Wednesday, September 5, 2012

58 စက်မှုဝန်ကြီးဌာန (နေပြည်တော်ရုံးချုပ်) ၀န်ထမ်းများ ရာထူးတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဌာနတွင်း မကျေမနပ်မှုများ ဖြစ်ပေါ်နေ

တကယ်တမ်းလူတွေ့စစ်ဆေးမေးမြန်းသောအခါ အလုပ်အကိုင်နှင့်ပတ်သက်သောကိစ္စများကို အနည်းငယ်သာမေးပြီး၊ဘယ်လိုဟင်းချက်တတ်လဲ?ကြက်သားဟင်းချက်တတ်လားစသည့်လုပ်ငန်းနှင့်မဆိုင် သော မေးခွန်းများသာဖြေဆိုနေ ရကြောင်းသိရှိရပါသည်။
စက်မှုဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ ရာထူးတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဌာနမှ ၀န်ထမ်းရွေးချယ်ရေးအဖွဲ့သို့ (၄၈) ဦးစာရင်းတင်ပြလိုက်ပါတယ်။

၎င်း (၄၈)ဦးထဲတွင် ဌာနအတွက် အနစ်နာခံဆောင်ရွက်သူများနှင့် စီနီယာဝန်ထမ်းများကို ချန်ထားခဲ့ပြီး၊ လူကြီးနားနေသူများ၊ အရှာရှိထမင်းခူးပေး၊ လက်ဖက်ရည်ဖျော်ပေးသူများနှင့် နီးစပ်သူတွေကိုသာ ဦးစားပေးရွေးချယ်လိုက်ပါတယ်လို့ ဌာနတွင်း သတင်းများအရ သိရပါသည်။

တစ်ချို့မှာ လုပ်သက် (၆) နှစ်ကျော်နှင့်ရွေးချယ်ခံခဲ့ရပြီး လုပ်သက် (၃၀) ကျော် စီနီယာသမားများမှာ ချန်ထားခံခဲ့ရသည့်အတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ ၀န်ထမ်းများမျှော်လင့်ထားသည့်က ရွေးချယ်သည့်အထဲတွင် တကယ့်ပါသင့်ပါထိုက်သူများ ပါဝင်မယ်လို့များစွာ မျှော်လင့်ခဲ့ကြပါတယ်။ တကယ်တမ်း စာရင်းတင်ပို့သည့်အခါကျမှ ၎င်းတို့အမည်များပါမလာကြောင်းသိရပြီး မကျေမနပ်ဖြစ်နေကြပါတယ်။

၎င်းတို့ မကျေမနပ်ဖြစ်နေသည်ကို သိသောကြောင့် (၄၈) ဦးစာရင်းတင်ပြသော အသက်(၄၆)နှစ်အောက်သာရွေးချယ်ကြောင်း သတင်းလွှင့်ထားပါတယ်။ တစ်ချို့ဝန်ထမ်းများမှာ နေပြည်တော်ရုံးချုပ်သို့ ရောက်ရှိလာသည်မှာ မကြာသေးပဲ ရုံးချုပ်လုပ်ငန်းများကို နားမလည်သေးပဲ ရုံးချုပ်လုပ်ငန်းများကို ကျွမ်းကျင်စွာလုပ်ဆောင်နေသူများထက် ဦးစားပေးရွေးချယ်ခဲ့ခြင်းကြောင့် အံ့သြရကြောင်း၊ ၎င်းတို့မှာတော့ ရာထူးတိုးမြင့်ရေးအတွက် ဒုဝန်ကြီးကိုယ်တိုင် လူတွေ့စစ်ဆေးမည်ဆိုသောကြောင့် လုပ်ငန်းနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခဲ့ရသည့်အတွက် စိတ်ပန်လူပန်း ဖြစ်ခဲ့ကြပါတယ်။

တကယ်တမ်းလူတွေ့စစ်ဆေးမေးမြန်းသောအခါ အလုပ်အကိုင်နှင့်ပတ်သက်သောကိစ္စများကို အနည်းငယ်သာမေးပြီး၊ ဘယ်လိုဟင်းချက်တတ်လဲ?ကြက်သားဟင်းချက်တတ်လားစသည့်လုပ်ငန်းနှင့်မဆိုင် သော မေးခွန်းများသာဖြေဆိုနေ ရကြောင်းသိရှိရပါသည်။

ရွေးချယ်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာများသို့ တိုင်ကြားမည် ဖြစ်ကြောင်း ၎င်းတိုင်းကြားမှုအတွက်လည်း ဌာနအရာရှိမှ မကျေနပ်လို့ ပို့ချင်တဲ့နေရာပို့ သွားနိုင်လျှင်သွားမည်၊ မသွားနိုင်လျှင်ထွက်စာတင် နှုတ်ထွက်မယ်၊ အကြောင်းရှာ၍ အလုပ်ဖြုတ်လျှင်လည်း အလုပ်ဖြုတ်ခံပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန်တောင်ဆိုမည်ဖြစ်ကြောင်း နောက်ဆုံးသိရှိရပါသည်။

ကိုခင်မောင်ဝင်း (Nld)

58 comments:

  1. လေးမိမိစိုးဆိုရင်ခိုးလဲခိုးသေး။ပြည်သူကိုရောင်းမဲ့ချယ်ရီကား(၂)စီးကိုလဲတိုက်လိုက်သေးတယ်။လုပ်သက်(၆)နှစ်နဲ့AGMဖြစ်သွားတယ်။လူကြီးကဘာကိုကြိုက်လဲတော့မသိဘူး။ဒါတောင်မှ သူက DGM ရာထူး မှန်းနေသေး တယ်နော်။
    ဟေမွန်ဆိုရင်လဲ အရင်ဝန်ကြီးက သူ.အနားခေါ်ထားပြီး ရာထူးတိုးပေးထားတယ်။

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
    Replies
    1. ယဉ်ကျေးမှုမရှိပါလားနော်။ ဒီအမြင် ဒီအတွေးအခေါ်နဲ့ဆို တိုင်းပြည်တိုးတက်မှာမဟုတ်ဘူး။

      Delete
  3. ဟေ့ အလုပ်မရှိအကိုင်မရှိ တစ်နေကုန်ကွန်ပျူတာရှေ့ထိုင်ပါ၏။ ဘာများလုပ်ပါဘိ..
    လူကြီးမကောင်းပြောပါ၏.. သိတာဘာရှိ မသိ...မသိ.. နဟိ..နဟိ..
    အလုပ်အကိုင်မရှိ... အချိန်တန် လစာယူပါဘိ..
    ဒီအလုပ်သိလားမေးပါ၏... မသိ... မသိ.. ကျွန်တော်မသိ... ကျွန်မမသိ.... ဘယ်သူမှမသိ....
    သူမလုပ်... ငါမလုပ်... လစာအကုန်ထုတ်.... ရာထူးတိုးတော့လိုချင်ပါဘိ.... အလုပ်အကိုင်တော့မရှိ...

