ ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးကြီးခင်မောင်ထွန်းနှင့် ဗိုလ်မှူးကြီးအောင်မြင့်တို့က ပြန်လည်သုံးသပ်ရန် ဆွေးနွေးခဲ့ပါတယ်..။

အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှုများဖော်ထုတ်မှုမှာ ဒီမိုကရေစီနိုင်ငံများ၏ အလေ့အထ ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံသည် ပွင့်လင်းမြင်သာမှုအားကောင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် လက်ဆောင်ပေးမှုမှတစ်ဆင့် လာဘ်ပေးလာဘ်ယူမှု မဖြစ်ပေါ်စေရန် လက်ဆောင်ပေးမှု အတိုင်းအတာ ပမာဏ(Gift Limit)ကို သတ်မှတ်ပေးထားကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ သတ်မှတ်ပေးရန် လိုကြောင်း ထောက်ခံဆွေးနွေးသူတွေက ပြောခဲ့ကြပါတယ်..။

ဒီအဆိုဟာ ဒီမိုကရေစီခေတ်မှာ နိုင်ငံအတွင်ပွင့်လင်းမြင်သာမှုအရှိဆုံးနဲ့ ပြည်သူလူထုအတွက် အရေးအကြီးဆုံးအဆိုပါ..။ တပ်မတော်သား ကိုယ်စားလှယ်များမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ တွင်ပါဝင်သည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းသော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တစ်ကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်ဟူသော ပြဋ္ဌာန်းချက်နှင့် မကိုက်ညီကြောင်း ကန့်ကွက်ဆွေးနွေးခဲ့တာပါ..။ NLD ရဲ့အဆိုက ပိုင်ဆိုင်ခွင့်ကို သမ္မတထံ အပ်နှံရမှာပါ.။ အဆိုတင်သွင်းသူ NLD က ဦးဝင်းမြင့်က

'' ဖွဲစည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒုသမ္မတရဲ့ ပိုင်ဆိုင်တဲ့ စာရင်းတွေ၊ ပစ္စည်းတွေက ပြည်ထောင်စု လွှတ်တော်နာယကဆီကို ပဲတင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက ပိုင်ဆိုင်မှုကို သမ္မတဆီ တင်ရမှာ။ ကျွန်တော်ဆိုလိုချင်တာက အများပြည်သူ သိရှိနိုင်ဖို့ အများပြည်သူ အမြင်ရှင်းဖို့ ပြည်သူကို ထုတ်ဖော်ကြေညာဖို့ အဆိုတင်တာဖြစ်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာ မဟုတ်ဘူး။ ဖွဲ့စည်းပုံမှာပါပြီးသား မဟုတ်ဘူး''ဆိုပြီး ဆွေးနွေးခဲ့သလိုပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က အဆိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွဲလွဲနေသော်လည်း အဆိုကောင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတမှ ခန့်အပ်တာဝန်ပေးသည့် အစိုးရအဖွဲ့ဝင်များထံမှ ပိုင်ဆိုင်မှုစာရင်း တောင်းသကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်တွင် ကြီးလေးသော တာဝန်များ ထမ်းဆောင်နေသည့် လွှတ်တော်ဥက္ကဋ္ဌများ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များထံမှလည်း ညီတူညီမျှဖြစ်စေရန် ပိုင်ဆိုင်မှုစာရင်း တောင်းဆိုရန် စဉ်းစားသင့်ကြောင်း

အဆိုကောင်းဖြစ်ကြောင်း ထောက်ခံဆွေးနွေးခဲ့ပေမယ့် .....။

ထောက်ခံမဲ ၆၈မဲ၊ ကန့်ကွက်မဲ ၂၇၁မဲနှင့် ကြားနေမဲ ၁၅မဲဖြင့် ရှုံးနိမ့်ခဲ့ပါတယ်...။

အဲဒီလို ရှုံးနိမ့်ခြင်းဟာ ပြည်သူလုထု ယုံကြည်အားကိုးချင်တဲ့ အစိုးရတရပ်ဖြစ်ပေါ်ဖို့အတွက် မည်သူတွေက အတားအဆီးဖြစ်နေတယ်ဆိုတာ မီးမောင်းထိုးပြလိုက်သလို.. အစိုးရအဖွဲ့ဝင်များအပါအ၀င် လက်ရှိအာဏာရပါတီအတွက်လည်း ကမ္ဘာ့အလယ်မှာ သိက္ခာကျစရာဖြစ်ပါတယ်.။ အဆိုရှင်ဦးဝင်းမြင့်က သမ္မတကို တင်ပြစေခြင်းဟာ လက်ရှိအစိုးရအဖွဲ့ဝင်တွေထဲမှာ သမ္မကကလွဲလို့ အဂတိမှာ စိတ်မချရတဲ့အတွက်ဆိုတာ အားလုံးအသိပါ..။

