“မသွားဖြစ်တော့ဘူး၊ မသွားဖြစ်တော့ဘူး။ မသွားဖြစ်တော့ဘူး ဆိုတာပတ်စ်ပို့ ကိစ္စပေါ့ဗျာ။ သူက တခြားလူတွေပါ မရလို့ ဆိုပြီး မယူဘူးလေ။၈၈က နှစ်ဆယ်လောက်တင်ထားတာကိုး။ပိုင်းပိုင်းပြီးတော့ ပေးနေတယ်ဗျာ။ တစ်ယောက်ချင်းစီပေးနေတော့ မယူကြဘူး။ ကိုမြအေးတို့  ကိုကိုကြီးတို့ လည်းမယူဘူး။ မူ တစ်ခုအနေနဲ့ ဘဲ လုပ်စေချင်တယ်လေ”" ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။"
(၈၈ ကျောင်းသား ဌေးကြွယ်၏ ဘီဘီစီ မြန်မာပိုင်းသို့  ပြောကြားချက်)
နောက်ဆုံးရရှိတဲ့သတင်းအရ ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ကိုမာကီး၊ ကိုသက်
ဇော်(ခ)ဇောက်ထိုး တို့နဲ့DVB သတင်းထောက် တစ်ဦးတို့ဟာမနက်ဖြန်မှာ တိုက်ပွဲပြင်းထန နေတဲ့် ဖားကန့် ဒေသ နှစ်ဘက်တိုက်ပွဲကြားထဲကိုဝင်ကြတော့ မှာဖြစ်ပါတယ်။
အဲဒီနေရာမှာ ဒေသပေါင်းစုံက အလုပ်လာရောက်လုပ်ကိုင်နေသူပေါင်း တစ်သိန်းခွဲကျော် ပိတ်မိနေပြီး ဒုက္ခသည် တွေလည်းရှိနေတဲ့အတွက် သူတို့တွေအတွက်၊စစ်ကိုရပ်တန့်စေ ရေးအတွက် ဒီလိုလုပ်ရတာပါလို့၈၈ မျိုးဆက်ကျောင်းသားများကဆိုပါတယ်။
လိုအပ်ရင် ကချင်လူထုနဲ့အတူ စစ်တလင်းထဲမှာ လူထုရှေ့က မားမားမတ်မတ်ရပ်ပြီးအသေခံသွားကြ မယ်လို့ပြောပါတယ်။
ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။
By- Aung Thu Ra
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်