    ReplyDelete
    Replies
    1. ဟုတ်တယ်ဟေ့ G talk နဲ့ facebook ကလွဲပြီးဘာမှ မသိတဲ့ကောင်မတွေ သူများရာထူးတိုးချိန်တန်တော့ လိုချင်ကြသေးတယ်

      Delete
  4. ဒီလိုမျိုးက ဒီဌာနမှမဟုတ်ပါဘူး ဌာနတိုင်းဌာနတိုင်း အဖွဲ့ အစည်းတိုင်းလိုလိုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာပါ .....တစ်ခြားဝန်ကြီးဌာနအဖွဲ့ အစည်းတွေမှာလဲ ဒီထက်ဆိုးတဲ့ မတရားတဲ့ ပြသနာတွေလဲရှိကြတာပါပဲ...... ဒီထဲမှာပါတဲ့ သူတင်မကဘူး အများကြီး အများကြီးကျန်ပါသေးတယ်..ဒါပေမဲ့ ဒီလိုနာမည်တွေထည့်ပြီး အသုံးအနှုံးကြမ်းတွေနဲ့ရေးကြတော့ အရေးခံရတဲ့ကာယကံရှင်အနေနဲ့လဲမကောင်းပါဘူး..ရေးတဲ့သူကိုတိုင်လဲမကောင်းဖြစ်တယ်လို့ထင်ပါတယ် ...သေချာတာတော့ ဒီလူတွေအားလုံးက ဒီ စက်မှုဝန်ကြီးဌာနအောက်က ၀န်ထမ်းတွေချည်းပဲဆိုတာသေချာပါတယ်....နောက်ဆုံး တော့ ကျွန်တော်တို့ ဌာနတွင်းပြသနာကိုလူတိုင်းသိအောင်ချပြသလိုဖြစ်တော့ အားလုံး အားလုံး ကျွန်တော်အပါအ၀င် သိက္ဇာကျတာပေါ့.. တရားကိုနတ်စောင့်ပါတယ်ဗျာ....ကျွန်တော်တို့မှာလဲခံစားချက်တွေရှိပါတယ်...အချိန်တန်ရင် ကျွန်တော်တို့ အတွက် လဲအခွင့်အရေးဆိုတာရှိလာမှာပါ....

    ReplyDelete
    Replies
    1. အခွင့်အရေးဆိုတာ လူကြီးပိုင်တဲ့လူအတွက်ဆိုဘယ်ကောင်းပါ့မလဲ။ အားလုံးညီတူညီမျှဆိုရင်တော့သိပ်ကိုကောင်းတဲ့ဌာနဖြစ်မှာပါပဲ။

      Delete
  5. ပညာတတ်တွေဖြစ်ပြီးအရေးပါသောအရာရှိဖြစ်အောင်ကိုယ်တိုင်ကြိုးစားကျပေါ့.......တော့နုတ်ကြမ်း
    မိမိကြောင့်မိဘအထိခိုက်မခံရပါစေနဲ့

    ReplyDelete
    Replies
    1. နစ်နာနေသောဝန်ထမ်းတစ်စုSeptember 17, 2012 at 12:29 PM

      BE ,B.Com မှမြန်မာပြည်ရဲ့ပညာတတ်လား။ မြန်မာပြည်ပညာရေးစနစ်ကသင်ကြားထားသော တခြားပညာတတ်ကကောပညာတတ်မဟုတ်ဘူးလား။ မြန်မာပြည်မှာ BE, B.Com ပဲလုပ်စားရတော့မလိုဖြစ်နေတဲ့ ၀န်ကြီးတွေရဲ့ အယူအဆကြောင့်ဒီဌာမှာနစ်နာသူတွေအများကြီးရှိနေတာကို အထက်အရာရှိကြီးများအနေနဲ့လည်းပြန်လည်သုံးသပ်ဖို့လိုအပ်ပါသည်လို့ အကြံဥာဏ်ပေးပါရစေ။

      Delete
    2. အဟတ် သူတို့လေးတွေကတော့ ခက်တည်တည်ပဲဗျ .....မြောက်စားထားတော့ တောက်ကြွားကြလေရဲ့.... ရှက်လဲရှက်တတ်ကြဘူးဗျာ....ခပ်တည်တည်ပဲ...

      Delete
    3. အောင်မင်းဆွေSeptember 18, 2012 at 12:18 AM

      အရေးပါသောအရာရှိကြီးများဖြစ်အောင် မိန်းကလေးငယ်များကိုပဲရာထူးတိုးပေးခြင်းကိုလည်းရှောင်ကြဉ်ပြီးတကယ့်အရည်အချင်းမှန်ကိုရွေးချယ်သင့်ပါတယ်။

      Delete
  6. ကောသလမင်းကြီးရဲ့အိပ်မက် ၁၆ ချက်ထဲကလိုပေါ့ ပညာတတ်တွေ ကတစ်ကယ်တော့ နေရာမရ တော့ပါဘူး..... ဒါပေမဲ့ လဲ ရှေးကုသိုလ်နည်းခဲ့ တာကြောင့်ပဲလို့ပဲမှတ်ယူရမှာပါပဲ.......

    ReplyDelete
  7. Special word for everybody.

    If you want to improve your country, You must change your mindset.