ဒီလိုအဆိုမျိုးရှုံးနိမ့်ခြင်းဟာ အစိုးရနဲ့ ကန့်ကွက်သူလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ NLD ကို နိုင်တယ်လို့ လက်ဖမောင်းခတ်နိုင်ပေမယ့် ကမ္ဘာ့အလယ်မှာ ဘယ်တော့မှမရှိခဲ့တဲ့ အစုတ်ပြတ်ဆုံး သိက္ခာကျစရာလွှတ်တော်အဖြစ် သမိုင်းတွင်မယ်လို့ ထင်ပါတယ်..။ ဘာ့ကြောင့်လဲဆိုတော့ ဒီအဆိုရဲ့အနှစ်သာရကို ကန့်ကွက်ပြီး မိမိတို့အကျိုးစီးပွားကို ပြောင်ပြောင်တင်းတင်းကာကွယ်ခဲ့တာ ပေါ်လွင်ခဲ့လို့ပါ..။ NLD ကိုလည်း လေးစားမိပါတယ်..။ တကယ့် အနှစ်သာရရှိတဲ့ အဆိုတစ်ခုတည်းနဲ့ လွှတ်တော်ရဲ့ ဇာတိရုပ်ကို ထုတ်ပြနိုင်ခဲ့လို့ပါ။

အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ.. သစ္စာရှိ xxxxxxx လို ကာကွယ်မှာလား..။ ပစ္စည်းပိုင်ရှင်လို ရေရှည်တည်တန် ခိုင်မြဲအောင် အားနည်းတာတွေ ဖာထေးပြီး ပြုပြင်ထိန်းသိမ်းကာကွယ်မှာလား ဆိုတာ......။

.....................................................................................

ဒုတိယအဆို


NLD က ဒေါက်တာမြတ်ဥာဏစိုးတင်တဲ့ အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊ မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို စီမံချက်ချမှတ် အရေးယူရန် အဆိုပါ။

''အိမ်နီးချင်းနိုင်ငံများက လူမျိုးခြားများ စိမ့်ဝင်ရောက်ရှိနေခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မသမာသော နည်းလမ်းများဖြင့် ရယူ ကိုင်ဆောင်ထားခြင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ လူဦးရေ အများဆုံး နိုင်ငံနှစ်ခုကြားမှာ ရှိပါတယ်။ အနောက်ဘက်မှာဆိုရင် လူဦးရေ သန်း ၂၀၀ နီးပါးရှိပြီး လူဦးရေပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း မိုင်ပေါင်းရာချီ ထိစပ်နေတဲ့ နိုင်ငံနဲ့လည်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လူမျိုးခြားတွေ ၀င်ရောက်နေပါတယ်။ အနောက်ဘက်မှာလည်း သူတို့နိုင်ငံရဲ့ အကျယ်အ၀န်းနဲ့ မမျှတဲ့အတွက် လူမျိုးခြားတွေ စိမ့်ဝင်လာနေတာကို စိုးရိမ်ဖွယ် တွေ့ရပါတယ်။ နိုင်ငံသား ဥပဒေတွေလည်း ရှိပါတယ်။ တရားမ၀င် ၀င်ရောက်လာတာတွေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ မညီညွတ်တာတွေအပြင် သူတို့ရဲ့ မျိုးဆက်တွေဟာ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ထားတာ တွေ့ရပါတယ်။ အကျင့်ပျက်၊ ခြစားကာ တိုင်းပြည်ရဲ့ မျက်နှာမထောက်တဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့ရတာတွေကို တွေ့နေ ရပါတယ်။ နိုင်ငံသား စိစစ်ရေးကတ်မှာ အချက် အလက်တွေ အကုန်မထည့်ဘဲ ထုတ်ပေးရတာတွေ ရှိပါတယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ မငြိမ်မသက်ဖြစ်စေဖို့ ပြုလုပ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ တရားမ၀င် စိမ့်ဝင်လာတာတွေ၊ စိစစ်ရေးကတ် ကိုင်ထားတာတွေ၊ လူမျိုးခြားတွေကို အရေးယူပေးဖို့ အချိန်ရောက်နေပါပြီ''

