Saturday, September 15, 2012

0 စစ်ကိုင်းဒေသကြီးသို့နောက်နောင်မလာရခံဝန်ချက်ဖြင့်ကိုဝေဠုလွတ်မြောက်ပြီးအိမ်ပြန်

ကိုဝေဠုနှင့် သူ့ ရဲ့ မိခင်နှင့်တွေ့ ရစဉ်
ယနေ့ လွတ်မြောက်လာသော မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့သည် ၈၈မျိုးဆက်ကျောင်းသားများ၏ အာမခံချက်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်ပြီး ယမန်ပြည့်မည့် စက်တင်ဘာ(၂၄) ရက်နေ့တွင် တရားစွဲဆိုထားမှုကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထို့အပြင် ချောင်းဦးမြို့နယ်ရဲစခန်းမှလွတ်မြောက်လာသောလက်ပံတောင်း ကြေးနီစီမံကိန်းအရေးလှုပ်ရှားသူ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဝေဠုသည်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ နောင်နောင် မလာရဟူသော ခံဝန်ချက်ဖြင့် လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
မသွဲ့သွဲ့ဝင်း လာကြိုဆိုနေသူများကို လက်ပြနှုတ်ဆက်
(ThanLarWaddy Times)
Photo..တင်ထွဋ် ပိုင်,AUNG NAY MYO Facebook
၁၄၊ ၉၊ ၂၀၁၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် လက်ပံတောင်ကြေးနီစီမံကိန်းအရေးတွင် အဖမ်းခံရသူ ၀က်မှေးရွာသူ ၃ ဦးဖြစ်ကြတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက် တို့ လွတ်မြောက်လာတဲ့အတွက် မိမိရပ်ရွာသို့ လိုက်လံပို့ဆောင်ခဲ့ကြ။

ထိုသို့ လိုက်လံပို့ဆောင်တဲ့အခါ ကိုဂျင်မီ၊ ကိုမျိုးသန့် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများ(ပွင့်လင်းလူ့အဖွဲ့အစည်း)၊
ကျောင်းသားသမဂ္ဂအထက်မြန်မာပြည်(မုံရွာခရိုင်)၊ဗကသ(ရန်ကုန်)၊ဗကသ(မန္တလေး)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ဆားလင်းကြီးမြို့နယ်၊ ကနီမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်မှပြည်သူလူထုများ ပါဝင်ပါသည်။

မအေးနက်၏ မိခင်နှင့် မွေးစားမိခင်ကတော့ " သမီး အဖမ်းခံရတဲ့အတွက် ၀မ်းလဲနည်းတယ်၊ လွတ်မြောက်လာတဲ့အတွက် ၀မ်းလဲသာတယ် "လို့ ပြောပါတယ်။

အေးမြမြလွင်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုံရွာမြို့နယ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.