Thursday, August 9, 2012

3 မြန်မာ့တပ်မတော်ရဲ့ လူသားဆိုင်ရာဂုဏ်သိက္ခာညိုးနွမ်းအောင်၊အရှက်ရအောင် အခွင့်အရေးချိုးဖောက်မှုတရပ်

၈.၈.၂၀၁၂ နေ့ လည် ၁ နာရီလောက်မှာ မဟာဗန္စုလလမ်းနဲ့  ဗိုလ်အောင်ကျော်လမ်းမီးပွုင့်တစ်နေရာ( BAK ကုန်တိုက်ရှေ့ )မှာတွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခုပါ ။ လူငယ် ၂ ယောက်နဲ့ စစ်သား ၂ ယောက်ပါ ။
မြန်မာ့တပ်မတော်ရဲ့ လူသားဆိုင်ရာဂုဏ်သိက္ခာညိုးနွမ်းအောင်၊အရှက်ရအောင် အခွင့်အရေးချိုးဖောက်မှုတရပ်ကို မနေ့က ရန်ကုန်မြို့လယ်မှာဗြောင်ဗြောင်တင်းတင်းချိုးဖောက်လိုက်တဲ့ဓါတ်ပုံပါ............ မည်သို့သော (စစ်ပြေးတရားခံဖြစ်နိုင်ပါသည်။)

တရားခံကိုမှလူသားဆိုင်ရာဂုဏ်သိက္ခာညိုးနွမ်းမှုမျိုးပြုလုပ်ချိုးဖောက်ခွင့်မရှိရပါ........... အခုလို ရန်ကုန်မြို့မှာတောင် ဒီလိုလုပ်ရပ်မျိုးလုပ်နေတာကိုမြင်တွေ့ရတော့ ပြည်တွင်းစစ်ဖြစ်ရာ ကချင်၊ရှမ်းဒေသတွေမှာ တဖက်ရန်သူလို့အမျိုးသားတွေကိုစွပ်စွဲနှိပ်စက်၊ အမျိုးသမီးတွေ မုဒိန်းကျင့်ဆိုတဲ့သတင်းတွေဟာ ရာခိုင်နှုန်းပြည်မှန်တယ်လို့ ယုံကြည်နိုင်ကြပါပြီ။

အရာရှိတွေကနေ စပြီး .. ကိုယ်တိုင်ပါဝင်တဲ့ စစ်သားတွေအထိကို ဒါဟာ လူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်တယ်ဆိုတာ ပညာပေးဖို့ လိုအပ်ပြီး ... ထပ်မံချိုးဖေါက်ပါက တရားစွဲအရေးယူနိုင်တဲ့အထိ ဆောင်ရွက်ဖို့အတွက် .. သမ္မတကိုယ်တိုင် ဖွဲ့စည်းပေးထားတဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ .. ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌလုပ်ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီ ၂ ရပ်ရဲ့ အဓိက တာဝန် ဖြစ်ပါတယ်။
ဓာတ်ပုံ..လူငယ်လေးတယောက်

3 comments:

  1. ထိတ်လန့်အံ့သြစရာကောင်းလှသော လူဂုဏ်သိက္ခာကို ထိပါးမှုကြီးပါ။
    စစ်တပ်က ကလေးတွေကို ဖမ်းပြီး တပ်ထဲ ဇွတ်အတင်းသွတ်သွင်းတာတွေကတော့ လူတိုင်းသိနေပါပြီ။
    အခုလို လူငယ်လေးနှစ်ယောက်ကို ရန်ကုန်မြို့လယ်မှာ ကြိုးတုပ်ခေါ်လာတာကို စစ်သားနှစ်ယောက်ကလဲ ရှက်ရမှန်း သိပုံမပေါ်ပါ။

    ReplyDelete
  2. တပ်ပြေးပါ အဲဒါတွေမဖြစ်ချင်ရင်တော့ ဒီမိုကရေစီနိုင်ငံမူအရ နိုင်ငံသားတိုင်း စစ်မှုထမ်းမှပျောက်မယ်

    ReplyDelete
  3. တေဇသားနဲ့ သန်းရွှေမြေးကိုစစ်သားတွေဖမ်းသွားတာလေ..။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.