အစရှိသဖြင့်အခုဘင်္ဂလီကိစ္စကြီးဖြစ်ပေါ်လာတဲ့အသားထဲက လောက်ထွက်နေတဲ့အရေးအကြီးဆုံးအချက်တစ်ခုကို ထောက်ပြပြီး.. ကိုယ့်တိုင်းရင်းသာတွေ အနာဂတ်အတွက် ...ယိုပေါက်ကို ပိတ်ဖို့ ကြိုးစားခဲ့ပါတယ်..။

ဒါပေမယ့် ထူးထူးခြားခြား ကန့်ကွက်သူတစ်ဦးက ထောက်ပြခဲ့ပါတယ်..။ 'ဒီအဆိုကို ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီးမှ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ လတ်တလောဆွေးနွေးရင် မီးလောင်ရာ လေပင့်သလို ဖြစ်နေပါတယ်။ မတည်ငြိမ်၊ ဆူပူမှုတွေ ဖြစ်နိုင်ပါတယ်။ မနေ့ကပဲ ကျောက်တော်မှာ မီးရှို့မှု ဖြစ်သွားပါတယ်။ တပ်မတော်နဲ့ ရဲနဲ့ပဲ အလုပ်ရှုပ်ပါတယ်။ အဆိုမှာပါတဲ့ အလုပ်က အခုမှ လုပ်ဆောင်သင့်တာ မဟုတ်ပါဘူး။ အမြဲတမ်း ပုံမှန်လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဆူပူမှု အကဲဆတ်နေတဲ့အချိန်ဖြစ်လို့ လွှတ်တော်အနေနဲ့ မဆွေးနွေးသင့်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ လတ်တလော မွတ်စလင်နိုင်ငံတွေက စောင့်ကြည့်နေတာ ကိုလည်း ကျွန်တော်တို့ခံနေရပါတယ်။ ဒါကြောင့် လတ်တလောဆွေးနွေးဖို့ အချိန်စောနေ ပါသေးတယ်' ဆိုပြီးကန့်ကွက်သူကတော့ မကွေးတိုင်းဒေသကြီးကအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေပါ။

အဲဒီတော့ အဆိုကို ထောက်ခံ/ကန့်ကွက်မဲပေးဖို့ မတ်တတ်ရပ်ကြရပါတယ်..။ အဲဒီလိုမတ်တတ်ရပ်တဲ့အချိန်မာ အဆိုကို ထောက်ခံဖို့မတ်တတ်ရပ်သူက NLD နဲ့ ရခိုင်ပါတီတွေအပါအ၀င် ၂၈ ဦးပဲရှိပါတယ်..။ လွှတ်တော်စည်းမျဉ်းအရ မတ်တတ်ရပ်ထောက်ခံသူ ၄၀ ကျော်ရင် ထောက်ခံမဲ အတည်ဖြစ်ပေမယ့် ရာနဲ့ချီတဲ့ တပ်မတော်သားကိုယ်စားလှယ်များနဲ့ အဆိုတင်သွင်းသူကိုယ်စားပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက တစ်ယောက်ထနိုးတစ်ယောက်ထနဲ့ တုတ်တုတ် မလှုပ်ကြပါခင်ဗျား..။

အဲဒီမှာ ဒီအဆိုကို လျှို့ဝှက်ဆန္ဒမဲမပေးပဲ မတ်တတ်ရပ်ခိုင်းတဲ့ လွှတ်တော်ဥက္ကဌကြီးရဲ့ အိုင်ဒီယာကို အံ့သြမိပါတယ်.။ မတ်တတ်ရပ်ခြင်းဟာ ပါတီ သို့ဟုတ် အသင်းအဖွဲ့ကို တိုက်ရိုက်ကိုယ်စားပြုနေတဲ့အတွက် လွှတ်တော်ထဲမှာ အင်အားအကြီးဆုံး ကိုယ်စားလှယ်အုပ်စုကြီးနှစ်စုက ခေါင်းဆောင်မရပ်ရင် ကျန်တဲ့သူက ကိုယ့်ဆန္ဒနဲ့ကိုယ် ထရပ်ဖို့ လုံးဝဖြစ်နိုင်ခြေမရှိပါခင်ဗျား..။ အဲဒီလို အထက်က Action ကို မျှော်ပြီးမှ လှုပ်ရှားသူ နာလဗိန်းတုန်းများကြောင့် ရခိုင်တိုင်းရင်းသားများအရေးအတွက် အတွင်းကို မြေလှန်မယ့်အစီအစဉ်ဟာ...အလိုအလျောက် ပယ်ပြီးဖြစ်သွားပါတယ်..။ လွှတ်တော်ထဲမှာ ဦးရွှေမောင် ထ ဆွေးနွေးတာကို ငုတ်တုတ်ထိုင်နားထောင်ခဲ့ကြတဲ့ သကောင့်သားများက ဒါကျတော့ ... ညီလိုက်ကြတာဗျား...။ တစ်ယောက်မှ မထပါ..။