    ReplyDelete
  8. Comment ပေးတာတော့ကောင်းတာပေါ့။ ဒါမေမယ့် အမေ၊အစ်မ၊ညီမ တော့ရှိမှာပါနော်။ ယဉ်ကျေးစွာဖြင့် ဝေဖန်ပါ။ လူသားအားလုံး လက်ခံနားလည်ကြမှာပါ။

    ReplyDelete
  9. ခံစားချက်ရှိလို့ ဆဲတာနေမှာပေါ့။ မင်းကနာရအောင် မင်းနဲ့ ဘာတော်လဲ

    ReplyDelete
  10. တစ်ကယ်တော့ ဒီ ၀န်ကြီးဌာနက BE ၀န်ကြီးဌာန BE မြို့တော်ကြီးပေါ့ဗျာ..ဌာနတွင်းနေရာတိုင်းမှာ သူတို့လေးတွေနေရာယူ မင်းမူနေလေရဲ့.....
    လွန်ခဲ့တဲ့ ၁၀ စုနှစ်ပတ်ဝန်ကျင်အတွင်းမှာပေါ့... အရေးအခင်းတွေဖြစ်လို့ ကျောင်းတွေ အပိတ်ခံရပြီးနောက်ပိုင်း ပြန်ဖွင့်ကြတဲ့ကာလမှာပေါ့....အမြို့မြို့ အနယ်နယ်တိုင်းမှာ GTC ကျောင်းများပေါချင်းသောချင်းပေါပေါက် လာပါတယ် ...ကျောင်းသားများမှာလဲ ပေါချင်းသောချင်း တတ်ခွင့်ရကြပါတယ် ...ပထမ GTC နှစ်နှစ်ပြီးတော့ အဲဒီကျောင်းတော်ကြီးတွေက ကျောင်းသားများဟာ B-tech/BE ကိုပေါချင်းသောချင်းဆက်တတ်ခွင့်ရကြပါတယ် ..ဘာကြောင့်လဲဆိုတော့ပထမ GTC နှစ်နှစ်ပြီးတဲ့အချိန်မှာ B-tech/BE တက်ခွင့်ရအဆင့်မှီကျာင်းသားဦးရေမရှိတော့ သက်ဆိုင် ရာကျောင်းတော်ကြီးတွေဟာ.... (ထုချေလွှာတင်ရမှာကြောက်ပုံရပါတယ်).... အခက်တွေ့ပြီးရှိသမျှမေဂျာ မှကျောင်းသားများကို အလိုအလျောက် ၀င်ခွင့်ပေး/ရသွားကြပါတယ်. ကြားထဲမှာလဲ သပန ၀န်ကြီးကောင်းမှုနဲ့ မ၀င်. ၀င်အောင် ၀င်ခွင့်တွေပေးပြီးအကြိမ်ကြိမ် B-tech မှ BE အထိ ခေါပြီး ဘွဲ့များကို မရမချင်းပေါချင်းသောချင်းပေး ကြပါတယ်.... ဒီလိုနဲ့(စာတွေ့လက်တွေ့ထိထိရောက်ရောက်နဲ့) နိုင်ငံတော်အတွက် အားကိုးလောက်တဲ့ BE ဘွဲ့ရဦးရေတိုးပွားလာပြီးသကာလ ၀န်ကြီးဌာနတိုင်းမှာ)(ဒီဝန်ကြီးဌာနအပါအ၀င်) ရာထူးအသီးသီးနဲ့ (တစ်ချို့ တော်တော်များများ သပနမှာ Doctor ဘွဲ့တွေတောင်ရယူပြီး လက်ထောက်ညွှန်မှူး/ညွှန်မှူးရာထူးတွေတောင်ရကုန်ပါပြီ..ထိုသူများကပဲအနာဂတ်နိုင်ငံတော်အတွက် အင်ဂျင်နီယာလောင်းလေး များပေါ်ပေါက် လာရေးအတွက်ဆက်လက်တာဝန်ယူသင်ကြားပို့ချနေပါတယ် .လေးစားလောက်ပါပေတယ်)....နေရာယူထားကြပါပြီ.....အုပ်ချုပ် မင်း လုပ်နေကြပါပြီ.... အရင် GTI ကျောင်းများမှ စာတွေ့လက်တွေ့ပြည့်စုံစွာနဲ့ လုပ်ငန်းခွင်အတွေ့အကြုံရ လူကြီးများကိုတောင် ခင်ဗျားတို့ကဘာသိလို့လဲ.... ဒီအဆင့်နဲ့တက်မလာနဲ့လို့တောင်ပြောဆိုကြပါသေးတယ်.... ကျွန်တော်တို့တိုင်းပြည်အနာဂတ်ကိုမစဉ်စားရဲလောက်အောင်ပဲဗျာ... ကျွန်တော်တို့နိုင်ငံမှာဒီအခြေခံပညာရေးကအစ ပြုပြင်ပြောင်းလဲမှ အစစ ပြီးပြည့်စုံတဲ့နိုင်ငံတစ်ခုတည်ဆောက်နိုင်မှာပေါ့ဗျာ....

    ReplyDelete
    Replies
    1. နစ်နာနေသူဝန်ထမ်းများကိုယ်စားSeptember 17, 2012 at 12:41 PM

      မြန်မာပြည်ရဲ့ပညာရေးစနစ်ကိုပြုပြင်ပြောင်းလဲဖို(အဓိက သပန)လုပ်နေပါပြီ။ ဦးသောင်းဖျက်ဆီးသွားတဲ့ BE တွေရဲ့အရည်အချင်းတွေကတော့စုတ်ပြတ်သတ်နေတာပဲလေ။ အရင် YIT,MIT BE တွေကိုမဆိုလိုပါဘူး။ သူတို့တွေကတကယ်တော်ပါတယ်။ စက်မှု ၂ ရဲ့စနစ်ဆိုးကြောင့်ယခု စက်မှု ၁ နှင့်ပေါင်းလိုက်တဲ့အခါ အရင်စက်မှု ၂ အမှုထမ်းတွေရဲ့နစ်နာမှုကိုတွေ့ရမှာပါ။ အရင်စက်မှု ၂ ၀န်ကြီးရဲ့ အမှုထမ်းကိုအရာထမ်းအဖြစ်ရာထူးမတိုးပေးရေးစီမံချက်ကြောင့်ယခုအခါစက်မှု ၁ နှင့်ယှဉ်ပါကGTI ချင်းအတူတူ စက်မှု ၂ အမှုထမ်းများမှာ အမှုထမ်းဘ၀ဖြစ်နေရခြင်းကို အထက်သက်ဆိုင်ရာလူကြီးများမျက်ဝါးထင်ထင်တွေ့မြင်လိမ့်မယ်လို့ထင်ပါတယ်။ စက်မှု ၂ လည်းစနစ်တစ်ခုကိုပြောင်းလဲပေးဖို့ အမှုထမ်းဝန်ထမ်းများကိုယ်စား အသနားခံချင်ပါတယ်။

