Saturday, September 8, 2012

0 စွမ်းဆောင်ရည်အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံ

(3 September2012 ရက်စွဲပါ Asia Times Online မှ David I Steinerg ရေးသားသော Capacity dilemma in Myanmar ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ မြင်ကွင်းပေါ်တွင် သေချာစွာ စောင့်ကြည့်သူများရော ပါဝင်နေကြသည့် သူများပါ သမ္မတ ဦးသိန်းစိန်၏ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအပေါ် သဘောမတူညီမှုများ ကြီးကြီးမားမား ရှိနေခြင်းမှာ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အရေးပါမှု ပါဝင်နိုင်မှုနှင့် ရှည်ကြာနိုင်မှု တို့လည်း ပါဝင်သည်။

ထို့အထဲတွင် အရေးယှူုကို ထောက်ခံသူများရော မထောက်ခံသူရော ပြုပြင်ပြောင်းလဲရေး စည်းရိုး၏နှစ်ဖက်မှ အတွင်းလူများနှင့် စိတ်ဝင်စားသော အစိုးရ အမျိုးမျိုး ပါဝင်သည်။ သို့သော်အားလုံးက တစ်ညီတစ်ညွတ်တည်း နီးပါးသဘောတူညီကြသော ကိစ္စတစ်ရပ်မှာ မြန်မာနိုင်ငံရှိ အင်စတီကျူးရှင်းများ သည် လုံလောက်သော စွမ်းရည်မရှိဟူသော ကိစ္စရပ်များပင်ဖြစ်သည်။

ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် သီးခြားစီ သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း အတူတကွ သော်လည်းကောင်း လိုအပ်လှသည်။

သို့သော် ၎င်းတို့၏တစ်ကိုယ်ရည် စွမ်းရည်ဖြင့် မလုံလောက်ပါ။ ပြုပြင်ပြောင်းလဲရေး ကိုနယ်ပယ်စုံတွင် အကောင်အထည်ဖော်ရန်နှင့် အင်စတီကျူးရှင်းများ တည်ဆောက်ရာတွင် လေ့ကျင့်သင်ကြားမှု လိုအပ်ချက်နှင့် ခေတ်မီကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးသည် ကိုယ်တွေ့ကြုံရမည့် သက်သေသာဓက များပင် ဖြစ်သည်။ “လေ့ကျင့်သင်ကြားရေး” ဟူသော စကားလုံးမှာ ယနေ့မြန်မာနိုင်ငံတွင် လုပ်ဆောင်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ တစ်စုံတစ်ဦးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီအောင် တည်ဆောက်ရေးကို စိတ်ဝင်စားသည်ဆိုပါက ထိရောက်သော ပညာရေးစနစ်၊ ကျန်းမာရေး ဝန်ဆောင်မှု၊ အခြေခံ အချက်အလက်နှင့် သတင်းအချက်အလက် ခေတ်မီမှု၊ အဆင့်မြင့်လက်နက်နှင့် လူ့အဖွဲ့အစည်းဖြင့် ဆက်ဆံရေးနှစ်ခုစလုံးကို နားလည်သော စစ်တပ်၊ စသည့်ကဏ္ဍများနှင့် အခြားကဏ္ဍများတွင် နည်းစနစ်၊ ဥပဒေများသည် ဟောင်းနွမ်းခြင်း၊ အကန့်အသတ်နှင့် ရှိခြင်းတို့အပြင် လုံးဝမရှိခြင်း တို့ပင် ရှိသည်။

လူ့စွမ်းရည် တည်ဆောက်ခြင်းသည် ယနေ့မြန်မာနိုင်ငံတွင် အစိုးရနှင့်ဆိုင်သော အကူအညီ သို့မဟုတ် အစိုးရမဟုတ်သော အစီအစဉ်များ အတွက် ကြီးမားသော အစိတ်အပိုင်းတစ်ခု ပါဝင်နေသည်။ အဆိုပါ လေ့ကျင့်သင်ကြားရေး အစီအစဉ်များသည် ကာလရှည်သော်လည်းကောင်း ကာလတို သော်လည်းကောင်း ရှိပါမည်။ ပြည်တွင်းတွင် သော်လည်းကောင်း ရှိနိုင်သည်။ နိုင်ငံတော်မှလည်းကောင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ လည်းကောင်း ငွေကြေးထောက်ပံ့မှု ရရှိနိုင်သည်။အဆိုပါလေ့ကျင့် သင်ကြားမှုများမှာ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အသက်တမျှ အရေးပါသည်ဟု ကျယ်ပြန့်စွာရှုမြင်ပြီး၊ ယခုမှ စတင်သော ပြုပြင်ပြောင်းလဲမှုများ အတွက် ထိရောက်မှု ရှိစေမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်များကို ကတိအတိုင်း အကောင်အထည် ဖော်နိုင်ခြင်း၊ ရှိမရှိနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း များအတွက် အကြောင်းပြချက် များရှိသည်။ မြန်မာ့အရေးကို စောင့်ကြည့်သူများနှင့် ပါဝင်နေသူများ သို့မဟုတ် ခေတ်မီပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုတက်ရေး လုပ်ဆောင်နေသော မည်သည့် တိုင်းပြည်မဆို ကောင်းစွာ သဘောပေါက်သင့်သည့် အချက်မှာ သမိုင်းတစ်လျှောက် စီးပွားရေးတွင် မှားယွင်းစွာ ပစ်မှတ်ထား ခဲ့မှုများနှင့် အားနည်း သော လုပ်ဆောင်မှုများ ၊အခြားပုံစံဖြင့် အကူအညီပေးမှုများ ဖြစ်သည်။