အဲဒါကိုလေ့လာကြည့်ရင် လွှတ်တော်ထဲက ကိုယ်စားလှယ်များ၊ လွှတ်တော်ဥက္ကဌများ အပါအ၀င် အများစုဟာ ပွင့်လင်းမြင်သာလာတဲ့ခေတ်မှာ ဖြစ်ပေါ်လာမယ့် အစဆွဲထုတ်မှုများ၊ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်လာတာတွေ ကိုတွေးကြောက်နေကြပြီး မိမိတို့ရဲ့ အကျိုးစီးပွားအတွက် ပြည်သူလူထုနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ မျက်နှာကို လုံးဝ မကြည့်ကြောင်း ပေါ်လွင်နေပါတယ်.။ တစ်ဖက်က သုံးသပ်ကြည့်ရင်လည်း သမ္မတနဲ့ တပ်မတော် ၊ အာဏာရပါတီ....အစိုးရအဖွဲ့တို့ရဲ့ နိုင်ငံရေးအားပြိုင်မှု အစရှိသဖြင့် တွေးစရာတွေးစရာတွေ အများကြီးဖြစ်လာပါတယ်..။

NLD က တင်တဲ့ အဆိုတွေ ကန့်ကွက်ခံရလို့မဟုတ်ပါ..။ ထိုကဲ့သို့သော အနှစ်သာရရှိရှိ တိတိကျကျ ထောက်ပြသောအဆိုမျိုး တင်သူ မည်သူကိုမဆို ထောက်ခံပါတယ်..။ အဲဒီလိုမျိုးအဆိုတွေ တင်တဲ့အတွက် ..ကန့်ကွက်ခံရလေ...။ လွှတ်တော်ထဲမှာ နေရာအများဆုံးယူထားသူများရဲ့ သိက္ခာ.. ကိုယ်ကျင့်တရားနဲ့ မိမိအတွက်ရပ်တည်မှုကို သိရလေပါပဲ...။

Ref : EMG, Skynet Plm Channel
ရန်အောင်

6 comments:

  1. စစ်အာဏာရှင်တွေကတော့ သူတို့ နှစ်ပေါင်းများစွာ အပိုင်စီးလာခဲ့တဲ့ စည်းစိမ်ဥစ္စာ၊ အခွင့်ထူးတွေကို ဘယ်သောအခါမှ အလွယ်တကူ စွန့်လွှတ်မည်မဟုတ်၊ နည်းမျိုးစုံနဲ့ ကာကွယ်ပါမည်။
    ရှစ်လေးလုံးအရေးတော်ပုံကြီး၏ အန္တိမရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်သွေးစုတ်ကောင်တို့ကို ဖယ်ရှားရေးလုပ်ငန်းကား မပြီးပြတ်သေးကြောင်း အားလုံးသတိပြုကြရမှာပါ။

    ReplyDelete
  2. ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ ခေါင်းဆောင်တွေ ငဖားတွေ (လောဘ ဒေါသ မောဟ တောင်လိုကြီးနေတဲ့သူများ) စုမိနေတော့ ....ရင်လေးစရာပါ။

    ReplyDelete
  3. တို့နိုင်ငံရဲ့ရှေ့ရေးကတော့ရင်လေးစရာဘဲ.....

    ReplyDelete
  4. Believe me,
    Myanmar is 75 percent controled by China.
    This Rakhine problem is one of their strategy.
    All junta leaders are under chinese remote control.

    ReplyDelete
  5. သူခိုးဖမ်းမယ်...လမ်းကြားမှာလား...လွှတ်တော်ထဲမှာထိုင်နေ၏

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.