      Delete
    2. အခုလည်း အမှုထမ်းတွေ ရာထူးတိုးဖြေထားကြတယ်။ စက်ရုံတွေကိုအခုအထိ EC တောင်မတင်သေးဘူး။ ၀န်ကြီးကလည်း ပြောင်းသွားပြန်ပြီ။ အထက်အရာရှိကြီးများ နှင့် ယခုဝန်ကြီး အသစ် ခင်ဗျား ကျွှန်တော်တို့ကိုထည့်သွင်းစဉ်းစား ပေးဖို့တောင်းဆိုပါတယ်။

      Delete
    3. အဲ့ဒီ BE နောက်ပေါက်လေးတွေရဲ့ ဆယ်တန်းအောင်မှတ်လေးများလည်းမေးကြည့်ကြပါဦးနော်။ 320 ကျော်ရင် BE နောက်ပေါက်သေချာဖြစ်ဖို့ ပထမခြေလှမ်းတဲ့။ဟားဟား ညံ့လိုက်တဲ့အရည်အချင်း။ အခုပြန်စလာပြီလေ BE ဖြစ်ဖို့အရည်အချင်းက ဆယ်တန်းမှတ် 460 တဲ့နောက်နှစ်နော်။ ကွာလိုက်တဲ့အရည်အချင်း။ နံသာဆီ နဲ့ --------။ အဟိနောက်ဆို BE တွေတကယ်တော်တော့မှာပါ။ လေးစားတယ်နောက်BE ကို

      Delete
    4. အပေါ်ကရေးထားတဲ့တစ်ယောက်တော့ သေချာတာတစ်ခုကတော့ ဘီအီး မဟုတ်လောက်ဘူး...ငါလည်းဟုတ်ဘူး...ရေးသာရေးကွာ ငွေကုန်တာမှမဟုတ်တာ...စဉ်းစာကြည့်လိုက်တော့ သူများတွေကိုသာ ဝေဖန်နေတာ ကိုယ်လည်း သူတို့လို ဘီအီးလေးတောင်မရတာ တော်ပါပြီရေးတော့ပါဘူး

      Delete
    5. နောက်လာမဲ့ BE ကိုမှလေးစားပါတယ်ဆိုတဲ့ သေနာကောင် သေချာသိမှရေးဟဲ့ ၃၂၀ နဲ့ခေါ်တုန်းက ဆယ်တန်း ၅ ဘာသာ အခု ၄၆၀ နဲ့က ၆ ဘာသာ နင်တော်တော်လေးစားနေရင် နင့်ညီမတွေရှိတယ်မလား နောက်ဘီအီးတွေနဲ့ ပေးအိပ်လိုက်..သေနာကောင်

      Delete
    6. ကောင်မဘာပဲပြောပြောနင်တို့ လို ၁၀တန်းမှာပုံပြင်တွေသင်လာတဲ့ သူကညံ့တာပဲ
      နင် ၆ ဘာသာမှာ ၄၀၀ ရအောင်ပဲဖြေကြည့်ပါဦး
      နောက် BE တွေကလည်းနင်လာအိပ်ပါဆိုရင်တောင်နင်နဲ့ လာအိပ်မှာမဟုတ်ဘူး
      နင့်ဆီကအညံ့တွေကူးမှာစိုးလို့ သေနာမရဲ့ 

      Delete
  11. First we should determine how sure the data is.

    ReplyDelete
  12. ၀န်ထမ်းဘ၀ ဆိုတာ ဒီလိုတွေပါပဲ အချိန်တန်တော့ အဖြူအမဲ သဲကွဲလာပါလိမ့်မယ်။

    ReplyDelete
  13. ဆဲဆိုသော စာစကားများအား ဖျက်လိုက်ပါတယ်ခင်ဗျား

    ReplyDelete
  14. GTC BE တွေညံ့လိုက်တာတော့ပြောမနေပါနဲ့ တော့ အထူးသဖြင့် English တော်တော်ညံ့ပါတယ်.အထက်တန်းကျောင်းသားအဆင့်လောက်တောင်မရှိဘူး
    English ညံ့ပြီဆိုမှတော့ Technical ပိုင်းကဘယ်လိုလုပ်တော်နိုင်တော့မှာလဲ
    ညံ့တာချင်းတူတူ Promotion ရသွားတဲ့ လူကိုကျန်တဲ့ GTC BE တွေကမနာလိုကြသေးတယ်
    အတူတူပဲ GTC BE မှန်ရင် အသုံးကြတာတစ်ယောက်မှမရှိဘူးGTC ME လည်းတူတူပဲ
    သူတို့ ကိုယ်သူတို့ လည်းသိကြပါတယ် တော်တော်သနားစရာကောင်းတဲ့ ခွေးတိုးပေါက်ကBE တွေ

    ReplyDelete
  15. ဟုတ်ပါ့ဗျာ အခုအရာရှိဖြစ်နေတဲ့ GTC BE တွေ ဦးသောင်းကြောင့်သာ မဟုတ်ရင် ဆိုက်ကားနင်းတဲ့ သူတွေနဲ့ ပဲပြုတ်ရောင်းနေတဲ့သူတွေဖြစ်နေလောက်ပြီ

    ReplyDelete
  16. အမလေးဝန်ကြီး policy ကြောင့် မြောက်နေတဲ့ GTC BEကောင်မတွေ သင်တန်းလေးတစ်ခု.seminor လေးတစ်ခုတက်လိုက်ရရင်ပဲမြောက်ကြွကြွနဲ့ .တစ်ကယ့်နိုင်ငံခြားသားတွေနဲ့ ဆွေးနွေးပွဲဆို
    ခွေးအကြီးလှည်းနင်းနေပြီ ဘာမှမှမတတ်တာ အရင် BE တွေမှီဖို့ ကြိုးစားကျဦးဟေ့ နောက်ထပ် ၁၀နှစ် အကြွေးဇာတ်ကားထဲကလို(၁၀နှစ်……၁၀နှစ်…….၁၀နှစ်)ပြောမည့်သာပြောရတာ ကြိုးစားလွန်းလို့ 
    အသက်ထွက်သွားရင်တောင်မှီမှာမဟုတ်ဘူး…..တနားတယ်…ဟိဟိ