ခေါက်ရိုးကျိုး နေသောပုံစံမှာ အကူအညီပေးရေး အစီအစဉ်များကို ရေးဆွဲပြီး စတင်လုပ်ဆောင် ပြီးမှသာ လေ့ကျင့်သင်ကြားရေးကို အစီ အစဉ်အတွင်း ထည့်သွင်းခဲ့သည်။

ထို့ကြောင့်မကြာခဏ ဖြစ်ပေါ်တတ်သည်မှာ ပြုပြင်ပြောင်းလဲရေး မူဝါဒ၊ အစီအစဉ် သို့မဟုတ် စီမံကိန်းကို စတင် လုပ်ဆောင်ခြင်းနှင့် ထိ ရောက်စွာ အကောင်အထည် ဖော်ခြင်းကြားတွင် မကြာခဏ ရပ်ဆိုင်းရခြင်းများ ဖြစ်ပေါ်တတ်သည်။ နေရာတိုင်းတွင် လူများမှာ လေ့ကျင့်သင်ကြားမှု လိုအပ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဆယ်စုနှစ်ငါးခုခန့် စစ်တပ်၏ ဆက်တိုက်အုပ်ချုပ်မှုမှ နိုးထလာသော အထီးကျန်နိုင်ငံတွင် ပို၍ပင် လိုအပ်သည်။

စွမ်းဆောင်ရည်နိမ့်ကျနေသော မြန်မာနိုင်ငံတွင် ဘာတွေဖြစ်နေသလဲ။ ဤနေရာတွင် ကျွန်ုပ်တို့သည် မကွယ်မဝှက်ပွင့်ပွင့် လင်းလင်း ဖော်ထုတ်ပြောကြားရန် လိုသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာနှင့် ခေတ်သစ်ဆေးပညာ အပါအဝင် နယ်ပယ်များတွင် ဆန်းသစ် လာမှုများ ရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများတွင်ပင် လေ့ကျင့်သင်ကြားမှုမှာ လိုအပ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ချိန်က အဆင့်အတန်း မြင့်မားသော ပညာရေးစနစ်ရှိခဲ့သည်။ လွန်ခဲ့သော နှစ်များစွာက အရှေ့တောင်အာရှတွင် အကောင်းဆုံးတက္ကသိုလ် ရှိခဲ့ပါသည်။ ထိုသို့သော တစ်ချိန်က ဂုဏ်ယူစရာများမှာအာလုံးနီးပါး ပြိုပျက်ခဲ့ရပြီ ဖြစ်သည်။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၂မှ ၁၉၈၈ကာလ ဆိုရှယ်လစ်ခတ်တွင် အတွေးအခေါ် ပိုင်းဆိုင်ရာ ကန့်သတ်မှု များကို ပြင်းထန်စွာ လုပ်ဆောင်ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား သို့မဟုတ် အယ်လ်ဘေးနီးယားတို့လောက် အထီးကျန် မဖြစ်ခဲ့သော် လည်း အရေးပါသော စဉ်းစားတွေး ခေါ်မှု နှင့် နိုင်ငံတကာ အဆက်အသွယ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ပိတ်ပင်ခဲ့သည်။ တံခါးပိတ်ထားသော ကာလအတွင်း နိုင်ငံတကာ စာပေများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခြင်းကို လည်းတားမြစ်ထားသည်။

ထို့နောက် အုပ်ချုပ်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ သည်အတွေးခေါ်ပိုင်းဆိုင်ရာ တွင်ပြောင်းလဲခဲ့သည်။သို့သော် သတင်းနှင့် စာအုပ် ထုတ်ဝေခြင်း၊ စာအုပ်များတင်သွင်းခြင်းဆိုင်ရာ မူဝါဒများတွင် တင်းကြပ်သော ဆင်ဆာများချမှတ်ထားခဲ့သည်။

