Sunday, September 2, 2012

0 သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဥက္ကဋ္ဌဟောင်းများ တွေ့ဆုံ

Photo..Hla maung shwe Facebook
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဥက္ကဋ္ဌဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ရန်ကုန်မြို့ ကမာရွတ် မြို့နယ်၊ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ ခြံအမှတ် ၁၃ တွင် Peace Centerတွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံးဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဋ္ဌဟောင်းများ ဖြစ်ကြသည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်နှင့် ၎င်းအဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင် ဦးဇာဂနာတို့ ပါဝင်ကြောင်း သိရသည်။

''ကျွန်တော်အားလုံးအစိုးရနဲ့ လက်တွဲဆောင်ရွက်သွားမယ်။ အစိုးရကလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲ ဆောက်ရွက်မယ်။ အားလုံး ရှေ့ကို ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးတွေကို အတူတူ လက်တွဲဆောင်ရွှက်မယ်ဆိုတဲ့ သဘောတူညီချက်တွေ အမြင်တွေ ရှိပါတယ်''ဟု ဆွေးနွေးပွဲအပြီးတွင် ကိုမိုးသီးဇွန်က ပြောကြားသည်။

ပြည်ပမှာရှိတဲ့ ညီအစ်ကိုမောင်နှမများအားလုံး ပြန်လာရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ပညာရှင်အားလုံးအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေနှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေးရရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက် သွားဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် အဓိက တိုင်းရင်းသားအရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများအား ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်းသာ အကြမ်းဖျင်း ပြောကြားခဲ့ပြီး တွေ့ဆုံမှု အသေးစိတ်အား စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင်ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲ တွင် ဖြေကြားမည်ဖြစ်ကြောင်း ကိုမိုးသီဇွန်က မေးမြန်းမှုများ အား ပြန်လည်ဖြေကြားခဲ့သည်။

Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.