    ReplyDelete
    Replies
    1. အရင် BE ဆိုတိုင်းလဲ အထင်ကြီးလို့ မရ ပြန်ဘူး ၈၈ နောက် ပိုင်း အထူးသဖြင့် ၁၉၉၀ ကစလို့ ၁၉၉၈ နားနီးလေ BE တွေ ညံ့ လာလေပဲ ၁၀ တန်းအမှတ်လေးကောင်းလို့ BE လေးတော့ ဒါရိုက်တတ်ခွင့်ရပါရဲ့ ကျောင်းတွေ ကပိတ်လိုက်ဖွင့်လိုက် နဲ့ ၆ လတစ်တန်းနှုံးနဲ့ အတန်းတက်လာတာ ကို့ကိုယ်ကို အသိဆုံးတွေ နေမှာပါ....ဟာ ဟ ...ဒါတောင် သူတို့ တွေ ကိုတော်လွန်းလို့တဲ့...ခု စက်မှုဝန်ကြီးဌာနမှာ အကြို ၂၀ တွေ ပေါ့ ကောင်းစားနေတာ ...သူတို့ လုပ်သက်က ခုမှ အားလုံးပေါင်း ၄ နှစ်ကျော်ပဲရှိသေးတယ် ...ရာထူးတွေက ဒုညွှန်တွေ လက်ညွှန်တွေနဲ့..နေရာယူထားကြယုံတင်မကသေးဘူး နိုင်ငံခြားကိုတော်လွန်းလို့ပညာတော်သင်လွှတ်ထားပြီးဒီကနေရာထူးထက်တိုးပေးလိုက်တဲ့ ဒေါ်နိုင်နိုင်လင်းဆိုတာရှိသေးတယ်...အဲ...ဒါပေမဲ့ ခုဝန်ထမ်းတွေ ရာထူးတိုးပေးမယ်လုပ်တော့ အနည်းဆုံး လုပ်သက်(၃) နှစ်တဲ့ ...(၃)နှစ် မပြောနဲ့ ၃၀(နှစ်ကြီးသမား)တွေတောင်မပါဘူး...သူတို့လူတွေချည်းပဲခေါသွားတာ....

      Delete
    2. သြော်တယ်လည်းခက်ကြပါလား
      ကိုယ့်ဘာကိုယ်ညံ့တာတော့သိသားပဲ ဟဲဟဲ
      ၁၀တန်းခြေခံတောင်အမှတ်မကောင်းဘဲသူများကိုမနာလိုဖြစ်နေသေးတယ်
      တော်ပြီဟေ့ ခွေးဟောင်တိုင်းထကြည့်ရင်အိပ်ရေးပျက်တယ်

      Delete
    3. GTC BE ဆိုလို့ ပြောရဦးမယ်
      GTC ဆိုတာယခင်က GTI ပေါ့
      ကျွန်မတို့ တုန်းကဆိုရင်၁၀တန်းB နဲ့ အောင်တဲ့ လူတွေတက်တဲ့ဟာပေါ့
      ၁၀တန်းB အဆင့်တွေနဲ့ များအရင်BE တွေကိုဘယ်လိုယှဉ်လို့ ရမှာတုန်း
      ရှက်လည်းမရှက်ကြဘူးဟေ့ ဒါနဲ့ များ ၁၀တန်းအမှတ်လေး ကောင်းတာနဲ့ ဘာနဲ့ ခွေးဟောင်လို့ တောင်မရွေ့ ပါဘူး

      Delete
  17. စက်မှု၁နဲ့၂ ပေါင်းတော့ ၂က လူတွေခံနေ၇တာတော့အမှန်ပဲဗျို့.
    မယားပါသားသမီးဆိုတော့ အလိုလိုက်ခံရတာပေါ့
    ကျွန်တော်တို့ကတော့ လင်ပါသားသမီးပေါ့ဗျာ
    အထိုးခံ အဆူခံနဲ့
    တိုးစရာရှိတော့ သူတို့ပဲတိုးသွားကြ
    နိုင်ငံခြားလည်းသူတို့ကို ပိုဦးစားပေးပေါ့

    ReplyDelete
  18. တခါက အင်တာဗျူးတစ်ခုကို သူငယ်ချင်း(၂)ယောက်အတူသွားဖြေကြတယ်...
    မေး - ဘာ ......... တယ်မို့လား
    ပထမလူ- .................... ပါတယ်
    မေး -...............လား
    ဒုတိယလူ- ............ပါတယ်
    (၂)ယောက်မှ (၁)ယောက် အလုပ်ရသွားတယ် ၂ယောက်တွေ့တော့ပြန်မေးကြတာပေါ့
    ဒုတိယလူ- ............မင်းနဲ့ ............. ဘာ ..........လားမေးတယ်..ငါလဲ ............... ပါတယ်ဖြေလိုက်တာပေါ့.
    ဒါကြောင့်တဲ့ ။
    အော် !!!!!!!!!!
    သိပ်တော်ကြတာလေ..
    ဘယ်လိုတော်တာလဲမသိဘူးဖြစ်နေတယ်..
    တတ်ဖို့မလိုပါဘူး..တော် ဖို့ပဲလိုတာတဲ့.................

    ReplyDelete
  19. ညီဝမ်းကွဲတော်သူတစ်ယောက် GTC တက်ခွင့် ၂၀၀၂ ခုနှစ်တွင်ရခဲ့လေ၏..
    ရိုးကောလ်ပြည့်ရုံသာကျောင်းတက်၏...ဂိမ်းဆော့..ဖွန်ကြောင်ရင်း စာမေးပွဲဖြေ၏...အောင်ပါသည်..
    ထိုနည်းအတိုင်းကျောင်းတက်ခဲ့လေရာ B Tech မှီလေ၏...ထိုနည်းနှင်နှင်ပင် ဆက်တက်လေရာ B E အောင်ရုံသာမက
    M E ပါမှီလေ၏...ဒီကောင်ကပဲ တော်...တော်နိုင်လွန်းတာလား..........ပေါပေါလောလောပဲနိုင်လွန်းတာလား.....စက်မှု(၂)က B E များအဖြေသိကြပေကုန်မည်..........
    တော်ကြပါပေသည်..............

    ReplyDelete
  20. Comment များအား လုံး အား အပြည့် အ၀ ထောက်ခံပါသည်။ :).....:).....

