Saturday, September 8, 2012

0 ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ကြေညာချက်ထုတ်ပြန်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ မကဒတ(မြောက်ပိုင်း) အဖြစ်အပျက်နှင့်ပတ်သက်၍ မကဒတ (ကျောင်းသားတပ်မတော်)ဗပိာုကော်မတီမှ စက်တင်ဘာလ ၇ ရက်နေ့တွင် ကြေငြာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် ၁၉၉၂ ခုနှစ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်)၏ မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသော ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့အဖွဲ့အစည်းအနေဖြင့် ထပ်တူဝမ်းနည်းသကဲ့သို့ ယင်းကဲ့သို့ ဖြေရှင်းဆောင်ရွက်မှုများအပေါ် အလေးအနက် တောင်းပန် ကြောင်း ဖော်ပြခဲ့သည်။

ယင်းအဖြစ်အပျက်များသည် မကဒတ(ကျောင်းသားတပ်မတော်)၏ သမိုင်းရေးဆိုင်ရာကိစ္စရပ်များဖြစ်ပြီး မိမိတို့ အဖွဲ့အစည်းအတွင်း မည်သည့် အခါမှ မမေ့ပျောက်နိုင်မည့် သမိုင်းတစ်ခုဖော်ထုတ်နိုင်ရေးအတွက် အစဉ်တစ်စိုက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် မကဒတ(ကျောင်းသားတပ်မတော်) ဗပာိုကော်မတီ အစည်းအဝေး (၁/၂၀၁၂) ဆုံးဖြတ်ချက် အမှတ် (၂)အရ အမှန်တရားနှင့် တရား မျှတမှု ဖော်ထုတ်နိုင်ရေး အလုပ်အဖွဲ့အား ၂၀၁၂ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖွဲ့စည်းတာ ဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေး အလုပ်အဖွဲ့အနေဖြင့် သမိုင်းစာမျက်နှာပေါ်တွင် အကြောင်းနှင့် အကျိုးဆိုင်ရာ ဖြစ်ရပ်မှန်များကို စုံစမ်းဖော်ထုတ်နိုင်ရေး၊ ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေး၊သက်ဆိုင်သူများအားလုံးနားလည် ကျေနပ်မှုနှင့် ပြန်လည်သင့်မြတ်မှုရရှိရေး၊ မကဒတ၊ ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ခိုင်မာသော စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းတည်ဆောက် သွားနိုင်ရေး၊ အနာဂတ် မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး စသည့်ရည်မှန်းချက်များနှင့်အညီ လုပ် ဆောင်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှုများ ပေါ်ထွန်းလာနိုင်စေရေးအတွက် သက်ဆိုင်သူများ အားလုံး ပူးပေါင်းဖြေရှင်းရန်လိုအပ်ကြောင်းနှင့် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အလေးအနက် တိုက် တွန်းကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.