Tuesday, September 11, 2012

1 မပြောတော့ဘူးလို့နေတာ လွန်အားကြီးလာပြီ

ကျွန်တော်တို့တစ်တွေ ခရီးထွက်ခဲ့စဉ်က နောက်ဆုံးခရီးစဉ် မင်းဘူး ၊ ပွင့်ဖြူ ၊ စကု ၊ ငဖဲ ဘက်တွေကို ရောက်တယ်။ တရုတ်နိုင်ငံကို သွယ်တန်းမယ့် ရေနံ နဲ့ သဘာဝဓာတ်ငွေပိုက်လုံး လမ်းကြောင်းကြီးကိုတွေ့တော့ ဘယ်သူတွေ ဘယ်လိုပဲ ခံစားရ ခံစားရ ၊ ဘယ်သူတွေ ဘယ်လိုပဲ အမြင်ရှိရှိ။ ကျွန်တော့်အမြင်ကတော့ ဒီရေနံပိုက်လိုင်းဟာ အာဖရိက ကနေလာမယ်။ မြန်မာပြည်ကို ကြားခံထားပြီး တရုတ် နိုင်ငံ ကိုသယ်မယ်။ ဒါဟာလည်း တံဆာခံတစ်ခုပဲ။

ကိုယ့်နိုင်ငံ ခရိုင်ပြည်က ထွက်တဲ့ ဓာတ်ငွေ့တွေကိုလည်း တရုတ်ပြည်ကိုပဲ သယ်မယ်။ ပိုက် နှစ်လိုင်းပြိုင်နဲ့လာတာ။ အဲဒီမှာကြည့် ကိုယ့်ပြည်မှာ သယံဇာတတွေ ပိုလွန်း လျှံလွန်းနေလို့ နိုင်ငံခြားကို ပို့နေတာလား။ ဒီဓာတ်ငွေ့နဲ့ ရခိုင်ပြည်နယ် မီးလင်းရေးကိုတောင် လိုက်လျောမပေးနိုင်ဘူး။ ဒီပိုက်လိုင်းကို ကြည့်ပြီး တစိမ့်စိမ့်ရင်နာတယ်။ ခံစရာရှိရင် မြန်မာပြည်သူ ခံရမယ်။ အသုံးချမှာက တရုတ်။ နေရာတကာ တရုတ် နဲ့ ကုလား ကိုပြောနေရတာ။ မဟုတ်တော့ မဟုတ်သေးဘူး။ တရုတ် ၊ ကုလား လူပါးဝတာဆန်းသလား ။ ကိုယ်တွေလည်း ၀လို့ ရရင် ၀ကြမှာပဲ ။ အ၀ခံနေသူသာ ငနွား။ မဟုတ်လေသလား။ ဒီပိုက်လိုင်းကြီးကို ပြဿနာရှာဖို့ နိုင်ငံရေး သမားတွေ စိတ်ကူးမိချိန်မှာ ဘင်္ဂါလီအရေးက ပေါ်လာတယ်။ရိုဟင်ဂျာဆိုပြီးဟိုအရေးဒီအရေးနဲ့ဒီကိစ္စကြီးကတိမ်မြှုပ်သလို ပျောက်ကွယ်သလို ဖြစ်သွားလေရော။

ဒီကိစ္စအတွက် မပြောချင်လွန်းလို့ကို မပြောဘဲ ကြိတ်မှိတ်နေတယ်။ အခုလည်းကြည့်ဦး ကြေးနီတောင် စီမံကိန်း။ ဘုရား နဲ့ တရား နဲ့ ဘာသာသာသနာကို တန်ဖိုးထားတဲ့ မင်းကောင်းမင်းမြတ်တွေတဲ့လား ။ ဒေသခံတွေက သမိုင်းအစဉ်အလာကို ထိန်းသိမ်းဖို့ ဒီကိစ္စကြီးကို ခုခံတားမြစ်တယ်။ ကိုယ်ကျိုးစီးပွားတွေ ပါလာတော့ ဘုရားလည်း နားမလည် ၊ တရားလည်း နားမလည် ဖွံ့ဖြိုးရေးလို့ အကြောင်းပြ ဦးမှာပဲလား။ ဟင် ။ လူပါးဝတဲ့သူရဲ့ အပစ်မဟုတ်ဘူးဗျ ။ သယံဇာတတွေ ထုတ်ရောင်းပြီး တိုင်းပြည်ချမ်းသာဖို့ မဟုတ်ဘူး။ ကိုယ်ကျိုးစီးပွား ရှာနေတဲ့ သူတွေကိုပဲ အပြစ်ပြောရမှာ ။ ဖွံ့ဖြိုးရေး အကြောင်းပြပြီး ရောင်းလာလိုက်တာ နေရာတကာ တရုတ် . . . တရုတ် နဲ့ လက်ညှိုးထိုး မလွဲ တရုတ်တွေ သဲသဲလှုပ်နေပြီ ။ မြန်မာပြည်ဟာ တရုတ်ပြည်ရဲ့ နောက်ဖေးလမ်းကြားလို့ ပြောတယ်။ တရုတ် ပြည်မကြီး သာယာစိုပြေ အသုံးဝင်တာတွေ ရရှိစေဖို့ ဟောဒီမြန်မာပြည်ကို အုပ်ချုပ် မင်းလုပ်နေသူတွေက ကိုယ့်ဖင် ကိုယ်သတ်ပင်းရုံမဟုတ်ဘူး။