    ReplyDelete
  21. အလကား BE တွေ...အင်ဂျင်နီယာဆိုပြီး မြောက်နေတယ်။ စစ်တပ်ကလူတွေရောက်လာတော့ဘာတတ်နိုင်လဲ သူတို့အထက်ကပဲ-သူတို့ အသုံးမကျလို့ အဘခြင်းထပ်နေအောင်ခေါ်ပြီး ဖားနေကြရတာ မဖြစ်စလောက်တိုးတဲ့ရာထူးလေးကိုဖက်ပြီး ဆက် အဘ ကြဦးလေ ဒါမှ ရထူးလေးမြဲမှာ

    ReplyDelete
    Replies
    1. နင်ကဘာကောင်လဲ စစ်ခွေးလား

      Delete
  22. ဟာဟ အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင်တွေမင်းမူတယ်တဲ့ ကြက်ဆူပင်ကလည်းကြက်ဆူပင်အလျောက်ပေါ့ ကျန်တဲ့သူတွေကလည်း အနှစ်မရှိလို့ခံနေရတာ ရှင်းနေတာပဲ

    ReplyDelete
    Replies
    1. အခုတော့လည်းကြက်ဆူပင်ကိုလှည့်ကြည့်မယ်လူမရှိတော့ဘူးလေ။ သတိထားမိလား။ အလှည့်ရောက်တော့မယ်နော်သတိထား။ ဘယ်အရာမှမတည်မြဲတာ သင်္ခါရတရားပဲလေ။

      Delete
  23. ဟုတ်ပ ကြက်ဆူတောဌာနဆိုပြီး အသစ်ထပ်ဖွင့်ရင်ကောင်းမလားလို့

    ReplyDelete
  24. လုပ်သက်(၄)နှစ်နဲ့ ဒုညွှန်၊ လက်ညွှန်ဖြစ် တယ်ဆိုတော့ နောက်(၅)နှစ်ဆို ၀န်ကြီး၊ ဒုဝန်ကြီး တွေဖြစ်လာမှာပေါ့နော်...ဟတ် ဟတ်(ရီသံ)၊
    မိုးကြရွှေကိုတွေ လောက်တော့ မမြန်သေးပါဘူး၊ လုပ်သက်အများကြီးနဲ့ အိုဆွေးမသွားမှီ အလုပ်ထွက်ပြီး ကိုယ့်ပညာနဲ့ ကိုက်မဲ့ စက်ဘီးပြင်၊ထီးပြင်၊ ဖိနပ်ချုပ် ဆိုင်လေးထောင်စားကြဟေ့၊ အဆင်ပြေရင် ကွမ်းယာဆိုင်လေး တွဲဖွင့်- အိုးမကွာအိမ်မကွာစီးပွားရှာရင်တောင် သူများသွားဖြီးပြပြီး ရမဲ့လခထက်ပိုသေး...ဟေး ဟေး ဟေး

    ReplyDelete
  25. GTC BE များ ညံ့ကြသည်သာမဟုတ်
    BE စစ်စစ်ကြီးများလည်းမတော်ကြပေ။
    မည်သည့်နေရာတွင်မျှ သုံးမရကြပေ။
    ဥပမာ ဆိုရသော်...
    ယခင်စက်မှု(၁) အထည်အလိပ်မှ
    ဒေါ်ကေသီထွန်းဆိုသူသည် ရုံးရောက်လျှင်
    ပုတီးစိပ်သည်၊ တရားစာများရွတ်သည်၊
    ပြီးလျှင် လူတကာမကောင်းကြောင်း၊ ကိုယ်တော်ကြောင်းပြောသည်။
    အလုပ်ကျတော့ လက်ကြောတင်းအောင်မလုပ်၊ လုပ်လဲမလုပ်တတ်။
    သို့သော် ဗုဒ္ဓမြတ်စွာဘုရား၏တန်ခိုးတော်ကြောင့်လားမသိ၊
    ဒုညွှန်မှူးဖြစ်သွားလေတော့၏။ လုပ်သက် (၁၁)နှစ်။
    လုပ်သက်(၄)နှစ်နှင့်စာလျှင်တော့ များစွာနစ်နာသည်ဟုဆိုနိုင်သည်။
    ဒုဝန်ကြီးလောက်တော့ဖြစ်သင့်ပေပြီ။
    ဘယ်နေရာမှာမှ သုံးစား၍မရတာတော့ အားလုံးအတူတူပင်ဖြစ်သည်။
    မည်သူတွေ မည်မျှလောက်အလုပ်များများ ဒေါ်ကေသီထွန်း
    43း0 တွင် ရုံးဆင်းသည်။ သူ့ကို ရာထူးတိုးပေးသွားကြသော
    ယခင် GM အန်တီကြီးနှစ်ယောက်ကိုလည်း တော်တော်လေးစားမိသည်။
    အင်း...........
    ကောင်းစားအုံးတော့မယ် အထည်အလိပ်ရယ်။
    ဒီလိုလူမျိုးတွေနဲ့တော့...............................

    ReplyDelete
  26. လာမည့် ပညာသင်နှစ်တွင် နာမည်ကြီး အသက်မွေးဝမ်းကျောင်းတက္ကသိုလ် အချို့၏ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ကန့်သတ်ချက်
    ကျား မ
    ရန်ကုန်နည်းပညာတက္ကသိုလ် ၅၀၀ ၅၀၄
    ဆေးတက္ကသိုလ်များ ၄၉၀ ၅၀၈
    ရေကြောင်းပညာတက္ကသိုလ် ၄၈၇ ၄၉၇
    မန္တလေးနည်းပညာတက္ကသိုလ် ၄၈၅ ၄၉၇
    ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(အင်္ဂလိပ်စာ) ၄၉၂ ၄၉၂
    အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်) ၄၇၃ ၄၇၃
    ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ဂျပန်စာ) ၄၆၉ ၄၆၉
    သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ ၄၆၉ ၅၀၁
    နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ၄၆၇ ၄၇၀
    ဆေးဝါးတက္ကသိုလ်များ ၄၆၇ ၄၆၇

    ****တွေ့ လားအဲဒါကြောင့်ပြောတာ ဦးသောင်းကြောင့်သာမဟုတ်ရင် GTC BE တွေဆိုက်ကားနင်းတဲ့ သူနင်း ကန်စွန်းရွက်ရောင်းတဲ့ သူရောင်းဖြစ်နေမှာပါလို့ *******

    ReplyDelete
  27. GTC (BE) ငတုံးများ ဖတ်ရဲကြရဲ့လား

    ReplyDelete
    Replies
    1. လူညံ့ပေမယ့်အလုပ်လုပ်ရတာသက်သာတယ်လေ မကောင်းဘူးလား လစာအများကြီးဘဲအပြည့်ရတယ် နောက်ဘ၀ ရောက်မှအလုပ်မလုပ်တဲ့အကြွေးတွေဆပ်တော့မယ်နော်
      အခုတော့အများကြီးသက်သာတယ် ဟိ---ဟိ----ဟိ

      Delete
  28. Facebook မှာ တွေ့တာလေးပါ...
    * မရင့်ကျက်တဲ့သူက သူတပါးကို အပြစ်တင်တတ်တယ်

    * နည်းနည်း ရင့်ကျက်တဲ့သူက ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တယ်

    * တကယ်ရင့်ကျက်သွားတဲ့သူကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူး ... ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်ပြီး ဆက်လုပ်တယ် ...

