Saturday, September 8, 2012

0 ၃၇မင်းနတ် မဟုတ်သော ဝန်ကြီး ၃၇ပါး


နိုင်ငံတော် သမ္မတရုံးက စက်တင်ဘာ ၇ ရက် ရက်စွဲဖြင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် အောက်ပါ ပုဂ္ဂိုလ်များကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

၁။ ဦးအေးမြင့်ကြူ (ယဉ်ကျေးမှုဝန်ကြီးဌာန)
၂။ ဗိုလ်ချုပ်
ဇေယျာအောင် (ရထားပို့ဆောင်ရေး ၀န်ကြီးဌာန)
၃။ ဒေါက်တာမြင့်အောင် (သတ္ထုတွင်းဝန်ကြီးဌာန)
၎။ ဦးကျော်လွင် (ဆောက်လုပ်ရေးဝန်ကြီးဌာန)
၅။ ဦးဝင်းရှိန် (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၆။ ဒေါက်တာကံဇော် (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)
၇။ ဦးမောင်မြင့် (အလုပ်သမားဝန်ကြီးဌာန)
၈။ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန)
၉။ ဒေါက်တာ ကိုကိုဦး (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)
၁၀။ ဦးဌေးအောင် (ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန)

ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ခန့်အပ်ပြီး၊ ဦးသိန်းထိုက်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ကြောင်းကြေညာချက် အသီးသီးထုတ်ပြန်ခဲ့သည်။
http://www.president-office.gov.mm/b.../09/07/id-1314

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.