Tuesday, September 4, 2012

1 ပြည်သူ့လွှတ်တော်မှာလည်း မတ်တတ်ရပ်ခိုင်းပြီ

ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒေါ်အောင်ဆန်းစုကြည်မှ မထောက်ခံသဖြင့် ထိုင်နေစဉ်..(Photo.ကို သန်းထွန်း)

ဒီနေ့ လွှတ်တော်မှာ ဦးအောင်သိန်းလင်း တင်ပြသော စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍၎င်း၊ ကုမ္မဏီအမည်ဖောက်၍၎င်း ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမ္မဏီမှ သီးစားခယူနေခြင်းများရှိပါသဖြင့် လယ်ယာမြေကို လုပ်ကိုင်နေသူများ လယ်သမားများကိုသာ ဦးပိုင်အမည်ဖောက်သတ်မှတ်၍ လုပ်ကိုင်ခွင့်ချထားပေးသင့်ကြောင်း အဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့်ဆုံးဖြတ်ရာ လွှတ်တော်၌် တစ်ခါမှမကြုံစဖူး ၎င်းအဆိုကို ကန့်ကွက်သူပေါ်လာပါတယ်။

၎င်းကန့်ကွက်သူကတော့ NLD က ဦးစိန်ဝင်းပါ။ သူကပြန်ရှင်းပြတာက နိုင်ငံတစ်ဝှမ်းလုံးရှိ စားကျက်မြေများကို လယ်မြေအဖြစ်မသိမ်းပိုက်သင့်ကြောင်း ဥပဒေအကိုးအကားဖြင့် ကန့်ကွက်သွားပါတယ်။ ဒါကြောင့် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် မတ်တတ်ရပ်ခိုင်းပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အများစုက မတ်တတ်ရပ်ပြီး NLD အမတ်များကတော့ တစ်ယောက်မှ မရပ်ကြပါ။ လွှတ်တော်တက်ရောက်သူ (၃၈၈)ဦး မှ ထောက်ခံသူ (၁၇၇) ဦးရှိသဖြင့် အဆိုကိုဆွေးနွေးရန် အတည်ပြုခဲ့ပါသည်။ ဒါကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များဟာ စားကျက်မြေကော မည်သည့်မြေအမျိုးအစားဖြစ်ဖြစ် သိမ်းယူချင်နေတာကို ထောက်ခံကြောင်းပြသရာရောက်ပါတယ်။

အမိန့်အမှတ် ၂/၂၀၁၂
ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များမှ စုံးစမ်းစစ်ဆေးရေးဥက္ကဌနှင့် အဖွဲ့ဝင်များကို ဥက္ကဌ (ဦးနန္ဒကျော်စွာ) အား ကန့်ကွက်ကြောင်း အမိန့်အမှတ် ၁/၂၀၁၂ ကို ပို့လိုက်ပါသည်။ ဦးနန္ဒကျော်စွာ ဥက္ကဌ အနေဖြင့် ဆောင်ရွက်နေလျှင် တရားမျှတမှုရှိမှာမဟုတ်ကြောင်း အကြောင်းကြားလာသဖြင့် ပြည်သူ့လွှတ်တော်အနေနှင့် အမိန့်အမှတ် ၂/၂၀၁၂ ဖြင့် ခုံရုံးမှ ကန့်ကွက်သူများ၏ ဆန္ဒအရ၎င်း ၎င်းတို့၏ ဂုဏ်သိက္ခာကို ထောက်ရှု့ခြင်းဖြင့်၎င်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌအား ဦးနန္ဒကျော်စွာ၏နေရာတွင် (ဦးသိန်းဆွေ) ဖြင့် အစားထိုးပြောင်းလဲခဲ့ပါသည်။

ု့Khai khant(ကိုခင်မောင်ဝင်း)

1 comment:

  1. စားကျက်မြေကိုတောင်မှ ချန်မထားတော့ဘူးလား ကြံ့ဖွတ်တို့-

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.