    သူတပါး အသုံးမကျတာကို အပြစ်တင်နေမယ့်အစား။ မိမိကိုယ်တိုင် အသုံးကျသူဖြစ်အောင် နေသွားမယ်ဆိုရင် အခုလိုမျိုး ဒေါသထွက်စရာတွေ ဖြစ်လာမှာမဟုတ်ပါဘူး...

    ReplyDelete
    Replies
    1. သာဓု ပါတော် သာဓု သာဓု....ဒီ့ထက်မက ပိုပိုပြီးရင့်ပြီး.....ကျက်နိုင်ပါစေ......

      Delete
  29. ဒီလိုပါပဲ..
    အနှစ်မရှိတဲ့ တောမို့လို့လည်း ကြက်ဆူပင်တွေ မင်းမူနိုင်တယ်ဆိုတာ တကယ်မှန်တဲ့ စကားပါ
    ကြက်ဆူတွေကိုပဲ အပြစ်တင်နေကြဦးပေါ့

    ReplyDelete
  30. မနေ့ က ကျွန်တော် sky net မှာ သမ္မတ ကြီးရဲ့ New york ခရီးစဉ်ကိုအစအဆုံးသေချာကြည့်လိုက်ရတယ်ဗျာ..တော်တော် အားရစရာကောင်းတယ်ဗျာ...ပြုပြင်ပြောင်းလဲမှုတွေလဲအများကြီး လက်တွေ့တစ်ကယ်လုပ်နေပြီ...အဲဒီမှာ ကျွန်တော်တစ်ခု သတိထားမိတာဗျာ.. သမ္မတကြီးကအဲဒီနိုင်ငံမှာရှိတဲ့မြန်မာတွေ (နိုင်ငံပေါင်းစုံ ကိုရောက်နေ တဲ့မြန်မာပညာတတ်/လုပ်သား) အားလုံးကိုPR ပေးမယ်တဲ့ဆိုလိုတဲ့သဘောကမြန်မာပြည်မှာလဲနေထိုင် ခွင့်ပေးမယ်နိုင်ငံခြားကိုပြန်သွားချင်လဲသွားခွင့်ပေးမယ်...သူဒီလိုအခွင့် အရေးပေးနေတာသူလိုချင်တာ/ကျွန်တော်တို့နိုင်ငံလိုအပ်နေတာ ပညာတတ်/ရှိတွေပါ..တစ်ကယ်တော်တစ်ကယ်တတ်တဲ့သူတွေကအရင် နိုင်ငံရေးအရှုပ်တွေကြောင့်နည်းမျိုးစုံနဲ့သူတို့ချစ်တဲ့နိုင်ငံကိုစွန့်ပြီးတစ်ခြားနိုင်ငံတွေမှာသွားပြီးအခြေချနေထိုင်နေရပါတယ်..သူတို့လဲကျွန်တော် တို့်မြန်မာပြည်ကြီးကိုချစ်တာပေါ့ဗျာ...ဒေါက်တာတစ်ယောက်ပြောသွားတာရှိသေးတယ်.ကျွန်တော်နားထောင်နေရင်းကြက်သည်းတောင်ထလာတယ်ဗျာအားတတ်သရောပြောနေလိုက်တာ.သူကဒီနိုင်ငံကိုပြန်လာချင်တာဒီနိုင်ငံမှာ နိုင်ငံတကာအဆင့်မှီဆေးရုံဆောက်ပြီးဒီနိုင်ငံမှာပဲဒီလူမျိုးတွေကိုပဲတစ်ကယ် (ဈေးသက်သက်သာသာနဲ့) ဆေးကုပေး ချင်ပါတယ်တဲ့.. ခုအားလုံးသိပြီးသားပါ.သူများနိုင်ငံ(ထိုင်း) ကိုသွားပြီး စားရိတ်အကုန်ခံအောက်ကျခံစိတ်ညစ်ခံ(ဘာသာစကားခက်ခဲမှု) ပြီးဆေးကုသွားကြရတယ်..ဒါကကျန်းမာရေးပါ..အခြေခံပညာရေး/နည်းပညာ ဘက်မှာလဲဒီလိုပဲ...အများကြီးလိုအပ်နေပါတယ်.ဒါ့ကြောင့်သမ္မတကြီးကဒီလိုလူတွေကိုတစ်ကယ်ပြန်လာစေချင်လို့ သူတို့အလိုလိုက်ပြီး (PR)ပေးခွင့်ပြုတာပေါ့ဗျာ..သူဘာကြောင့်လိုအပ်နေတာလဲ.. ကျွန်တော်တို့နိုင်ငံမှာမရှိတော့တဲ့အထဲမှာဒီလိုပညာတတ်လူတန်းစားတွေပါ တယ်လေဗျာ(ဦးနှောက်ယိုစီးမှုပေါ့ဗျာ)..ဒီမှာစဉ်းစားမိတာကသူတို့သူတို့ သာမြန်မာပြည်ကိုချစ်လို့ပြန်လာပြီးဌာနအသီးသီးမှာတာဝန်ယူပြီးမြန်မာပြည်တိုးတက်ရာတိုးတက်ကြောင်းတွေလုပ်လာမယ်ဆိုပါတော့.......ဒီမှာရှိတဲ့တော်ပါတယ်တတ်ပါတယ်ဆိုတဲ့ပညာတတ်တွေဘယ်လိုလုပ်ကြမလဲစဉ်းစား မိကြရဲ့လားဗျာ..တစ်ကယ့်တစ်ကယ်အရည်အချင်းချင်းယှဉ်ပြိုင်ရတော့မယ်ဆိုရင်ဒါတွေကဘူးပေါသလိုပေါ်တော့မယ်ဗျ...အနာဂတ်ဒီမိုကရေစီနိုင်ငံ (တိုးတတ်ဖွင့်ဖြိုးသော/ပြီးပြည့်စုံသောနိုင်ငံ)ဖြစ်လာဖို့တစ်ကယ်တော် တစ်ကယ်တတ်တဲ့သူပဲတစ်ကယ်နေရာရလာတော့မှာ ဗျ..နောင်အနည်းဆုံး၅ နှစ်အတွင်း ဘယ်သူ့ဘယ်သူတွေနေရာရလာမလဲ ဆိုတာသူ့အလိုလိုအဖြေပေါ်လာတော့မှာပါဗျာ....ခုလို commentတွေပေးအချင်းချင်းရန်ထောင်နေကြတာအနည်းဆုံးဒါတွေဝင်ဖတ်ဖို့၂ နာရီ လောက်တော့အချိန်ကုန်သွားပြီဗျ.. ဒါတွေကအပြုသဘောမဆောင်ပါဘူးဗျာ တစ်ကယ့်တစ်ကယ်နေရာရဖို့ကျွန်တော်တို့တွေကိုယ်တိုင်ဘက်စုံတော်နေဖို့ သွေးထားဖို့လိုတယ်ထင်တယ်ဗျာ...သူတို့တွေပြန်လာကြတော့မှာ....
    ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား...