ပြီးခဲ့သည့်လက သတင်းဂျာနယ်များ စာပေစိစစ်ရေးသို့ ကြိုတင် တင်ပြစရာ မလိုတော့ကြောင်း ကြေညာခဲ့မှုအပေါ် အများက ကျယ်ကျယ်ပြန့်ပြန့် ကြိုဆို၍ အကောင်းမြင်ကြသည်။ သို့သော် လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ဆိုင်ရာများတွင် အမျိုးသား လုံခြုံရေးကို ဦးစားပေးသော ဥပဒေအများအပြားမှာ ယခင်အတိုင်း ရှိနေဆဲဖြစ်သည်။

တွေးအခေါ်ပိုင်းဆိုင်ရာ နှင့်ဆင်ဆာကိစ္စ ပြဿနာများမှာ အစိုးရက ကျောင်းသားများ ခေါင်းဆောင်သော နိုင်ငံရေးနှင့် လူမှုရေး မငြိမ်မသက်မှုများကို ကြောက်ရွံ့ပြီး တက္ကသိုလ်များ၊ အထက်တန်းကျောင်း များကို ပင်အချိန်ကြာမြင့်စွာ ပိတ်ပင်ထားမှု ကပိုမို၍ ဆိုးရွားစေသည်။ ဆရာများ၏ လုပ်ခမှာ လည်းနည်းပါးလှသောကြောင့် ပြင်ပတွင် စာမသင်ရဟု ကန့်သတ်ထားသော်လည်း နောက်ဆုံးတွင် တိတ်တဆိတ် အပြင်တွင်စာသင်ကြား ခဲ့ကြရသည်။ အဂတိလိုက်စားမှုများမှာလည်း ကျယ်ကျယ်ပြန့်ပြန့် သက်သေပြစရာများရှိ နေသည်။ ယခုအချိန်အထိ ရာစုနှစ်တစ်ဝက်ခန့် ပညာရေးက ဦးဆောင်သော တိုးတက်မှုများမှာ ထိထိရောက်ရောက် ပျောက်ဆုံးလျက်ရှိပြီး အားလုံးနီးပါး ဖျက်ဆီးခံခဲ့ရသည်။

၁၉၈၈ခုနှစ် အရေးအခင်းပြီးကတည်းက ပျက်စီးရသည့် အကြောင်းအရင်းများ အတွက် အသစ်စဉ်းစားရမှု များရှိလာသည်။တိုးတက်မှုမရှိခြင်းများ အတွက်အားလုံးတွင် တာဝန်ရှိသည်။၁၉၉၃နောက်ပိုင်းတွင် တရုတ်နှင့် အိန္ဒိယ မှလွဲ၍မြန်မာအစိုးရတာဝန်ရှိသူများ နှင့်စီမံကိန်းရေးဆွဲသူများကို လေ့ကျင့်သင်ကြားပေးမှု ပြုလုပ်နိုင်သော နိုင်ငံနည်းပါးခဲ့သည်။

ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့သည် အရေးယူမှုများ ချမှတ်ကာ ဂျပန်ကဲ့သို့သော နိုင်ငံများ ကိုလည်းတရားဝင်အကူအညီပေးမှုများရပ်ဆိုင်းရန်ဖိအားပေးခဲ့သည်။ မြန်မာနိုင်ငံမှ နိုင်ငံရေးသမားများ၊ပညာရှင်များကို လေ့ကျင့်ပေးခြင်းသည်အများလက်မခံသောအစိုးရကိုအားကောင်းလာအောင်လုပ်ပေးသည့်နှယ် ဖြစ်သည်ဟု ဝေဖန်သူများက ငြင်းချက်ထုတ်ကြသည်။ အဖွဲ့အစည်းများမှ နိုင်ငံရေးနှင့် မဆိုင်သော ဝန်ထမ်းများနှင့် လူငယ်များကို အဆင့်မြင့် အထူးကျွမ်းကျင်မှုများ လေ့ကျင့်သင်ကြားပေးခြင်းသည် စစ်အစိုးရကို ပိုမိုအားကောင်းစေမည် ဖြစ်ပြီး မကောင်း သော အစိုးရတစ်ခုကို တရားဝင် အသိအမှတ် ပြုသည့်သဖွယ် ဖြစ်မည်ကို စိုးရိမ်ကြသည်။

