Sunday, September 9, 2012

0 ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူအကြီးအကဲတဦး ဦးဥတ္တမရင်ပြင်ပေါ် ဖိနပ်မချွတ်ဘဲတက်


ဒီပုံကိုမတင်ချင်လည်းတင်လိုက်ပါတယ်။မတင်ပြန်ရင်လည်း မကောင်းဘူး၊ တင်ရင်လည်းမကောင်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တင်သင့်တယ်ထင်လို့ တင်ပေးလိုက်ပါပြီ။ ဒီကနေ့ ၉-၉-၂၀၁၂ မှာ ကျရောက်တဲ့ ၃၇နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုပန်းခွေချရာတွင် ၄င်းအသင်းမှ တာဝန်ရှိသူအကြီးအကဲတစ်ယောက်က ဦးဥတ္တမရင်ပြင်ပေါ်တွင် ဖိနပ်မချွတ်ပဲ တက်ရောက်ခဲ့သည်။ ပုံတွင်ကြည့်ပါ။

ဦးဥတ္တမရင်ပြင်ပေါ်ကို ဖိနပ်မစီးပဲ တက်သင့်တယ်ဆိုတာ ကလေးက အစသိပါတယ်။ ဘုရားရဲ့သားတော်တွေလို့ပြောတဲ့ သဃာံတော်အရှင်သူမြတ်တွေတောင်မှဆရာတော်ဦးဥတ္တမရဲ့ ဂုဏ်သိက္ခာကိုလေးစားလို့ ဖိနပ်ချွတ်ပြီးမှ တက်ရောက်ကန်တော့ပူဇော်ကြပါတယ်။

ဖိနပ်မချွတ်ပဲတက်ရောက်တဲ့သူဟာ ပညာတတ်အသိုင်းအ၀ိုင်းထဲကတစ်ယောက်ဖြစ်ပြီး ဒီစစ်တွေမြို့မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်

D nwe oo

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.