မပြောချင်တော့ဘူးဆိုတာ ပြောလည်း ထူးမလာလို့ ။ ထူးမလာလည်း စိတ်ဖြေရာပေါ့။ ဒီပိုက်လိုင်းကြီး ဖြတ်သန်း သွားတဲ့ နေရာဒေသတွေက ဒေသခံပြည်သူတွေဟာ ငွေတွေမြင်လို့ အားတက်သရော ရှိတာကလွဲပြီး စိတ်ချမ်းသာကြတယ်ထင်လား။ သူတို့လည်း ထိုနည်း၎င်းပဲ ။ ပြောလို့လဲ မရဘူး ။ ပြောလည်း မထူးတဲ့အတွက် ရသင့်ရထိုက်တဲ့ ငွေလေးတော့ ရအောင် ယူကြရတာပဲ။ ဒီကြားထဲမှာပဲ ဖြတ်ဝိုက်တာ ခံရလို့ ရှင်းမရတဲ့ ပြဿနာတွေက ရှိသေးတယ် ။ ပြင်ပ နိုင်ငံရေးသမားတွေ ပြောတော့သာ တို့မီး ရှို့မီး လို့ စွပ်စွဲကြတာ ။ လွှတ်တော် တက်နေသူတွေ တို့မီး ရှို့မီး မလုပ်ဘဲ နတ်ကရာ ကြည့်မော လုပ်နေရင် ထူးလာဦးမှာလား။

ရခိုင် လူမျိုးတော့ မဟုတ်ဘူး ။ ရခိုင်က ထွက်တဲ့ ဓာတ်ငွေ့ ရခိုင်တွေ သုံးခွင့်မရတဲ့အတွက်တော့ ရင်နာတယ်။ ပတ်ခြာလည် တိုင်းပြည် တွေ မြန်မာအပေါ် ဘယ်လောက်လူပါးဝသလဲ စဉ်းစားကြည့်ကြစမ်းပါ။ နယ်စပ်ဒေသတွေမှာ ပြည်တွင်းကို လုံးဝအားမကိုးဘူး။ အားကိုးလို့လည်း မရဘူး။ မြန်မာပြည်က ဂစ်ကို ထိုင်းက ၀ယ်တယ်။ ဘိတ် ၊ ကော့သောင်း ဘက်ကလူတွေက ထိုင်းဘက်က ဂစ်ကို ပြန်ဝယ်သုံးရတယ် ။ မြန်မာ အစိုးရ ဥိးနှောက်က ဖြုတ် ဦးနှောက် သာသာပဲရှိတယ်။

လေကြီး မိုးကြီး စကားကြီး စကားကျယ်တွေနဲ့ လုပ်နေလိုက်ကြတာ တရုတ်နဲ့ သင့်မြတ်ဖို့အရေး ရောင်းစရာတွေက မရှိ မရှား ဖြစ်ဖြစ် လာပြီ။ လူမသိ သူမသိ လုပ်စရာ နေရာလည်း မကျန်တော့ဘူး ။ လူသိထင်ရှား လုပ်ကိုင်လာကြတော့ လူတွေ ဖြစ်တဲ့ ပြည်သူတွေကလည်း မနေသာတော့ဘူး။ အုတ်နံရံမှန်းသိလည်း ခေါင်းနဲ့ ၀င်စောင့်နေကြရပြီ ။ ပြည်သူကိုတော့ မညှာဘူး။ ဘယ်တုန်းကမှလည်း ညှာရိုး ထုံးစံမှ မရှိခဲ့တာ။ လုပ်ချင်ရာ လုပ်လို့ရဖို့ပဲ ရည်ရွယ်တယ် ။ ထိန်းမရတဲ့ နိုင်ငံရေးသမားကို စိအုံး မှာပဲ။ အရင့်အမာ နိုင်ငံရေးသမားကြီးတွေကို အစာကျွေး ရေတိုက် လုပ်လိုက်ပြီးတဲ့ အချိန်မှာ ပြောစရာတော့ မြင်ရဲ့ ။ နေရာ တကာ မပြောတော့ဘူး ။

ကုန်မှာပဲ မြန်မာပြည် ။ တရုတ်ပြည်ရဲ့ နောက်ဖေးလမ်းကြား ။ ကုလားပြည်ရဲ့ မိလ္လာတွင်း ။ ယိုးဒယားရဲ့ ခြေဆေး ခွက် ။ လူပါးဝသူ အပြစ် မဟုတ်ဘူး ။ နွားသားကျသူတွေရဲ့ အပြစ်။

နောင်တော်လေး

1 comment:

  1. ကျနော်လဲမပြောချင်ပါဘူး၊ကြေးနီတောင်စီမံကိန်းမှာ နိုင်ငံထဲကပြည်သူတွေကို အစိုးအနေနဲ့ ဘာကြောင့်၊ဘယ်လို ဆိုတဲ့ အသိလေးတော့ပေးသင့်ပါတယ်။ ဒီလိုလုပ်နေတာဟာ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို မရောက်သေးဘူးဆိုတာ မီးမောင်းထိုးပြနေတာပဲ။ ဒီလောက်ပါပဲ၊ ငြိမ်းချမ်းရေးဆီ ဦးတည်လျှောက်လှမ်းနိုင်ကြပါစေ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.