မင်္ဂလာပါ သမ္မတကြီး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ခင်ဗျား
လက်ရှိအစိုးရ၏ ကောင်းမွန်သော အပြောင်းအလဲတချို့ကို တွေ့ရှိခဲ့လို့ ၀မ်းသာကြည်နူးခဲ့ရသလို ယခင် စစ်အစိုးရ လက်ထက်ကအတိုင်း အချို့သော ကိစ္စရပ်များဖြစ်ပွားနေဆဲ တွေ့ရှိခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။
သမ္မတကြီး ဦးဆောင်၍ လက်ရှိ အစိုးရ အနေဖြင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်အောင် အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ထားတယ်လို့ သိရပါတယ် ။
တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၇၄၀၀၀ ကျော်ဖြင့် စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနနှင့် Mother Industrial တို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် သဘောတူစာချုပ်ကို ကြည့်ရှုလျှင်ထိုနောက်ကွယ်တွင် အလွန်ကြီးကျယ်သော လာဘ်ပေးလာဘ်ယူမှု ရှိနေသည်ကို ရိုးရိုး ပြည်သူလူထုပင် အလွယ်တကူ နားလည်နိုင်ပါသည်။
ထို့ကြောင့် လက်ရှိ အစိုးရ အနေဖြင့် လာဘ်ပေးလာဘ်ယူမှု အမှန်တကယ် ပပျောက်စေချင်ပါလျှင် ယခုကိစ္စကို စံပြအနေဖြင့်သေချာစွာ စုံစမ်း၍ ထိရောက်စွာ အရေးယူပေးပါရန် နိုင်ငံသား တဦးအနေဖြင့် လေးစားစွာ တိုင်ကြားအပ်ပါသည် ။
ကျွန်ူပ်တို့ တိုင်းပြည် ဘဏ္ဍာကို တရားဝင်ဗြောင်ကျကျ လိမ်လည်လှည့်ဖျားကာ ကိုယ်ကျိုးစီးပွား အတွက် အသုံးချနေသည့် ၀န်ထမ်းများနှင့်စီးပွားရေး လုပ်ငန်းရှင်များကြောင့် ပြည်သူလူထု မှာ ပိုမို ဆင်းရဲမွဲတေလာကြခြင်း ဖြစ်ပါသည်။
ကျွန်ူပ်တို့ တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုး တိုးတက်စေလိုသည့် အစိုးရ မှန်ခဲ့ပါလျှင် ၀န်ကြီးဌာနများနှင့် စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်းကာ တိုင်းပြည်ကို နွံထဲက ရုန်းမထွက်နိုင်အောင် လုပ်ဆောင်နေသည့် လာဘ်ပေးလာဘ်ယူမှုများကို အမြန်ဆုံးအရေးယူပေးပါရန်လေးစားစွာ မေတ္တာရပ်ခံလိုပါတယ် ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်