အီးယူနှင့် အမေရိကန်သည် အထူးသဖြင့် တပ်မတော်ဟုခေါ်သော စစ်တပ်နှင့် မြန်မာနိုင်ငံအပေါ် အထီးကျန်ပစ်ထားခဲ့သည်။ အချို့ နိုင်ငံခြား အဖွဲ့အစည်းများက မြန်မာနိုင်ငံမှ ထွက်ပြေးသွားကြသူများနှင့် အစိုးရဆန့်ကျင်သူ များအနက် အချို့ကို ပြည်ပတွင် လေ့ကျင့်သင်ကြားရေး အစီအစဉ်များကို လုပ်ဆောင်ပေးခဲ့သည်။ အီးယူနှင့်အမေရိကန် တို့၏အရေးယူမှုများ၏ နောက်ဆုံးရည်မှန်းချက်မှာ ထိုသင်ကြားပေးထားသူများသည် အရပ်သား ဦးဆောင်သော အစိုးရသို့ ပြောင်းလဲသွားပါက မြန်မာနိုင်ငံသို့ ပြန်လည် အလုပ်အကျွေး ပြုရေးဖြစ်ပြီး လက်ရှိစစ်စိုးရကို လုပ်ကိုင်ပေးရေး မဟုတ်ပေ။

ရလာဒ်အားဖြင့်အဓိကမကျသောမီဒီယာလေ့ကျင့်သင်ကြားပေးမှုများမှလွဲ၍တိုင်းပြည်ခေတ်မီ အောင် ပြုလုပ်ပေးမည့် လေ့ကျင့်သင်ကြား ပေးမှုများ၊မရှိခဲ့ပေ။ယခုအခါအများနှင့်ဆိုင်သောအဖွဲ့များ၊ပုဂ္ဂလိကအလှူရှင်များ နှင့် မြန်မာနိုင်ငံသား ပြုပြင်ပြောင်းလဲရေး ဝါဒီအသစ်များ မွေးဖွားလာရေး အတွက် ဆန္ဒရှိသူများသည် နိုင်ငံအဝှမ်း ခေတ်မီစွမ်းရည် ရှိသူများကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေနေကြသည်။ လေ့ကျင့်သင်ကြား ပေးနိုင်ရန် အလား အလာနှင့် အခြေခံ အနည်းငယ် ရှိသူများကို ပင်ရှာဖွေ နေကြရသည်။

ယခုပြဿနာ အခက်အခဲမှာ ခန့်မှန်း၍ရနိုင်ပြီး ယခင်ကလည်း ထိုသို့ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ကြသည်။ ဦးသိန်းစိန် အစိုးရသည် ပြုပြင်ပြောင်း လဲရေး များ၏ သက်ရောက်မှုကိုစောနိုင်သမျှ စော၍ခံစားနိုင်စေရန် စိတ်အားထက်သန် နေချိန်တွင် အရှိန်အဟုန်ကို ဆက်လက်တည်ဆောက်နိုင်ရေး စွမ်းရည်မှာ မြန်မာနိုင်ငံနှင့် မတူညီသော အလှူရှင်အမျိုးမျိုး၊ နှစ်ဖက်စလုံး၏ အတိတ်မှ မူဝါဒများကြောင့် အကန့်အသတ်များရှိခဲ့ပြီး လုပ်ရကိုင်ရကြပ်တည်း လှသည်။ အဆိုပါအတိတ်မှ မူဝါဒများသည် တစ်ဦးချင်းပေါ်တွင် သာမက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံး အပေါ်တွင်သာမက ပြုပြင်ပြောင်း လဲမှုများ ဖြစ်ပေါ်စေသည်။

အပေါင်းလက္ခဏာ ဆောင်ပြီးလျှင် ထိရောက်သော ပြုပြင်ပြောင်းလဲရေး၏ သက်ရောက်မှုများ မရှိခြင်းသည် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုကြီးကို အထင်အမြင် မှားစေနိုင်သည်။ တိုင်းပြည်အပေါ်တွင် ဆိုးရွားသော အကျိုးဆက် ဖြစ်နိုင်သည့် အလားအလာကြောင့် ပြုပြင်ပြောင်းလဲရေး သမားများနှင့် ပြည်သူများအကြားတွင်ပင် အားလျော့စေနိုင်သည်။ အချို့က ဆိုးသောအကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု ယုံကြည်လျက်ရှိရာ ထိုသို့ဖြစ်လာခဲ့ပါက အီးယူ နှင့် အမေရိကန် အလှူရှင်များသည် မိမိကိုယ်မိမိ အရှိအတိုင်း ဝေဖန်ရတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိစွမ်းဆောင်ရည် ညံ့ဖျင်းနေမှုအတွက် ၎င်းတို့တွင် တစိတ်တစ်ပိုင်း တာဝန်ရှိသည်။

Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.