    ReplyDelete
  31. ဟား ဟား ဟား

    ReplyDelete
    Replies
    1. ဟေ့ကောင် စောက်ရူး မင်း က ဒီ စကား ဒီ အဆင့်နဲ့ပဲတန်တယ် ....ကိုတိုင်လဲမလုပ်နိုင် သူများလုပ်တာလဲ ထိုင် ဟား နေသေးတယ်...မင်းလိုကောင်မျိုးတွေ ငါတို့တိုင်းပြည်မှာရှိနေတာ တိုင်းပြည်နာတယ်...

      Delete
  32. သမ္မတကြီးကအရမ်းကိုလေးစားစရာကောင်းတဲ့လူတော်တစ်ယောက်ပါ။ ပြည်သူတွေကိုရင်ဝယ်သားလို့စောင့်ရှောက်လို့အရမ်းကို ချစ်စရာ၊ လေးစားစရာကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်ပါ။

    ReplyDelete
  33. ဖော်ကောင်November 9, 2012 at 12:10 AM

    အနော့နာမည် ဖော်ကောင်ဖြစ်ပါသည်။
    ဖာကောင်းမဟုတ်ပါခင်ဗျား။(အဟိ)
    ဟိုးအပေါ်မှာ ကေသီထွန်းအကြောင်းရေးထားတဲ့ Anonymous ဆိုသူကို
    လူချင်းတွေ့ပါက လည်လိမ်ချိုးပြီး ခေါင်းကိုအုတ်ခဲကျိုးဖြင့်အကြိမ် ၁၀၀ လောက်
    ထုသတ်ချင်ပါသည်။ ဘာကြောင့်ပါနည်း.....................
    မပြည့်စုံ၍ဖြစ်ပါသည်။ ၎င်းက ပုတီးစိပ်ပြီး အတင်းပြောတာလောက်သာရေးထားသည်။
    တကယ်တော့ ပုတီးစိပ်သည်။ တရားစာရွတ်သည်။ အတင်းပေါင်းစုံပြောသည်။
    သူသာ ပညာရှင်ကြီးဖြစ်ကြောင်းကြွားသည်။ ညီမများ နိုင်ငံခြားမှာရောက်နေကြောင်း၊
    မည်မျှအဆင်ပြေကြောင်း ကြွားသည်။ ညီမများပို့လိုက်သောပစ္စည်းများ(ဒီမှာလည်းဝယ်လို့ရပါတယ်)ကိုလည်း
    လူစေ့အောင်ပြသပြီး ကြွားသည်။ ကြွားတကာ့ထိပ်ခေါင် အကြွားပါရဂူကြီးဖြစ်တော့သကိုး။
    အလုပ်ကျတော့ မယ်မယ်ရရဘာတစ်ခုမျှမလုပ်တတ်။ ဘော်လီဘောတော့ အတော်ကျွမ်းကျင်သည်။
    လာသမျှအလုပ်ပုတ်ထုတ်တော့သည်။ ပုတ်ထုတ်တော့ လုပ်စရာမကျန်။ လုပ်စရာမကျန်တော့လျှင် ဂိမ်းကစားသည်။ အင်တာနက်သုံးသည်။ ချက်တင်ရိုက်သည်။ ကွန်ပျူတာရှေ့ထိုင်ပြီး အားရလျှင် 43း0 ရှိပြီ
    ဖြစ်၍ ရုံးဆင်းသည်။ မည်သူ မည်မျှလောက်အလုပ်ရှိနေပါစေ မျက်နှာပြောင်တိုက်ပြီး ပြန်သည်။ အလွန် ပြောင်သော မျက်နှာပါတကား။ အဲဒါ ဒုညွှန်မှူးဖြစ်တော့သကိုး။ ရုရှားပြန်ကြီးခင်ဗျ။ အဲဒါ သူ့ရဲ့တစ်နေ့တာ လုပ်ငန်းများဖြစ်သည်။ နောက်တစ်နေ့ရုံးလားလျှင်လည်း ဒီအတိုင်းသာလုပ်သည်။
    အထည်စကားနဲ့ပြောရလျှင် Recipe မှန်နေတော့သည်။ ဆေးမကျွတ်တော့(အဟတ်)။ တစ်ခုတော့ တောင်းပန်ချင်ပါတယ်။ အနော့ထက်ပိုသိသူများရှိပါက အနော့ကို လည်လိမ်မချိုးပါနဲ့ခင်ဗျာ။
    အနော် ထပ်စဉ်းစားလို့ရတာရှိရင် ရေးပါအုံးမယ်။ စောင့်ဖတ်ကြပါ သူတော်ကောင်းတို့........................
    နတ်လူသတ္တ၀ါအားလုံး မျက်နှာပြောင်ဘေးမှ ကင်းဝေးကြပါစေ၊ (အဲလေယောင်လို့)
    ကိုယ်စိတ်နှစ်ဖျာချမ်းသာကြပါစေ။(ဟီးဟီး)

    ReplyDelete
    Replies
    1. မှန်လိုက်တာ ကိုဖာကောင်ရယ်...အဲ..ဖော်ကောင်ရယ်..ကိုယ့်လူရဲ့ ဒေါ်ကေသီတွန်းလို(ဘော်လီဘောတင်မက အတွန်းပါကျွမ်းသည်) မိန်းမတွေ က သည်ဝန်ကြီးဌာနမှာ အများကြီး နေပြည်တော်မှာတင် စုပြီး KTV ဖွင့်လို့ရတယ်ကွ...

      Delete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.